Friday, September 28, 2012
အရမ်းစပ်တဲ့ ထားဝယ်ငါးပိထောင်းလုပ်နည်း
အရမ်းစပ်တဲ့ ထားဝယ်ငါးပိထောင်း
အရမ်းစပ်တဲ့ ထားဝယ်ငါးပိထောင်း အတွက် လိုအပ်တာလေးတွေ...
  1. ဖုတ်ထားသော (သို.) microwave ထဲ စက္ကန်. ၂၀ ခန်.ထည့်ထားသော စိမ်းစားငါးပိ - ထမင်းစားဇွန်း ၄ ဇွန်း
  2. ပုဇွန်ခြောက်မှုန်. - ထမင်းစားဇွန်း ၆ ဇွန်း
  3. ငရုတ်သီးစိမ်း - ၁၁ တောင့်
  4. ကြက်သွန်ဖြူ - ၅ တက်
  • ကြက်သွန်ဖြူကို ဦးစွာထောင်းပါ။
  • ပြီးလျှင် ငရုတ်သီးစိမ်းကို ဓါးနှင့် ၃၊၄ ပိုင်းဖြတ်ပြီး ထည့်ထောင်းပါ။
  • ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်း အတော်လေးညက်လျှင် ငါးပိ နှင့် ပုဇွန်ခြောက်မှုန်.ကို ထည့်ကာ ၂ မိနစ်ခန်.သေသေချာချာဖိထောင်းပြီးလျှင် အရမ်းစပ်တဲ့ ထားဝယ်ငါးပိထောင်း စားရန် အသင့်ဖြစ်ပါပြီ။
ပဲပင်ပေါက်၊ ပိန္နဲသီး သနပ်သုပ် (ထားဝယ်)
မစားရတာကြာပြီ ဗိုက်တောင်ဆာလာပြီ ဒါကစားစရားနည်းပညာလေ အလွမ်းပြေကြည့်လိုက်ကြ
ပဲပင်ပေါက်၊ ပိန္နဲသီး သနပ်သုပ် (ထားဝယ်)
အသီး၊ အရွက်လေးတွေ ပြုတ်ရအောင်...
  1. ပဲပင်ပေါက် -တရုတ်ပန်းကန်လုံး ၆ လုံးခန်.
  2. ပိန္နဲသီး -၁ ဗူး (အရည်များသွန်ကာ ခပ်သေးသေးဖဲ့ရွှဲ.ထားပါ။)
  3. ၁ လက်မအရှည်ခန်. ဖြတ်ထားသော ပဲသီး - တရုတ်ပန်းကန်လုံး ၃ ပုံ ၂ ပုံခန်.
  4. ကြက်သွန်နီ - တရုတ်ပန်းကန်လုံး ၃ ပုံ ၂ ပုံခန်.
  5. မန်ကျဉ်းသီး အနှစ် - ထမင်းစားဇွန်း ၂ ဇွန်း
  6. ငပိ - ထမင်းစားဇွန်း ၁  ဇွန်း
  7. ဆား - ထမင်းစားဇွန်း ၁ ဇွန်း
  8. ရေ - 1000 ml
  • ရေ (1000 ml) ထဲသို. ငပိ ( ထမင်းစားဇွန်း ၁ ဇွန်း)၊ ဆား ( ထမင်းစားဇွန်း ၁ ဇွန်း) နှင့် မန်ကျဉ်းသီးအနှစ် ( ထမင်းစားဇွန်း ၂ ဇွန်း) ကို ထည့်ပါ။.....
Wednesday, September 26, 2012
ဂျာမနီတွင် Internet Explorer အသုံးပြုခြင်းအား ယာယီတားမြစ်
ဂျာမနီနိုင်ငံတွင် စက်တင်ဘာလ ၁၈ ရက်နေ့မှ စပြီး ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့သည်။ ယင်းမှာ Internet Explorer အသုံးပြုခြင်းအား ရပ်တန့်ထားရန် ဖြစ်ကြောင်း သိရသည်။
ဂျာမနီ ပြန်ကြားရေး ဝန်းကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက် ဖြစ်သည်။ ဂျာမနီတွင် Microsoft မှ ထုတ်သမျှ Internet Explorer ဗားရှင်းတိုင်း တွင် ပြဿနာတက်နေပြီး အသုံးပြုမိပါက မိမိအကောင့်၊ ဝဘ်ဆိုဒ်၊ အချက်အလက်၊ လျှို့ ဝှက်နံပါတ်များအား ဟက်ကာတို့တွက် အလွယ်တကူ ရယူစေသလို ဖြစ်နေကြောင်း သိရသည်။
Browser ၏ Security layer ပေါက်ကြားခြင်းဖြစ်ပြီး ယင်းအတွက် Internet Explorer မှ ပြန်လည်ဖာထေးနိုင်သော နည်းလမ်း ရှာဖွေလျက် ရှိကြောင်း သိရသည်။...
Thursday, September 20, 2012
iPhone 5 ပြည်တွင်းမှာ အသုံးပြုလို့ မရသေး
အိုင်ဖုန်းဖိုက်ရဲ့အိပ်မက်တွေဟာ ဆင်းကဒ် မှာတင် ရပ်တန့်သွားရ
---------------------------------------------------
Myanmar ICT ဂျာနယ်၏ အကြံပေးချက် iPhone 5 ပြည်တွင်းမှာ အသုံးပြုလို့ မရ
iPhone 5မှာ အသုံးပြုထားတဲ့ Nano-SIM cardဟာ ယခု လက်ရှိ ပြည်တွင်းမှာ အသုံးပြုနေတဲ့ Standard SIM cardထက် ၄၀ ရာခိုင်နှုန်း ပိုမို သေးငယ်သွားပါတယ်။ Mirco Simလို Cutterနှင့် ညှပ်ပြီးတာတောင် ၁၅% ပိုထူနေသေးသည့်အတွက်ကြောင့် ပိုမို ကျဉ်းမြောင်းလာသည့် SIM card ထည့်သွင်း အသုံးပြုရမည့်ေ
နရာနှင့် အဆင်ပြေမည်မဟုတ်ဟု ဆိုပါသည်။ ထို့အတွက် iPhone 5ကို မြန်မာပြည်မှာ ၀ယ်ယူ သုံးစွဲမယ်ဆိုရင်တောင်မှ SIM card ထည့်သုံးဖို့အတွက် အခက်အခဲ ဖြစ်မှာမို့လို့ မြန်မာ့ဆက်သွယ်ရေးမှ Nano-SIM cardကို ထုတ်လုပ်မှသာ iPhone 5ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းမှာ iPhone 5ကို အသုံးပြုလို့ မရတဲ့ အခြေအနေ ဖြစ်ပေါ်နေတဲ့အတွက် iPhone 5ကို စဉ်းစားချင့်ချိန် ၀ယ်ယူသင့်ကြောင်း အသိပေး ပြောကြားလိုက်ပါတယ်။
သတင်း-Myanmar ICT Journal.......News of Myanmar
Thursday, September 13, 2012
ဖန်သားပြင် လေးလက်မအကျယ်ရှိ 4G LTE စနစ်သုံး အပါးလွှာဆုံး iPhone 5 စတင်မိတ်ဆက်
Apple ကုမ္ပဏီ သည် စမတ်ဖုန်း တစ်ခေတ်ပြောင်းလဲစေခဲ့သော iPhone များ၏ နောက်ဆုံး မျိုးဆက်သစ် iPhone 5 ကို စက်တင်ဘာလ ၁၂ ရက်နေ့ ( မြန်မာ့စံတော်ချိန် ည ၁၁ နာရီခွဲ )တွင် စတင်ပြသခဲ့သည်။
ဆန်ဖရန်စစ္စကို တွင် ပြုလုပ်ခဲ့သော ယင်း အခမ်းအနားတွင် Apple ၏ ဈေးကွက် ရှာဖွေရေးဆိုင်ရာ အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဖိလစ်ရှီးလားက iPhone 5 ကို ပြသသွားခဲ့သည်။ ကြိုတင်ထွက်ပေါ်နေခဲ့သည့် သတင်းများ အတိုင်း iPhone 5 ၏ ဖန်သားပြင်မှာ လေးလက်မ အထိရှိလာခဲ့ပြီး 4G LTE စနစ် ပါဝင် လာခဲ့သည်။ ချိတ်ဆက်သည့် ကြိုးခေါင်း မှာလည်း သတင်းများ ထွက်ပေါ်ထားခဲ့သည့်အတိုင်း ပိုမိုသေးငယ် သွားခဲ့သည်။ အထူမှာ ၇ ဒသမ ၆ မီလီမီတာသာရှိပြီး စမတ်ဖုန်းများတွင် အပါးလွှာဆုံးဖြစ်သည်။ Apple ၏ နောက်ဆုံး မျိုးဆက် A6 processor ကို အသုံးပြုထားသည်။
မြင်ကွင်းကျယ်ဗီဒီယို
မြင်ကွင်းကျယ်ဓာတ်ပုံရိုက်ကူးပါက ၂၈ megapixels အထိ ရိုက်ကူးနိုင်
မိုက်ကရိုဖုန်းသုံးခုပါဝင်လာမှု
- မှန်နှင့်အလူမီနီယမ်ဖြင့်သာ ပြုလုပ်ထား၊ အဖြူနှင့်အနက် နှစ်မျိုးသာရနိုင်။
- ၇ ဒသမ ၆ မီလီမီတာ အထူရှိပြီး ဆမ်ဆောင်း၏ Galaxy S3 ထက် ပိုမိုပါးလွှာ။
- အလေးချိန် ၁၁၂ ဂရမ်။
- ဖန်သားပြင်အကျယ် ၄ လက်မ။
- 1136 x 640 Pixels။
- ထိတွေ့မျက်နှာပြင်ကို ဖန်သားအတွင်း ပေါင်းထည့်နိုင်ခဲ့ခြင်းကြောင့် အလွှာပို နည်းသွားပြီး ပိုမိုပါးလွှာအောင် ထုတ်လုပ်နိုင်ခဲ့။
- ၀ါယာလက်နည်းပညာ ပိုမိုမြန်ဆန်လာပြီး Ultrafast Wireless နည်းပညာဖြစ်လာဟုဆို။
- စက်လည်ပတ်မှု မြန်နှုန်းအားလုံးကို မြှင့်တင်နိုင်ခဲ့ဟုဆို။
- ဘက်ထရီမှာ 3G ဖြင့် ဖုန်းပြောလျှင် အင်တာနက်သုံးလျှင် ၈နာရီ။ LTE စနစ်ဖြင့် သုံးပါက ၁၀နာရီ၊ သီချင်း သီးသန့် နာရီ ၄၀။
- iSight ကင်မရာကို 8 Megapixel Sensor၊ 3264x2448 resolution နှင့် အခြားအဆင့်မြှင့်မှုများ၊ ဗီဒီယိုရိုက်နေစဉ် ဓာတ်ပုံရိုက်နိုင်၊ အလင်းနည်းသော နေရာတွင်ရိုက်ကူးမှု အဆင့်မြှင့်ထား၊ မြင်ကွင်းကျယ်ရိုက်ပါက ၂၈ 28 megapixels အထိရိုက်နိုင်။ ဗီဒီယိုမှာ 1080p HD ရလာ။
- မိုက်ကရိုဖုန်းသုံးခုထိပါလာ( ယခင်နှစ်ခု)ပြီးအသံစနစ်အဆင့်မြှင့်ထား။
- ချိတ်ဆက်ကြိုးသစ် Thunderbolt မှာ ယခင်ကြိုးထက်ကြိုးခေါင်း သိသိသာသာ သေးငယ်သွား။
- မောင်းနှင်စနစ်သစ် iOS 6 နှင့် iTunes အသစ်ကို စက်တင်ဘာလ ၁၉ ရက်နေ့မှစပြီး ဒေါင်းလုပ်ရယူသုံးစွဲနိုင်မည်၊ စွမ်းဆောင်ရည်သစ် ၂၀၀ ကျော် ပါဝင်လာဟုဆို၊ iOS 6 ကို iPhone 4S,4, New iPad,iPad 2,4th Generation iPod တို့တွင် သုံးနိုင်မည်။
- ကိုယ်ပိုင်သုံးဖက်မြင်ပါ မြေပုံသစ်၊ ဖေ့စ်ဘွတ်ခ်နှင့်တွစ်တာကို မည်သည့် Application မှမဆို ချိတ်ဆက်သုံးနိုင်မှုတို့ ပါရှိလာ။
- Passport အက်ပလီကေးရှင်းသစ် ပါဝင်လာ၊ စတားဘတ်ခ်ကော်ဖီဆိုင်များ၊ ရုပ်ရှင်ရုံများ၊ အားကစားပွဲများ၏ ပွဲလက်မှတ်အဖြစ် သုံးနိုင်၊ Boarding Pass အဖြစ် လေယာဉ်ခရီးတွင်သုံးနိုင်။
- ပုံရိပ်ယောင် ကိုယ်ရေးလက်ထောက် Siri ကို အဆင့်မြှင့်ပြီး နှုတ်ဖြင့် ဘောလုံးပွဲရလဒ်မှ အစမေးနိုင်လာ၊ Siri ကို နှုတ်ဖြင့်ပြောပြီး ဖေ့စ်ဘွတ်ခ်တွင် Post တင်နိုင်။
- Sim Card အရွယ်အစား ပိုမိုသေးငယ်လာ။
- iPhone 5 မှာ နှစ်နှစ်ဖုန်းလိုင်းစာချုပ်ဖြင့်ဆိုပါက ၁၆ ဂီဂါဘိုက်လျှင် ၁၉၉ ဒေါ်လာကျသင့်၊ ဖုန်းအလွတ်ဈေးနှုန်း မထုတ်ပြန်၊ စက်တင်ဘာ ၁၄ မှ စပြီး ကြိုမှာနိုင်။
- iPod Touch နှင့် iPod Nano သစ်များ ပါပြသ၊ အက်ပဲလ်၏ နားကျပ်ပုံစံများ လုံးဝပြောင်းလဲ။
- Foo Fighters အဖွဲ့၏ သီဆိုမှုဖြင့် အဆုံးသတ်။
(တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်အတိုင်း ဖော်ပြခြင်းဖြစ်ပါသည်)
Friday, September 7, 2012
အလွန်ကောင်းNorton™ AntiVirus 2012 19.1.1.3 (110. Mb)
သူငယ်ချင်းတစ်ယောက်ကမေးလို့တင်ထားပေးးလိုက်တယ်။ကျွန်တော်လဲတော်တော်လေးကြိုက်တယ်။
ဖရီးပေးထားတဲ့ ဗိုင်းရတ်သာတ်တဲ့အထဲမှာတော့ဒီကောင်လောက်ကောင်းတာမတွေ့သေးဘူး။
Norton™ AntiVirus 2012 19.1.1.3 (110. Mb) Full Version လေးတွေ့လို့တင်ပေးလိုက်တာပါ
စိတ်ဝင်စားသူများအောက်မှာအဆင်ပြေတဲ့လင့်ကနေပြီးဒေါင်းလိုက်ပါ။
ဒီမှာရယူရန်
ဒီမှာရယူရန်
Wednesday, September 5, 2012
Blog Menu လေးတွေကို Button လေးတွေနဲ့လုပ်နည်းလေးပါ
 စီဘောက်မှာမေးထားလို့ဒါလေးတင်ပေးလိုက်တယ် ။ရွာသားမောင်ကျော်စွာရေအဆင်ပြေပါစေကွာ။
ဒီနေ့တော့ Blog  Menu လေးတွေကို Button လေးတွေနဲ့အလွယ်လေးလုပ်လို့၇မဲ့နည်းလမ်းလေကို
ပြောပြပေးပါမယ်..။လုပ်ကတာအ၇မ်းလွယ်ပါတယ်..။Edit Html ထဲမှာလိုတာလေးလိုက်ပြင်ပြီး Add a Gadget
ထဲမှာထည့်ပေးလိုက်ယုံပါပဲဘာမှလဲမခက်ပါဘူး..။ပြီး၇င် Button လေးတွေနဲ့ဆိုတော့သပ်သပ်၇ပ်၇ပ်လေးနဲ့
ကြည့်လဲကောင်းပါတယ်..။ကျွန်တော်ဘယ်လိုလုပ်၇မလဲဆိုတာကိုပြောပြပေးသွားပါမယ်..။
1.အ၇င်ဆုံး Design Tab  >>  Edit HTML ဆိုပြီးသွားလိုက်ပါ.။Edit HTML ကိုေ၇ာက်ပြီဆို၇င်အ၇င်ဆုံးဘာ
  မှမလုပ်ပါနဲ့အောင်  Download  Full  Template  ကိုနှိပ်ပြီးမိမိ၇ဲ့  Template  လေးကို  Backup လုပ်ထား
Internet Download Manager 6.12 Build 11 + Patch
ကျွန်တော် Internet  Download  Manager နောက်ဆုံး Update လေးဖြစ်တဲ့ 28 ရက်နေ့ ထွက်တဲ့ ကောင်လေးကို တင်ပေးလိုက်ပါတယ် .. လောလောဆယ်တော့ နောက်ဆုံး Update လေးပါပဲ .. ဒီကောင်လေးကို Full Version လေးနဲ့ သုံးလို့ရအောင် အထဲမှာ Patch File လေးပါ ထည့်ပေးထားပါတယ် .. Patch File လေးကို အသုံးပြုမယ် ဆိုရင်တော့ မိမိတို့ အသုံးပြုနေတဲ့ Antivirus ကို ခဏပိတ်ထားဖို့တော့ လိုပါလိမ့်မယ် ... ကျွန်တော်တော့ စမ်းပြီးသွားပါပြီ အဆင်ပြေပါတယ် .. ကျွန်တော်လည်း လက်ရှိ ဒီကောင်လေးကိုပဲ အသုံးပြုနေတာပါ .. Firefox 13 အထိ Support လုပ်ပေးပါတယ် .. Update လေးကိုမှ အသုံးပြုချင်တယ် ဆိုသူများကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ..
အားလုံးပဲ အဆင်ပြေကြပါစေ ...  ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
ဒါဖတ်ပြီးမှ Latop Computer ဝယ်ပါ
ကျွန်တော် ဒီအကြောင်းလေးကို ရေးချင်နေတာတော့ ကြာပါပြီ .. ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် အရှိန်ယူလိုက် ပျက်သွားလိုက်နဲ့ မရေးဖြစ် ဖြစ်နေတာပါ .. တကယ်တော့ ဒါက ရေးသင့်တဲ့ အကြောင်းအရာလေး တစ်ခုပါပဲ .. အခုနောက်ပိုင်းမှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ တော်တော်များများ ကွန်ပျူတာနဲ့ အကျွမ်းတ၀င် ရှိလာသလို ကွန်ပျူတာကို အသုံးပြုတဲ့ အခါမှာလည်း အိမ်မှာထိုင်ပြီးတော့ တစ်နေရာထဲမှာပဲ အသုံးပြုနိုင်မဲ့ Destop Computer အစား ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင်သလို သွားလေရာ ယူဆောင် သွားနိုင်တဲ့ Latop Computer တွေကိုသာ ပိုပြီးတော့ အသုံးများလာတာ တွေ့ရပါတယ် .. အဲ့ဒီအတွက် အများစုအသုံးများတဲ့ Latop Computer တွေဝယ်တော့ မယ်ဆိုရင် မ၀ယ်ခင် သိထားသင့်တဲ့ လေ့လာထားသင့်တဲ့ အချက်လေးတွေကို နားလည်အောင် အကြမ်းမျဉ်း ရေးပေးသွားပါမယ် .. 
Notepad ကို Save တဲ့အခါ မြန်မာလိုပေါ်အောင်လုပ်နည်း
ဒီပို့စ်လေးကိုတော့ မသိသေးတဲ့ သူများအတွက်သာ ရည်ရွယ်ပါတယ် .. လုပ်တက်သွားရင်တော့ လွယ်တယ်လို့ ထင်ရပေမယ့် မသိသေးရင်တော့ တော်တော် ရွာပတ်ပါတယ် .. ဘာပဲပြောပြော ဒီကောင်လေးကို လိုအပ်ပါတယ် .. ကျွန်တော်တို့ မှတ်ထားချင်တာလေး တွေကို အလွယ်ရေးပြီး မှတ်ချင်တဲ့ အခါမှာ Windows Logo + R ကိုနှိပ်ပြီး Run Box ကိုဖွင့် ပြီးရင် Run Box ထဲမှာ notepad လို့ရိုက်ထည့်ပြီး ပေါ်လာတဲ့ Notepad ထဲမှာ အလွယ်တကူ မှတ်သား တက်ကြပါတယ် .. ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့  Notepad မှာ Zawgyi-One Font ကိုမပြောင်း ပေးဘူးဆိုရင်လည်း မြန်မာလို ပေါ်မှာမဟုတ်သလို Save တဲ့အခါမှာလည်း Unicode ကိုပြောင်းပြီး မ Save ဘူးဆိုရင်လည်း Save တဲ့အခါမှာ မြန်မာလို ပေါ်မှာ မဟုတ်ပါဘူး .. ဒါကြောင့် Notepad ကိုအသုံးပြု တဲ့အခါမှာ အခက်အခဲ ဖြစ်နေသူတွေ အတွက် ကျွန်တော် ရေးပေးသွားမှာ ဖြစ်ပါတယ် .. 
Thursday, August 30, 2012
ကွန်ပြူတာကိုမြန်စေမယ့်နည်းလမ်း(၅ )မျိုး
ကိုယ်ရဲ့ ကွန်ပျူတာ ပိတ်ခါနီပဲ ဖြစ်ဖြစ် ဖွင့်ခါစပဲ ဖြစ်ဖြစ် ကွန်ပျူတာကို ပေါ့ပေါ့လေးဖြစ်အောင် အမှိုက်တွေကို ရှင်းလင်းမယ့် နည်း (၅)နည်းကို ပြောပြပါမယ်။ သိပြီးတဲ့ လူတွေအတွက်တော့ မလိုဘူးပေါ့ဗျာ။ မသိသေးတဲ့လူတွေအတွက်ကတော့ အတိုင်းအတာတခုလောက်ထိ အကျိုးရှိမှာပါ။
ပထမဆုံး Start အောက်ကနေ run box ကိုဖွင့်လိုက်ပါ။ (Window + R ) နဲ့ တွဲဖွင့်ရင်လည်း ရပါတယ်။ အဲဒီ Run box မှာပဲ
၁။ temp ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၂။ %temp% ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၃။ prefetch ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၎။ recent ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ ပြီးရင်
၅။ cookies ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။
Samsung galexy မြန်မာဖောင့်ထည့်နည်း
မသိသေးသောသူတွေအတွက်ပါ ။ကျွန်တော်ကိုယ်တိုင်လည်း ကျွမ်းကျင်လွန်း၍မဟုတ်ပါ ။ကျွန်တော့်ရဲ့ဖုန်းကိုထည့်ဖို့အိမ်မှာကြိမ်ကြိုးစားရင်းအောင်မြင်ခဲ့တာပါ။ samsung ဖုန်းများဟာ root လုပ်စရာမလိုပါ အလွန်ပဲ font သွင်းရ လွယ်ကူပါတယ် ။
Samsung galexy ဖုန်းတွေရဲ့ setting ထဲက display ဆိုတာပါပါတယ် အဲဒီအထဲမှာ font style ဆိုတဲ့ function ပါခဲ့ရင် အဆင်ပြေပြီလို့သာ မှတ်လိုက်ပါ ။ အရင်ဆုံး Internet connection တော့ရှိရပါမယ် ။
market or google play store ထဲမှာ fontomizer ဆိုတာကို ရိုက်ထည့်ပြီးရှာပါ ။ဒေါင်းပါ ။အဲဒါကိုဖွင့်လိုက်ရင်
a to z font တွေပေါ်လာပါမယ်။ z အထဲက zawgyi one ttf font ကိုဒေါင်းပါ install ပါ။setting>application>unknown source ကို အမှန်ခြစ်ပေးပါ။setting>display>font style ကိုဖွင့်လိုက်ရင်စောစောကဒေါင်းထားတဲ့ဇော်ဂျီကိုမြင်ရပါပြီ ။ရွေးလိုက်ပါ။restart လုပ်မလားမေးပါမယ် လုပ်လိုက်ပါ auto ပိတ်သွားပြီးပြန်ပွင့်လာချိန်မှာ ဖုန်းဟာဇော်ဂျီ ကိုအသုးံးပပြု ထားပါပြီ။အခုစာဖတ်လို့ရပါပြီ။ရေးလို့ရအောင် keyboard သွင်းရပါမယ် ။........
လိပ်စာကတ်လုပ်တဲ့ဆော်ဝဲလ်
ဖိုတိုရှော့မသုံးတတ်သူများလွယ်လွယ်ကူကူလိပ်စာကပ်လို့ဖို့အတွက်
ဒီဆော့ဝဲလ်လေးပေးလိုက်ပါတယ်။
လိပ်စာကဒ်ဘယ်လောက်အရေးကြီးသလဲဆိုတာကြုံဖူးမှသိမယ်။
ကောင်မလေးတွေကလိပ်စာကဒ်တောင်းရင်ပေးလို့ရအောင်
လုပ်ထားကြပေတော့။
အကြွေးရှင်ဆိုရင်တော့   လိမ်စာကဒ်  ပဲ့ပေးသင့်တယ် ....
ကဲ ဒေါင်းပေတော့
အရည်သွေးကောင်းကောင်းလုပ်ပေးနိုင်ပါတယ် Portable လေးဖြစ်တဲ့အတွက်လွယ်ကူစွားအသုံးပြုလို့ရပါတယ်
အသုံးလို့တဲ့သူငယ်ချင်းတွေလည်ဒီမှာဒေါင်းယူနိုင်ပါတယ်
acer iconia 501ဖုန်းမြန်မာစာဖတ်လို့ရအောင်လုပ်နည်း
မင်္ဂလာပါ ဒီဖုန်းကိုဝယ်းထားတဲ့ မိတ်ဆွေတွေ မြန်မာစာ မပေါ်လို့ခေါင်းကိုက်နေတဲ့သူတွေ နည်နည်လန်းသွားအောင် နည်းလေးပေးလိုက်မယ် လန်းနေပြီးသာသူတွေတော့ နားပိတ်မျက်စိမှိတ်ထားလိုက်နော် ဒီဖုန်းဝယ်းခါစ ကိုယ်တိုင် မြန်မာဖောင့် ထည့်မတတ်လို့ဆိုပြီး မလေးရှာက နာမည်ကြီးတဲ့ မြန်မာဆိုင်မှာ သွားထည့်လိုက်ပါတယ်...ဘယ်လိုလုပ်လိုက်လဲတော့ မသိဘူး ပျက်စီသွားပါတယ်။ဆိုင်နာမည်ကိုတော့မပြောတော့ဘူး စိတ်နာတယ် ဖုန်း ၀ယ်းလားတဲ့ စင်တာကိုပြန်ပို့လိုက်တော့ ၄....
Friday, June 22, 2012
ဝင်းဒိုးအသုံးပြုသူများအတွက်မရှိမဖြစ် ဆော့ဝဲများ
တည်းမှာဒေါင်းနိုင်အောင်တင်ပေးလိုက်ပါတယ်။ Adobe Photoshop CS2,
Pagemaker 7.0, Nero Version 8,စတဲ့ဆော့ဝဲတို့ဖြစ်ပါတယ်။ အသုံးပြုပုံတွေမပါပေမယ့် ဆော့ဝဲတွေ
ရှိထားမယ်ဆိုရင် ပိုပြီးကောင်းပါတယ်။
အခုတင်ပေးလိုက်တဲ့ဆော့ဝဲများဟာ ၀င်းဒိုးအတွက်အသုံးများသောဆော့ဝဲတွေဖြစ်ပါတယ်။ ဟိုရှာရဒီရှာရဒုက္ခ
မှအနည်းငယ်ကင်းဝေးအောင်ဆိုပြီး ကျနော်အချိန်ကုန်ခံပြီး ဒီဆော့ဝဲတွေ Upload တင်ခဲ့ပါတယ်။ လိုအပ်မယ်
့ပုဂ္ဂိုလ်များထံ ပြန်ရှယ်ယာပေးလိုက်တဲ့သဘောပါပဲ။ တစ်ချို့ဆော့ဝဲတွေဗာရှင်းနိမ့်ကောင်းနိမ့်နိုင်တယ်။ ဒါပေမယ့်
သုံးရတာအဆင်ပြေတုန်းပဲဆိုတော့ တင်ပေးလိုက်တာ။........
ဖိုင်များကို ဖြတ်မယ် ၊ ဆက်မယ်
ကျနော်အခုရေးပြချင်တာက ကြီးတဲ့ဖိုင်များကို ( ကိုယ်ရိုက်ထားတဲ့ VCD, ဒေါင်းလုဒ်ထားတဲ့ဖိုင်
ဆိုက်ကြီးတွေကို)အင်တာနက်ပေါ်မှာ ရှယ်ချင်တဲ့အခါ ဖြတ်တောက်ပြီးမှ upload တင်ရတာများ
တယ်။ အကယ်၍ မိမိကတတ်နိုင်လို့ Domain Hosting ၀ယ်ထားနိုင်ရင်တော့ မဖြတ်တောက
်ဘဲနဲ့တက်လို့ရပါတယ်။ ဒါမှမဟုတ်ရင် ဖရီးဆိုက်မှန်သမျှ 100mb ကတော့ အများဆုံးပါပဲ။
ဒါကြောင့် ကျနော်ဒါကို မသိသေးသောပုဂ္ဂိုလ်များအတွက်ရည်ရွယ်ပြီးတင်ပေးလိုက်တာပါ။
အဲလို ဆိုက်ကြီးတဲ့ဖိုင်တွေကို ဖြတ်တောက်တဲ့နေရာမှာ WinRAR နဲ့ HJSplit ဒီဆော့ဝဲ
နှစ်ခုကိုအသုံးပြုတာများပါတယ်။
Split = ဆိုက်ကြီးတဲ့ဖိုင်တွေကို ခွဲထုတ်ဖြတ်တောက်တာကို ဆိုလိုတာပါ
Join/Marge = ဖြတ်ထားတဲ့ဖိုင်တွေကို ပြန်ဆက်ပေးတာ..........................
Uniblue PowerSuite 2012 ver 3.0.7.5
Gtalk မှာ မြန်မာစာ လေးထောင့်ကွက်ပြဿနာ
ဒီတော့ပစ်ကတော့ မကြာကြာတွေ့ရတဲ့ပြဿနာလေးပါ။ တစ်ချို့စက်မှာလွယ်လွယ်လေးနဲ့ဖြေရှင်းနိုင်ပေမယ့် တစ်ချို့စက်ကျတော့ လွယ်မလိုနဲ့ခက်သားပဲ။ ကျနော်အခုဒီနေရာမှာ ဖြေရှင်းနိုင်မည့်နည်းပေါင်းစုံကိုတင်ပြပေး သွားမှာဖြစ်တယ်။ ဒီထက်ကျနော်မသိသေးတဲ့ နည်းတွေလဲရှိကောာင်းရှိနိုင်ပါတယ်။ ကျနော်အများစုတွေ့ရတဲ့ ဖြေရှင်းနည်းကတော့ ဘရောက်စာတွေရဲ့ option ကနေ ၀င်ရောက်ပြင်ဆင်တဲ့နည်းပဲရှင်းပြတာများပါတယ်။ ကျနော်အခုထပ်ဖြည့်မည့်နည်းကတော့ font ကို delete ပြန်လုပ်ပြီး အသစ် update ဖြစ်တဲ့ဖေါင့်ကိုပြန်ထည့် တဲ့နည်းလေးပါ။ delete လုပ်တယ်ဆိုတဲ့နေရာမှာ ရိုးရိုး delete လုပ်တာမျိုးမဟုတ်ဘဲနဲ့ Registry Editor မှာ ၀င်ရောက်ပြီး key,volume, data ထဲကနေ Zawgyi-One ကို အကုန်အစင် delete လုပ်တဲ့ဖြေရှင်းချက်မျိုး ဖြစ်ပါတယ်။ အထူးအားဖြင့် အခုနောက်ပိုင်း 64 bit OS မှာပိုပြီးတော့ ဒီပြဿနာကိုတွေ့လာရတယ်။......
Wednesday, June 20, 2012
Samsung Galaxy S,SPlus ,S2 အတွက်မြန်မာဖေါင့်
ကိုယ်တိုင်စမ်းထည့်ထားသောမြန်မာစာနဲ့ဖုန်း
Root လုပ်စရာ မလိုပဲAndroid ဖုန်းမှာ မြန်မာလိုသုံးလို့ ရတဲ့နည်းလေးပါ ....
ဒီ သွင်းနည်းနဲ့ ကိုက်မကိုက် အရင် ကြည့် ရအောင် ဖုန်း setting ထဲကိုဝင်.....ပြီးရင် Display  ->Font style ပါ မပါကြည့် လိုက်ပါ ။တစ်လုံးနဲ့ တစ်လုံး နေရာတော့ အနည်းငယ် လွဲ နိုင်ပါတယ် ။ Display အောက် က တခြားထဲ တွေလဲ သေချာရှာ စေချင်ပါတယ် ။တွေ့  ပြီဆို မှ ဒီနည်း သုံးရမှာပါ .။မဟုတ်ရင်မရပါဘူး ...
Monday, June 4, 2012
iphon ipad ipod 5.11 jailbreakလုပ်နည်း
jailbreakလုပ်ရတာလွယ်မလိုလိုနဲ့တော်တော်ခက်တာတွေ့ရတယ်။စာရေးသူကိုယ်တိုင်
ပျက်ခြင်ပျက်ကွာဆိုတဲ့စိတ်ဓာတ်နဲ့လုပ်လိုက်တာ (၁၅)ရက်လောက်တောင်ကြာသွားတယ်။
စိတ်ပျက်သွားလိုက် ရပ်လိုက်နဲ့လုပ်နေလိုက်တာ အချိန်တန်တော့အောင်မြင်သွားတယ်။
အခုနောက်ဆုံးပေါ် 5.11က jailbreakလုပ်ရတာပိုလွယ်တယ်။အရင်ကဟာတွေကတော်
တော်ခက်သဗျ။ စာရေးသူကိုယ်တိုင်လုပ်ခဲ့တဲ့ဂျိမ်းဘရိတ်လုပ်နည်းနဲ့ ဇော်ဂျီဖောင့်သွင်းနည်း
လေးတွေကို မလုပ်တတ်သေးသူများ လုပ်တတ်အောင်သော်၎င်း ၊ ကိုယ်တိုင်မေ့သွားရင်ပြန်
ကြည့်ရအောင်သော်၎င်း၊တင်ထားလိုက်ပါတယ်။......
Friday, June 1, 2012
အဝေးကနေပြီးစက်လှမ်းပြင်မယ်
ကွန်ပျူတာသုံးတတ်ခါစ လူငယ်များအတွက် ကိုယ်ကွန်ပျူတာမှာပြဿနာတစ်စုံတစ်ရာ
တွေ့နေပါက အဝေးကနေပြီး လှမ်းပြင်ပေးလို့ရတဲ့ဆော့ဝဲလ်လေးပါ။
ကွန်ပျူတာသုံးတတ်ခါစဆိုတော့ဆောလ်ဝဲမမောင်းတတ်မှာစိုးလို့ဓာတ်ပုံ
နဲ့တင်ပေးထားပါတယ်။
ဓာတ်ပုံထဲကအတိုင်းမောင်းသွားရင်ရပါပြီ..
သုံးနည်းကတော့ မောင်းပြီးသွားရင် နာမည်နဲ့ပတ်စ၀ှက်ကို ကိုယ့်ကိုစက်ပြင်ပေးမဲ့
လူဆီကိုပို့ပေးရပါမယ်။ ချိတ်ဆက်မိပြီဆိုရင်တော့မောက်ကိုမကိုင်တော့ဘဲ
ထိုင်ကြည့်နေပေတော့....စက်ပြင်ပေးမဲ့သူက မောက်ကိုကိုင်ပြီးသွားနေတာတွေ့ရပါလိမ့်မယ်။...
Monday, January 30, 2012
ဒေါ်အောင်ဆန်းစုကြည်ထားဝယ်ဓာတ်ပုံများ
ဒေါ်အောင်ဆန်းစုကြည်ထားဝယ်ကိုလားတုံးကပုံတွေတစ်စုတဝေတည်းစုထားလိုက်တယ်
နောင်လာနောင်သားတွေကြည့်ရအောင်လို့ ။
လူထုခေါင်းဆောင်တစ်ယောက်ရဲ့ စတင်ခြင်းခြေလှမ်းတွေဟာ
ထားဝယ်မှာဖြစ်နေတာကိုကစိတ်ဝင်စားစရာကောင်းနေတယ်။
ငါတိုထားဝယ်သူ ထားဝယ်သားတွေအားလုံးဒေါ်စုနဲ့အတူ
လွတ်လမ်းခြင်းကိုရှာဖွေကြပါစို့...........
Saturday, January 28, 2012
နေ့စဉ်ကွန်ပြူတာသုံးစွဲသူများ သတိပြုရန်....
နေ့စဉ်ကွန်ပြူတာအသုံးပြုသူတွေအနေနဲ့ ကီးဘုတ်နဲ့ မောက်(စ်)ကိုင်တွယ်တဲ့ လက်အနေအထားမမှန်ရင် လက်ကောက်ဝတ် (လက်မျက်ရိုး) မှာ Carpal Tunnel Syndrome (CTS) လို့ ခေါ်တဲ့ ရောဂါတစ်မျိုး ဖြစ်တတ်တယ်လို့ ဆိုပါတယ်...အဲဒီလိုရောဂါမျိုး ဖြစ်လာရင် ခွဲစိတ်ကုသမှုတွေ လုပ်ရပါတယ်...အောက်ပုံတွေကတော့ ကွန်ပြူတာအသုံးပြုရာမှာ လက်အနေအထားမမှန်လို့ CTS ရောဂါရပြီး ခွဲစိတ်ကုသမှုတွေ လုပ်နေရတဲ့ ပုံတွေပါ...
Sunday, January 22, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးခရီးစဉ်အဖြစ် ထားဝယ်၊ မန္တလေး၊ ပုသိမ်မြို့များသို့သွားမည်
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အား ဂျွန်မက်ကိန်းနှင့် အမေရိကန်အထက်လွှတ်တော်အမတ်များကိုတက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ယနေ့ညနေ ၄ နာရီမှ ၅ နာရီအထိ တစ်နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ကြပြီတွေ့ ရစဉ်
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်- ဇန်န၀ါရီ ၂၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံရေးခရီးစဉ်အဖြစ် လာမည့်ဇန်န၀ါရီ ၂၉ရက်တွင် ထားဝယ်မြို့သို့ သွားရောက်မည်ဖြစ်သည်။
နှစ်ပတ်အတွင်း နိုင်ငံရေးခရီးစဉ်၃ကြိမ်ထွက်ရှိရန်ရှိပြီး ထားဝယ်ခရီးစဉ်ပြီးလျှင် ဖေဖ၀ါရီ ၄၊၅ ရက်တွင် မန္တလေးမြို့သို့သွားရောက်မည်ဖြစ်သည်။ ဖေဖ၀ါရီ ၇ရက်တွင် ပုသိမ်မြို့သို့နေ့ချင်းပြန်ခရီးသွားရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှသတင်းရရှိသည်။ အဆိုပါခရီးစဉ်အတွင် သတင်းဌာနများကိုလည်း မိမိတို့အစီအစဉ်ဖြင့် သတင်းလိုက်ပါယူနိုင်ရန် ဖိတ်ကြားထားသည်။
Friday, December 16, 2011
စီဒီခွေကာဗာတွေလုပ်တဲ့ဆော့ဝဲလ်
Drivers ကိုတစ်နေရာထဲမှာယူလို့ရတဲ့နေရာ
windows Drivers ကိုတစ်နေရာထဲမှာ မိမိတို့လိုချင်တဲ့ အမျိုးအစား ကိုအလွယ်တကူ ဒေါင်းလို့ရတဲ့ ဆိုဒ်တွေ့ထားတယ်ပြန်လည်မျှဝေချင်လို့ဒီပို့စ်ကိုတင်ဖြစ်တာပါ ဒီမှာသွားလိုက်ပါ .............း)
Tuesday, November 1, 2011
ထား​ဝယ်အထူး​စီး​ပွား​ရေး​ဇုန်နှင့်​ မြန်မာ့​စီး​ပွား​ရေး​ အနာဂတ် – အပိုင်း​ (၂)
မောင်း​မကန်ကမ်း​ရိုး​တန်း​က ထား​ဝယ်​ကျေး​လက်​ဒေသရဲ့​ လူမှုစီး​ပွား​ဘဝပုံရိပ်လွှာ
တနင်္သာရီကမ်း​ရိုး​တန်း​က ​မောင်း​မကန်ကမ်း​ခြေဟာ ​ဖြောင့်​တန်း​လှပပြီး​ လူသား​ရဲ့​ပြုပြင်မှု မခံရ​သေး​တဲ့​ ပကတိ သဘာဝ ကမ်း​ခြေတခုပါ။ ဒါ​ပေမယ့်​ လမ်း​ပန်း​ဆက်သွယ်​ရေး​ ခက်ခဲတာ​ကြောင့်​ ရခိုင်ပြည်နယ်က ငပလီကမ်း​ခြေ၊​ ဧရာဝတီတိုင်း​က ​ငွေ​ဆောင်နဲ့​ ​ချောင်း​သာကမ်း​ခြေ​တွေ​လောက် ​မောင်း​မကန် ကမ်း​ခြေဟာ ခရီး​သွား​လုပ်ငန်း​ ဖွံ့​ဖြိုး​မှု မရှိခဲ့​ပါဘူး​။
မောင်း​ မကန်ကမ်း​ခြေရဲ့​ လက်ရှိအ​ခြေအ​နေနဲ့​ မြန်မာနိုင်ငံရဲ့​ ဖွံ့​ဖြိုး​မှုဟာ လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ၅၀ က ထိုင်း​နိုင်ငံ နဲ့​ ဆင်တူပြီး​ အရိုင်း​လွင်ပြင်သာသာပဲ ရှိတယ်လို့​ အီတာလျှံ – ထိုင်း​ကုမ္ပဏီရဲ့​ ထား​ဝယ်စီမံကိန်း​ မန်​နေဂျာ Surin Vichian က ​ပြောဖူး​ပါတယ်။ ထိုင်း​နိုင်ငံက ကမ္ဘာ​ကျော် ဖူး​ခက်ကမ်း​ခြေနဲ့​ နှိုင်း​ယှဉ်ရင် ​မောင်း​မကန်ဟာ ​တော်​တော် ​ခေတ်​နောက်ကျ ကျန်ရစ်တဲ့​ ကမ်း​ခြေတခု ဖြစ်​နေပါတယ်။
Tuesday, October 18, 2011
                         ရပ်ရွာ အုပ်ချုပ်ရေးမှူးများကို အောက်ခြေအဆင့်ဆင့် ရွေးချယ်
ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို ဗဟိုမှ တိုက်ရိုက်ရွေးချယ်မည် မဟုတ်တော့ဘဲ အောင်ခြေ အဆင့်ဆင့်က ရွေးချယ် တင်မြှောက်ရတော့မည်ဟု သိရသည်။ ယမန်နေ့က ကျင်းပခဲ့သော အမျိုးသားလွှတ်တော် အစည်းအဝေး၌ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်၊ ထည့်သွင်း၊ အတည်ပြုသင့်သည့် အချက်များကို ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးခဲ့ကြကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ရေးသားထားသည်။.........
Friday, October 14, 2011
ရေကြီးနေသောထိုင်းမြင်ကွင်းများ
Thursday, October 13, 2011
ထိုင်းရေဘေးဒုက္ခ မြန်မာတွေလည်း ကြုံရ
ထိုင်းနိုင်ငံအနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၂၆၀ ကျော် သေဆုံး၍ ၆ ဦး ပျောက်ဆုံးနေပြီး မြန်မာနိုင်ငံသားများ အပါ အ၀င် ဒေသခံ ၂ သန်းကျော် ရေဘေးဒုက္ခ ကြုံတွေ့နေရကြောင်း မကြာခင် ရက်ပိုင်းက ထိုင်းသတင်းများတွင် ဖော် ပြထားသည်။
ထိုင်းနိုင်ငံတွင် စုစုပေါင်း ရေလှောင်တမံ ၃၃ ခုရှိသည့်အနက်.........
လူကုန်ကူး ခံခဲ့ရသည့် မြန်မာအမျိုးသမီးနှစ်ဦး အသက်အန္တရာယ် စိုးရိမ်ရ
အတူတကွ လူကုန်ကူး ခံခဲ့ရသူများ အားလုံးကို ထိုင်းအစိုးရက မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ပြီး ဖြစ်သော်လည်း အကြောင်းပြချက် မယ်မယ်ရရ မသိရပဲ ဘန်ကောက်မြို့ IDC အချုပ်ခန်းထဲတွင် ကျန်နေခဲ့ရသည့် အမျိုးသမီး နှစ်ဦး၏ အသက် အန္တရာယ်အား စိုးရိမ်ရကြောင်း ၎င်းတို့အား အကူအညီ ပေးနေသည့် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။.................
Sunday, October 9, 2011
PDF Print
Thursday, 22 September 2011 15:51
၂၀၁၀ပြည့်နှစ် ဇွန်လ။ ကမ္ဘောဒီးယားနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်နေသော ဦးပြုံးမောင်မောင်နှင့် အဖွဲ့က မြန်မာလူမျိုး တစ်ဦးမျှမရှိသော အရပ်ဒေသ၌ မြန်မာစေတီတစ်ဆူကို တွေ့ ရှိခဲ့ကြပါသည်။ ထိုဒေသမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ သွားရောက်ပါက အချိန်လေးနာရီ ကြာမြင့်မည်ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိမှ သွားရောက်ပါက  အချိန်ခြောက်နာရီ ကြာမြင့်မည်ဖြစ်သော ကမ္ဘောဒီးယားနိုင်ငံ၊ ပိုင်လင်းဒေသ အနီး၌ ဖြစ်ပါသည်။.....................
Thursday, October 6, 2011
ထားဝယ် ရေနက်စီမံကိန်း အတွက် ကျေးရွာ ရွှေ့ပြောင်းပေးရ
2011-10-05
ထားဝယ်ရေနက် ဆိပ်ကမ်းစက်မှုဇုန် စီမံကိန်းမှာ လိုအပ်တဲ့ ရေချို ထောက်ပံ့နိုင်ဖို့  အတွက် ရေနက် ဆိပ်ကမ်းနဲ့ ၉ မိုင်အကွာမှာ ရှိတဲ့ ရေဖြူမြို့ နယ်တွင်းက ကလုံးတာကျေးရွာရဲ့ အောက်ဖက်မှာ ဆည်တခု တည်ဆောက်သွားမယ်လို့  သိရပါတယ်။
 (Map: RFA)
မြန်မာနိုင်ငံ တောင်ဖက်အစွန်ဆုံး တနင်္သာရီတိုင်း မြေပုံ ဖြစ်ပါသည်။ (Map: RFA)
ဆည်တည်ဆောက်မှုကြောင့် အိမ်ခြေ တရာကျော်ရှိ ကလုံးတာ ကျေးရွာရေ နစ်မြုပ်မှာမို့  ရွာသူရွာသားတွေဟာ ငါးမိုင်ခန့် ဝေးကွာတဲ့ နေရာကို ပြောင်းရွှေ့ ပေးရမယ်လို့ သိရပါတယ်။ ကျေးရွာ................
ထားဝယ် ရေနက်ဆိပ်ကမ်း ကွပ်ကဲရေးရုံး နေရာအတွက် ခြိမ်းခြောက်ခဲ့ဟုဆို
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်
ချင်းမိုင် (မဇ္ဈိမ) ။       ။ ထားဝယ်ရေနက်ဆိပ်ကမ်း ကွပ်ကဲရေးရုံး တည်ဆောက်ရန် မြေနေရာအတွက် ဒေသခံ
များ၏ စိုက်ပျိုးခြံ ဧက ၁၂ဝ ကျော်ကို ဆိပ်ကမ်း အာဏာပိုင်များက သိမ်းယူရာတွင် ခြိမ်းခြောက်မှုများ ရှိခဲ့သည်ဟု ခြံရှင်များက ပြောသည်။........................
ခိုနားရာရှာမရတော့လဲ
မိန်းမထမိန်နားခိုစားတဲ့အကောင်လို့ အပြောခံရမယ်ဆိုရင် ၀မ်းသာမဲ့မြန်မာကောင်လေးတွေရှိမယ်မထင်ပါဘူး။
ဓာတ်ပုံထဲကမြင်ကွင်လေးကတော့ ခိုစားတာမဟုတ်ပါဘူး ထီးမပါလို့ခိုနားတာပါ။ အရင်ကဒီဓာတ်ပုံတွေကို
တွေ့တော့ လုပ်တဲ့လူတွေကိုသာမာန်ပဲ့မြင်မိတယ်။ အခုလိုမိုးရွာတဲ့ပုံလေးကိုတွေ့ရတော့မှ ရုပ်တုဖန်တီးတဲ့သူ
တွေရဲ့အမြင်တွေကိုချီးကြူမိတယ်။ မွန်ရိုး အမှတ်တရအနေနဲ့ကော ရာသီဥတု ဒဏ်ကကာကွယ်ဖို့အတွက်ကော
လန်ထွက်နေတဲ့စကပ်လေးကအကျိုးပြုနေတယ်။ ချောင်းကြည့်တာဝါသနာပါတဲ့လူများလဲ မိုးခိုရင်းအတွေးနယ်
ချဲ့နိုင်တယ်။ ကြည့်တတ်ရင် ဘာဝနာ မကြည့်တတ်ရင်တဏှာတဲ့ ကိုကြိုက်တာရွေးချယ်နိုင်တဲ့ခေတ်ကြီးထဲမှာ
အကုသိုလ်တွေအတိုးနှုံးမတိုးဖို့တော့အရေးကြီးတယ်။
Wednesday, October 5, 2011
ဒေါ်စုစေတနာကို ကြည့်တတ် မြင်တတ်ရင် ကျေးဇူးတင်ကြမှာပါ
ဘိုဘိုကျော်ငြိမ်း ရေးထားတဲ့ဆောင်းပါးလေးတစ်ပုဒ်ကောင်းလွန်းလို့တင်ထားလိုက်တယ်။
သူငယ်ချင်းတွေလဲဖတ်သင့်တယ်ထင်ပါတယ်။
 ရာဇဝင်ဘီး တပတ်ပြန်လည်သည်လား
မြန်မာပြည်ခေတ်သစ် ရာဇဝင်မှာ ဗိုလ်ချုပ်အောင်ဆန်း ကို မှီသည့်လူ တဦးတယောက်မှ မရှိပါ။ ငယ်ရွယ်စဉ် နိုင်ငံရေး သမားပေါက်စဘဝမှာ အင်္ဂလိပ်ကို လက်နက်ကိုင် တိုက်မှရမည်ဟု သန္နိဋ္ဌာန်ချခဲ့စဉ်က ဂျပန်တွေဆီမှ စစ်ရေး ပညာသင်ကာ ရဲဘော်သုံးကျိပ်ကို ဦးဆောင်ခဲ့သည်။ ဂျပန်ကို လက်နက်ကိုင်တော်လှန်ရမည့် အချိန်မှာ မကြောက်မရွံ့  .............
Tuesday, October 4, 2011
လမ်းလျှောက်သွားလို့မရတဲ့ရွာကလေး
ဒီရွာလေးဟာ ဟော်လန်နိုင်ငံမှာ တည်ရှိပြီး ကုန်းကြောင်းအတိုင်းလမ်းလျှောက် ၀င်လို့မရပါဘူး ။ ရွာထဲမှာရှိတဲ့အိမ်တွေကို သွားလည်မယ်ဆိုရင် လှေကလေးကိုလှော်ပြီး သွားရောက်ရတာ ဖြစ်ပါတယ် ။ ကဗျာဆန်ဆန်နေချင်သူများအတွက် အရမ်းသင့်တော်ပြီး မြင်ကွင်းကလည်း စိမ်းစိမ်းစိုစိုနဲ့ လန်းဆန်းလှပါတယ် ။ ကဲ ဟော်လန်မှာရှိတဲ့ ရေပေါ်ရွာကလေးကို အရောက်သွားကြည့်ကြပါစို့ ။ဓာတ်ပုံတွေဆက်ကြည့်လိုက်ပါ။.........
Sunday, October 2, 2011
ဘောလုံးပွဲတိုက်ရိုက်ကြည့်မယ်
ဘောလုံးပွဲတိုက်ရိုက်ကြည့်လို့ရတဲ့ဆိုဒ်တစ်ခုရှိတယ်။ဘောလုံးကန်တဲ့အချိန်နဲ့
ကိုက်ပြီးကော်နယ်ရှင်လည်းကောင်းနေရင်ကြည့်လို့ရတယ်။ကန်မဲ့ပွဲစဉ်ကိုအရင်ရွေးပြီး
channel 1 ကိုရွေးပါ။ခဏလောက်စောင့်နေလိုက် ကြော်ငြာတွေထွက်လာမယ်။
သွားမပိတ်လိုက်နဲ့ သူ့နောက်မှာဘောလုံးပွဲကလာနေတာ။ မြင်ကွင်းချဲ့တဲ့မှန်ပြားပုံလေးကို
ထောက်လိုက်မြင်ကွင်းအကျယ်နဲ့အတူကြော်ငြာတွေပျောက်သွားပြီးဘောလုံးပွဲလာနေတာကို
သဘာဝဘေး အေးအေးဆေးဆေး
ဒီနေ့သတင်းတွေထဲမှာရေကြီးနေပေမဲ့ ဘာမှမဖြစ်သလိုမျိုးနေနိုင်တဲ့မြင်းကွင်းလေးတွေကို
မြင်ရတော့စိတ်ဝင်စားမိတယ်။စာရေးသူတို့နေတဲ့ထိုင်းမှာကရေကြီးတာအဆန်းမဟုတ်တော့
ပါဘူး။မိုးရွာလိုက်တာနဲ့ရေကရောက်နေပြီးသားပါ။ဒါကြောင့်မို့ထင်ပါရဲ့ရေကြီးတာလောက်
ကတော့တီဗွီကြည့်တောင်မပျက်ဘူး။ဓာတ်လိုက်မှာပဲ့စိုးရတယ်။နှစ်ပေါင်း၁၀၀အတွင်း
ဘန်ကောက်မြို့ရေအောက်ရောက်မယ်ဆိုတဲ့ပညာရှင်တွေရဲ့ခန့်မှန်းချက်တွေကိုအခုတော့
ယုံလာမိတယ်။ ထိုင်းနိုင်ငံတချို့နေရာတွေဆို ပင်လယ်ရေတက်တာနဲ့ရွာထဲရေရောက်တော့တာ
ပဲ့။ပင်လယ်နဲ့ရွာတသားတည်းဖြစ်လာတဲ့သဘောပါ။တိုးတက်တဲ့ဘန်ကောက်ကိုကြည့်ပြီး
ပျက်စီးမဲ့သဘာဝတရားကြီးကလဲစောင့်ကြိုနေသလိုမျိုးခံစားရတယ်။ဒါကြောင့် အစိုးရသာ
ကောင်းသွားပြီဆိုရင်တော့ သဘာဝဘေးအန္တရယ်နည်းတဲ့ ဒို့မြန်မာပြည်သာနေလို့ထိုင်လို့
အကောင်းဆုံးပါ။
Saturday, October 1, 2011
မြစ်ဆုံဒဏ္ဍာရီဇာတ်ကား
'
မြန်မာဇာတ်ကားတွေကိုသိပ်မကြည့်ဖြစ်ပေမဲ့ဒီနေ့ဇာတ်ကားလေးတစ်ကားကြည့်ဖြစ်ပါတယ်။
လူပြောများနေတဲ့မြစ်ဆုံဒေသမှာရိုက်ထားတာပါ။ကိုယ်တိုင်မရောက်ဖူးတော့သူများမြစ်
ဆုံတိုင်းလိုက်ဆုံနေရတော့တာပဲ့။မြစ်ဆုံရဲ့အလှအပတွေကိုသိရဖို့ဒီဇာတ်ကားလေးကို
ကြည့်ဖြစ်တာပါ ။  ရှခင်းလေးတွေခံစားရင်းမြစ်ဆုံကိုဘာကြောင့်
ရေကာတာမဆောက်ဖို့ပညာရှင်တွေတိုက်တွန်းရသလဲဆိုတာသိလာရလိမ့်မယ်။
မြစ်ဆုံစီမံကိန်းရပ်လိုက်တဲ့သတင်းလေးနဲ့အတူ ဒီဇာတ်ကားလေးကိုကြည့်ပြီး
သဘာဝရှုခင်းတွေခံစားကြည့်လိုက်ကြပါ။ ဒီဆိုဒ်မှာသွားကြည့်လိုက်ကြပါ။
Friday, September 30, 2011
သေဘေးမှလွတ်ပြီ ...ဧရာဝတီ
ရန်ကုန်၊ဧရာဝတီမြစ်ဆုံရေအားလျှပ် စစ်စီမံကိန်းကို နိုင်ငံတော်သမ္မတရပ် ဆိုင်းလိုက်ပြီဖြစ်ကြောင်းသိရသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းကိုရပ်ဆိုင်းလိုက်သည့်အကြာင်း ပါဝင်သည့်စာလွှာကို စက်တင်ဘာ ၃၀ရက်တွင်ကျင်းပသော ပထမအ ကြိမ်လွှတ်တော်ဒုတိယပုံမှန်အစည်း အဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖတ်ကြားခဲ့သည်.......
Gtalk နှင့်ပက်သက်သမျှ
ယနေ့ ကျွန်တော်တို့ အသုံးပြုနေကြတဲ့ Gtalk
& Gmail ဆိုတာဟာ အင်တာနက်အသုံးပြုတဲ့လူတိုင်းမှာ တစ်ခုစီ သို့ တစ်ခုထက်မနည်း ရှိနေကြပြီး အွန်လိုင်းဆက်သွယ်ရေးကို လျင်မြန်ထိရောက်စွာ လုပ်ဆောင်ပေးနေတဲ့ အရာတစ်ခုပါ .. ။ ဒီ Gtalk & Gmail ပတ်သက်ပြီး ကျွန်တော် ကလိထားတာလေးတွေ ပြောပြမယ်နော်…။ များသောအားဖြင့်တော့ သိပြီးသား ဖြစ်မှာပါ ….။ ( သိပြီးသားဆိုရင်တော့ Sorry ဗျာ ) တိတ်တိတ်လေး နေပေးနော် ….
Photoshop-မသုံးပဲ... ပုံပေါ်မှာ... စာရေးနည်း
Photoshop-မသုံးပဲ... ပုံပေါ်မှာ... စာရေးနည်း ပုံပုံကိုပြောပြမယ်နော်။ သူငယ်ချင်းတို့တစ်တွေ... Photoshop-မသုံးတတ်လို့ဆိုပြီး စိတ်ညစ်နဲ့နော်...။ မိမိတို့ရေးချင်တဲ့ ကဗျာလှလှလေးတွေ၊ ပို့စ်လေးတွေကို နောက်ကနေ ပုံလှလှလေး ခံပြီး ရေးချင်သပဆိုရင်... photoshop-မသုံးပဲ ကုတ်လေးများ သုံးကာ ရေးနိုင်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် အောက်မှာ သားသားလေး ပေးထားတဲ့ ကုတ်လေးတွေ သုံးလိုက်နော်။
Wednesday, September 28, 2011
GE 1004 ความรู้เบื้องต้นเคี่ยวคับกฎหมาย(29.9.2011)
GE 1004 ความรู้เบื้องต้นเคี่ยวคับกฎหมาย
မနက်ဖြန် 29ရက်နေ့မှာဖြေရမဲ့ဘာသာပါ။ထိုင်းလိုရေးထားတော့အရင်ကသိပ်စိတ်မ၀င်စားမိဘူး။
စာမေးပွဲဖြေရမယ်ဆိုတော့လိုက်ရှာရပြီပေါ့။အီးလိုကတော့ဒီလိုပါ Basic knowledge on the boil.
ဒါကိုမြန်မာမှာလိုက်ရှာဖတ်ကြည့်တော့တော်တော်များများတွေ့ပါတယ်။မြန်မာလိုဆိုတော့လဲ
စိတ်ဝင်စားဖို့သိပ်ကောင်းတာပဲ့။ကျောင်းမှာယိုးဒယားလိုသင်ရတော့နားလည်တ၀က်နဲ့(မလည်တာကများတာပါ။)
အခုတော့စာမေးပွဲဖြေရတော့မယ်။ ယိုးဒယားလိုတွေရှောက်ရေးပြီးမြန်မာနည်းမြန်မာဟန်နဲ့ရွှီးရတော့မယ်။
မြန်မာလိုနဲ့ရေးထားတဲ့ ဒီဘာသာအကြောင်းကိုကျောင်းပိတ်မှာထပ်လေ့လာလို့ရအောင်မှတ်တမ်းတင်
ထားလိုက်မယ်။ Knowledge အကြောင်း ဒီဆိုဒ်မှာသွားဖတ်ခဲ့တယ်။
နော်ကထပ်ရေးထားတဲ့ဆိုဒ်တစ်ခု knowledge ဆိုတာဘာလဲ ဒီဆိုဒ်မှာသွားဖတ်လို့ရတယ်။
နောက်ထပ်ဆိုဒ်တစ်ခုကတော့ ပညာအတိမ်အနက်လို့ရေးပြန်တယ် ဒီမှာသွားဖတ်လို့ရတယ်။
28-9-2011 ဖတ်မိသောစာများ
မဲဆောက်မြန်မာပြည့်တန်ဆာမိန်းကလေးများအကြောင်း
ဆင်းရဲ့တယ်ဆိုတာဘာမှမကောင်းပါလားနော်...။ကိုယ့်နိုင်ငံမှာအလုပ်အကိုင်ကငွေရနည်းတော့
အိမ်နီးချင်းထိုင်းနိုင်ငံကိုနည်းအဖုံဖုံနဲ့လာရောက်ကြရပါတယ်။တချို့ဆိုလမ်းမှာအသက်စွန့်သွားရရှာတယ်။
ထိုင်းကိုရောက်လာပြန်တော့လဲ ပွဲစားရှာပေးတဲ့အလုပ်ဆိုတော့မစုံစမ်းပဲဝင်ရောက်လုပ်ကိုင်ရတော့တယ်။
မိန်းကလေးတွေဆိုရင်ကိုယ်လုပ်တဲ့အလုပ်နေရာဟာကောင်းသလား ဆိုးသလား သိဘို့အလွန်ခက်ပါတယ်။
သိလိုက်ရပြန်တော့လဲ နောက်ကျသွားပြီ။ အဲဒီလို့အသိနောက်မကျခင် ဗဟုသုတလေးတွေတိုးပွါးပါစေ
ခြင်းအကျိုးငှါဒီစာလေးကိုတင်လိုက်ရပါတယ်။
မဲဆောက်မြန်မာပြည့်တန်ဆာမိန်ကလေးများအကြောင်းကို ဒီဆိုဒ်မှာသွားဖတ်လိုက်ပါ။
28 - 9-2011 ဖတ်မိသောစာများ
flash song လုပ်နည်း
ဒီနေ့သူငယ်ချင်းတစ်ယောက်ကမေးလာလို့မနည်းလိုက်ရှာလိုက်ရတယ်
သီချင်းစာသားလှလှလေးတွေကိုနောက်ခံပုံလေးတွေနဲ့လုပ်ချင်တယ်ပြောလာလို့လေ။
flash song လုပ်နည်းလေးပါ နောက်တစ်ခါရှာရလွယ်အောင်မှတ်ထားလိုက်မယ်။
မိတ်ဆွေတို့လဲလိုချင်ရင် ဒီဆိုဒ်မှာသွားကြည့်လိုက်ကြပါ။
Tuesday, September 27, 2011
အလုပ်ရွေးနည်း
blo sa
ရော်ဘာစိုက်ပျိုးရေးနည်းပညာကိုစိတ်ပါဝင်စားသူများ ဒီမှာသွားလေ့လာကြပါ။
Monday, September 26, 2011
27- 9-2011 ဖတ်မိသောစာများ
ဧရာဝတီအကြောင်းကိုအနုပညာရှင်များဖေါ်ကြူးထားပုံ သွားဖတ်လိုက်ပါ။
ဘလော့တွေမှာပို့စ်ခေါက်နည်းဖြေရှင်းချက်တွေ ဒီမှာသွားဖတ်လိုက်ပါ
Saturday, September 24, 2011
25- 9-2011 နေ့တွင်ဖတ်မိသောစာများ
ကော့သောင်းကိုခရီးသွားတဲ့လူတစ်ယောက်ရေးတဲ့စာ ဒီမှာသွားဖတ်လိုက်ပါ
Friday, September 23, 2011
24-9-2011 တွင်ဖတ်မိသောစာများ
မိဘကျေးဇူးဆပ်ရင်းဘ၀နစ်ခဲ့ရတဲ့ထားဝယ်သူတစ်ယောက်အကြောင်း ဒီမှာသွားဖတ်လိုက်ပါ
ပျဉ်းမနားမှာထူးဆန်းသောကလေးမွေး ဒီမှာနှိပ်ပြီးသွားဖတ်ပါ
ကားဟောင်းလဲလှယ်ပြီးကားသစ်ဝယ်ယူနိုင်ရန်အွန်လိုင်းစတိုးမှအထူးဝန်ဆောင်မူပေးမည်တဲ့ ဒီမှာသွားဖတ်
ဘလော့ပိုစ်မှာ flash ထည့်နည်းလေးပါ ဒီမှာသွားဖတ်
co.cc ပြဿနာဖြစ်နေပုံ ဒီမှာသွားဖတ်
အခြေခံလူတန်းစားများအားထားရာဘကကျောင်း ဒီမှာသွားဖတ်လိုက်ကြပါ
အမေရိကန်အစိုးရကဒုက္ခသည်တသောင်းလောက်ခေါ်ယူမည်ဟုဆို ဒီမှာသွားဖတ်လိုက်ကြပါ
ကော့သောင်းမြို့နယ်တွသဲများစုပ်ယူရောင်းချမူကြောင့်ပျက်စီးနေတာတွေကို ဒီမှာသွားဖတ်လိုက်ပါ