Showing posts with label ထားဝယ်သတင်း. Show all posts
Showing posts with label ထားဝယ်သတင်း. Show all posts

Thursday, October 11, 2012

ထားဝယ်သားကိုယ်တိုင်တီထွင်ဖန်တီးထားသောဂိမ်း

                                      
ကမ်းရိုးတန်းသစ္စာဘလော့ရေးသူ
 ထားဝယ်သားကိုယ်တိုင်တီထွင်ဖန်တီးထားသော အလွယ်ကူဆုံးနဲ့အခက်ခဲဆုံးဂိမ်းတစ်ခုပါ
သက်ရှိနဲ့သက်မဲ့ပေါင်းစပ်ဆော့နိုင်တဲ့ဂိမ်းတစ်ခုလဲဖြစ်ပါတယ်
အင်စတောလဲမောင်းစရာမလိုပါဘူး။

ဂိမ်းဆော့ရန်လိုအပ်သာပစ္စည်းများ
အိမ်မြှောင်တစ်ကောင်ကိုဖမ်းထားရပါမယ်
အိမ်မြှောင်ကိုယဉ်ပါးအောင်လေ့ကျင့်ပေးရမယ်
အိမ်မြှောင်ယဉ်ပါးလာပြီဆိုရင် ကွန်ပျူတာဖန်သားပြင်မှာလွှတ်ထားရပါမယ်
ဒါဆိုရင်ဆော့လို့ရပါပြီ  ဖန်သားပြင်ပေါ်ကိုရောက်နေတဲ့အိမ်မြှောင်လေးဟာမောက်
နောက်ကိုလိုက်ပြီးဆော့နေပါလိမ့်မယ်။

အိမ်မြှောင်မရှိယင် ဆော့ဖို့ခက်ပါတယ်
အိမ်မြှောင်ရှိတော့လွယ်ပါတယ်
ကမ္ဘာပေါ်တွင်ပထမဆုံးသောသက်ရှိသက်မဲ့ပေါင်းစပ်ပြီးဆော့လိုရတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။



Sunday, January 22, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးခရီးစဉ်အဖြစ် ထားဝယ်၊ မန္တလေး၊ ပုသိမ်မြို့များသို့သွားမည်

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အား ဂျွန်မက်ကိန်းနှင့် အမေရိကန်အထက်လွှတ်တော်အမတ်များကိုတက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ယနေ့ညနေ ၄ နာရီမှ ၅ နာရီအထိ တစ်နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ကြပြီတွေ့ ရစဉ်
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်- ဇန်န၀ါရီ ၂၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံရေးခရီးစဉ်အဖြစ် လာမည့်ဇန်န၀ါရီ ၂၉ရက်တွင် ထားဝယ်မြို့သို့ သွားရောက်မည်ဖြစ်သည်။
နှစ်ပတ်အတွင်း နိုင်ငံရေးခရီးစဉ်၃ကြိမ်ထွက်ရှိရန်ရှိပြီး ထားဝယ်ခရီးစဉ်ပြီးလျှင် ဖေဖ၀ါရီ ၄၊၅ ရက်တွင် မန္တလေးမြို့သို့သွားရောက်မည်ဖြစ်သည်။ ဖေဖ၀ါရီ ၇ရက်တွင် ပုသိမ်မြို့သို့နေ့ချင်းပြန်ခရီးသွားရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှသတင်းရရှိသည်။ အဆိုပါခရီးစဉ်အတွင် သတင်းဌာနများကိုလည်း မိမိတို့အစီအစဉ်ဖြင့် သတင်းလိုက်ပါယူနိုင်ရန် ဖိတ်ကြားထားသည်။