Tuesday, July 26, 2011

ကောင်းလိုက်တဲ့ Error Repair Professional

ကွန်ပျူတာက error တွေကို ပြုပြင်တဲ့ နေရာမှာဒီဆော့ဝဲလ်လေးက
တော်တော် ပြည့်စုံတဲ့ ဆော့ဝဲလ်လို့ ပြောရမလား။
ကောင်းချက်ကတော့ ကောင်းတယ်ဆိုရမယ်။ System အစ Chkdsk files တွေတောင် ပါတယ်။ error ပြင်ချက်ကတော့ ကန်းကုန်ပဲ ဆိုရမယ်။ ဒါကြောင့်လဲ Professional လို့ ဆိုထားသကိုး။ ထားပါ။ ပြောတာတွေ များတော့မယ်။ စက်တိုင်းမှာ ရှိသင့်တဲ့ ဆော့ဝဲလ်လေးပါပဲ။ ဆိုက်ကလဲ မကြီးပါဘူး။ 1 MB ကျော်ကျော်လေးပါ။ စိတ်ဝင်စားရင် ဒီမှာသာ Download ပေးတော့။ ကီးထည့်ဖို့လဲမမေ့နဲ့နော် Install လုပ်ပြီးရင် ဘယ်အပေါ်ဒေါင့်မှာ Regesiter Code ဆိုတာ ပေါ်နေပါလိမ့်မယ်။ အဲဒီကို ကလစ်လိုက်ပြီး LFFQTNKJUB9V3VBR ဒီကုဒ်လေးတွေ ထည့်လုက်ပါ။ အဲဒါ မထည့်ရင် သုံးလို့မရပါ။

Monday, July 25, 2011

အမှိုက်ရှင်းပေးတဲ့ဆောလ်ဝဲ

ကွန်ပျူတာထဲကအမှိုက်တွေကိုရှင်းပေးတဲ့
ဆောလ်ဝဲကောင်းလေးတစ်ခုပါ။
အမှိုက်တွေမရှိမှစက်ကပေါ့ပါးနေမယ်။
ကီးလဲထည့်ပေးထားတယ်။
ညဏ်ရှိသလိုအသုံးပြုတော်မူကြပါ။




Sunday, July 10, 2011

ထိုင်းရောက်မြန်မာများအတွက်ပတ်စပို့အကြောင်းသိကောင်းစရာစာအုပ်

Merge the Images

ဒီစာအုပ်လေးကမဟာချိုင်ကလူမူကူညီရေးအသင်းကနေပြီးပြုစုထားတာပါ။သူတို့လဲလူတွေကိုဝေမျှဖို့
အစီစဉ်ရှိတော့သူတို့စာအုပ်လေးကိုစကင်ဖတ်ပြီးတင်လိုက်ပါတယ်။မြန်မာနိုင်ငံသားတွေထိုင်းနိုင်ငံ
မှာအဆင်ပြေစေဖို့ရည်ရွယ်ပါတယ်။ပတ်စပို့ဆိုတာကိုအရင်ကမကြားခဲ့ဘူးသောမြန်မာတွေအဖို့
ဒီစာအုပ်လေးကိုသာလေ့လာလိုက်ရင်တော်တော်သိသွားမယ်။ နောက်ပြီးပွဲစားတွေကြောင့်ငွေကုန်မဲ့
နေရာတွေမှာငွေကုန်သက်သာမယ်။လူရည်လည်လာမယ်။အဲဒါကြောင့်ဒီစာအုပ်လေးကိုတင်ထားလိုက်
ပါတယ်။ ဒေါင်းလော့ဆွဲလိုက် ဒီမှာ

ဘလော့လုပ်နည်းစာအုပ်


ဘလော့ဖန်တီးချင်သူလူငယ်များအတွက်တင်ပေးလိုက်ပါတယ်။ကိုယ်တိုင်လေ့လာပြီးလုပ်တာကသူများ
သင်ပေးတာထက်ပိုမှတ်မိတယ်။ကိုယ်ကိုတိုင်လည်းမေ့သွားယင်ပြန်ကြည့်လို့ရတယ်။မသိသေးသော
သူများအတွက်ရည်ရွယ်သောကြောင့်ဆရာကြီးများကျော်ဖတ်ခွင့်ပြုပါတယ်။
ဒေါင်းလော့ဆွဲချင်ရင် ဒီမှာ နှိပ်လိုက်

Friday, July 8, 2011

ကဗ္ဘောဒီးယားအမှတ်တရ

Merge the Images

ကဗ္ဘောဒီးယားကိုသွားတဲ့ခရီးစဉ်မှာရိုက်ခဲ့တဲ့ဓာတ်ပုံလေးတွေကိုအမှတ်တရအနေနဲ့တင်ထားလိုက်တယ်
ဆင်းရဲပေမဲ့ရွှေထုပ်တဲ့မြပုဝါလို့ဆိုရတော့မလိုပါပဲ့ သူတို့မှာသူတို့ဘိုးဘွားတွေလုပ်ခဲ့တဲ့ကျောက်သားနန်းတော်
ကြီးရှိတယ်။ ကိုယ်ပိုင်ယဉ်ကျေးမူရှိတယ်။ရိုးသားကြိုးစားကြတယ်။ဘေးပတ်ဝန်းကျင်တွေမှာကျောက်တောင်
တွေမရှိပေမဲ့ဘယ်ကရှာထားတဲ့ကျောက်သားတွေနဲ့နန်းတော်ကိုတည်ဆောက်ကြသလဲမသိဘူး။လက်ယာက
အခုခေတ်အင်ဂျင်နီယာတွေပြန်ဆောက်လုပ်မရနိုင်လောက်အောင်ပါပဲ့။နံရံတွေမှာဆွဲထားလိုက်
တဲ့ပုံများဟာဆိုရင်ကိုယ်ဘေးကစကားလာပြောနေသလားတောင်ထင်ရတယ်။ပျက်စီးနေ
တယ်ဆိုပေမဲ့တော်တော်
များများအကောင်းကျန်သေးတာကိုတော့သဘာဝတရားနဲ့လူတွေကိုကျေးဇူးတင်ရမယ်။ သဘာဝတောကြီးတစ်ခုလုံးကိုထိမ်းသိမ်းထားပြီးလာလည်သူတွေကိုအမောပြေစေတယ်
။မြန်မာပြည်ကပုဂံကိုသတိရလိုက်တာ။
သစ်တောတွေနဲ့သာစိမ်းလမ်းနေမယ်ဆိုရင်မြန်မာပြည်က
ပုဂံလည်းပဲ့အန်ကောဝပ်လိုဖြစ်လာမှာပါ။အခုတော့ဒို့မြန်မာပြည်ကပုဂံ
ဘုရားများဟာနေပူပူအောက်မှာလူသားများကိုတရားပြနေရရှာတယ်။

Wednesday, June 15, 2011

ထားဝယ်ရာဇဝင်သမိုင်းစာအုပ်

Merge the Images


သူများလုပ်ပြီးသားတွေကိုပဲ့ဆွဲပြီးသုံးနေမိတဲ့အကျင့်ကြောင့်လားတော့မသိဘူးကိုယ်တိုင်စာအုပ်လေး
တစ်အုပ်လုပ်ကြည့်တာတော်တော်မလွယ်မှန်းသိလာတယ်။အင်တာနက်မှာလိုက်ရှာတာမရတဲ့အဆုံး
ကိုယ်တိုင်လုပ်ကြည့်ရင်ကောင်းမှာပဲ့လို့စိတ်ကူးရင်းသူများဆီကစာအုပ်ငှါးလုပ်ရတာဆိုတော့စာအုပ်
စုပ်ပြဲသွားမှာစိုးလို့စာအုပ်ကိုညှာနေရတာနဲ့ပဲ့စကင်ဖတ်ရာမှာအမဲတွေပါသွားတယ်။
စာအုပ်တစ်အုပ်ကိုအခုအစမ်းတင်ကြည့်တာဆိုတော့ချွတ်ယွင်းချက်လေးတွေပါနေမှာပါ။
သမိုင်းပျောက်ရင်လူမျိုးပါပျောက်တယ် တဲ့ ငါတို့သမိုင်းကိုငါတို့ထားဝယ်လူမျိုးတွေးအားလုံးသိထား
ကြရင်လူမျိုးမပျောက်တော့ဘူး။ အခုနောက်ပိုင်းလူတွေပိုသိလာလေ ထားဝယ်အကြောင်းကိုပိုသိသင့်
လေပါပဲ့ ။တချို့ရခိုင်တွေဆိုရင် ထားဝယ် ဆိုတာ ငါတို့လူမျိုးကဆင်းသက်လာတယ်ဆိုပြီး ပြောသံတွေကို
ကြားနေရလေတော့ ရခိုင်နဲ့ ထားဝယ်ဘယ်လိုဆက်စပ်သလဲ ?
ဘာမှမဆက်စပ်ကြောင်းသိချင်ရင်စာအုပ်ကိုသေသေချာချာဖတ်လိုက်ပါ။

(မှတ်ချက်) နောက်ထပ်ဒီထက်ကောင်အောင်ပြန်လုပ်ပြီဆက်တင်ထားနိုင်အောင်
ကြိုးစားမယ်။

Tuesday, June 14, 2011

ထားဝယ်အကြောင်းစာအုပ်

u_kyaw_min_book

Friday, April 15, 2011

လတန်ခူး

တန်ခူး
ဦးကြင်ဥ


အထောက်ကတဲ့ မတန်။
ရွှေကံ့ကော် ဇမ္ဗူကျုံးလို့
ကြူဆုံးတသိန် တင့်ပါဘိ
ပန်းမင့်လွတ်စံ။
မိဿဘုံ
ဂဠုန်ကူးတွင်မှ
ကြုံဘူးလေ့ဖြစ်ဟန်
ရစ်တံပိုင့်ဆင်တော်နဲ။
ချိန်ခါနွေ
ဣန္ဒာဆွေ ဘူပတိသော်မှ
ပူမိရင် ဘယ်ဖြေနိုင်လိမ့်
ခြယ်ရွှေစိုင် နေရုလေးနှင့်
ရာဇူမှာ-သာပြူသေးချည်ငဲ့
ဆွေးတော်ညံ့ပဲ။

ဦးကြင်ဥ

Sunday, March 27, 2011

NET WORK ကွန်ရက်ချိတ်နည်း စာအုပ်


ကျွှန်တော့်ဘ၀မှာ NET WORKING ပိုင်းကိုစတင်လေ့လာတုန်းကအNET WORK ပိုင်းဆိုင်ရာ
ဗဟုသုတတွေကော။အတတ်ပညာတွေပါရရှိစေခဲ့တဲ့။
သတင်းအချက်အလက်ဆက်သွယ်ရေးစနစ်
ဆိုတဲ့မြန်မာလိုရေးသားထားတဲ့။ NET WORK စာအုပ်လေးပါ။
အဆင်ပြေကြပါစေဗျာ။
ကိုမြတ် ဆိုဒ်ကကူးထားပါသည်။

Size.... 550Kb


Friday, March 25, 2011

အင်တာနက်အသုံးပြုနည်းစာအုပ်

အင်တာနက်အသုံးပြုခါစလူငယ်များ
အဆင်ပြေအောင်လမ်းညွှန်ပြသပေးမဲ့
ကိုမျိုးသူရရေးထားတဲ့စာအုပ်ပါ။
ကိုမြတ် ဆိုဒ်မှာတွေ့လို့ကောက်သိမ်း
ထားလိုက်တယ်။လိုအပ်သူများကို
တဆင့်ပေးလို့ရအောင် ။
အောက်မှာဒေါင်းလော့ဆွဲလိုက်ပါ။
ဒေါင်းလော့ဆွဲရင် ပေးထားတဲ့စာတွေ
ဖြည့်ပြီးမှဆွဲပါ။








Saturday, March 19, 2011

WINDOW 7 တင်နည်းမြန်မာလိုစာအုပ်

ကျွှန်တော်တို့ မြန်မာချက်အွန်လိုင်း မိသားစု မှ kosannyeinnn ရေးသားထားတဲ့

WINDOW 7 တင်နည်းမြန်မာလိုစာအုပ်ပါ။

အဆင်ပြေကြပါစေ။


DeskCalc 5.2.13

ဒါလေးကစတိုးဆိုင်တွေမှာသုံးတဲ့
စာရင်းတွေလုပ်တဲ့ဆောလ်ဝဲကောင်း
လေးတစ်ခုပါ ကိုယ်တိုင်အသုံးမပြုသေးရင်
တောင်မှအသုံးပြုမဲ့သူမေးလာရင်
အဆင်သင့်ညွှန်းနိုင်အောင်တင်ထား
လိုက်တယ်။
ဒီမှာဒေါင်းလော့ဆွဲလိုက်ပါ။

Wednesday, March 2, 2011

ထားဝယ်ရေနက်ဆိပ်ကမ်းစိန်ခေါ်မှုများ

၂၀၁၁ ခုနှစ်သို့ ဝင်ရောက်လာသည်နှင့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ၊ ကုန်သည်ပွဲစားများ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ မီဒီယာများသာမက သာမန်ပြည်သူများပါ စိတ်ဝင်စားနေသည်မှာ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကိစ္စဖြစ်သည်။ တဆက်တည်းတွင် အထူးစီပွားရေးဇုန် စီမံကိန်းလည်း အပါအဝင်ဖြစ်သည်။

ထိုစီမံကိန်းကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၆၀၀ ကျော် အကုန်အကျခံကာ တည်ဆောက်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် အကြီးမားဆုံး ရင်းနှီးမြုပ်နှံမှုဖြစ်လာမည့် စီမံကိန်း ဖြစ်သော်လည်း နအဖ စစ်အစိုးရသည် ပြည်သူအား အသိပေးခြင်း လုံးဝ မပြုလုပ်ခဲ့ပေ။ ၎င်းတို့ ထိန်းချုပ်ထားသည့် သတင်းဌာန၊ မီဒီယာများမှလည်း ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

မည်သူမဆို ကိုယ့်ဒေသ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လာမည်ဆိုလျှင် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြပေလိမ့်မည်။ ဂုဏ်ယူကြပေလိမ့်မည်။ ထားဝယ်ဒေသရှိ ပြည်သူများသည်လည်း ဝမ်းမြောက် ဂုဏ်ယူချင်ကြသူများ ဖြစ်မည်သာ။

သို့သော် ထို ဖွံ့ဖြိုးတိုးတက်မှုကို မည်သူတွေက မည်သည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကြသည်၊ မည်သို့သော အကျိုးအမြတ်များကို မျှော်ကိုး၍ လုပ်ကိုင်ကြသည်၊ ရင်းနှီးမြုပ်နှံကြသည်ကိုမူ အထူးသတိပြုရန် လိုပါသည်။

သေချာသည်မှာ ထိုဒေသရှိ ရေမြေ သယံဇာတများ အမြောက်အများ ပေးဆပ်လိုက်ရပေတော့မည်။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံအတွက်၊ ထိုဒေသရှိပြည်သူများအတွက် အကျိုးကျေးဇူး မည်မျှရရှိမည်ကိုမူ အသေအချာ ဆန်းစစ်ရန် လိုအပ်ပေလိမ့်မည်။

ရေမြေ သယံဇာတများအပြင် ဘာသာစကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးစံများကိုပါ ပေးဆပ်ရမည်ကိုမူ မည်သူမျှ သဘောတူနိုင်မည်မဟုတ်ပေ။ ထားဝယ်ဒေသရှိ ပြည်သူများသည်လည်း သဘောတူနိုင်ကြမည် မဟုတ်ပေ။

ရေမြေသယံဇာတများနဲ့ ထားဝယ်ဒေသ

ထားဝယ်ဒေသဆိုသည်မှာ ဟိုးယခင် နှစ်ပေါင်းများစွာကတည်းက ရေမြေသယံဇာတ များစွာပိုင်ဆိုင်သည့် ဒေသတခု ဖြစ်ပေသည်။

ထားဝယ်ဒေသရှိ ဟိန္ဒား၊ ကံပေါက်၊ ဟာမြင်းကြီး သတ္တုတွင်းများသည် ခဲမဖြူ၊ အဖြိုက်နက် အများဆုံးထွက်ရှိသော နယ်မြေများဖြစ်သည်။ ထို့အပြင် ရွှေကြောများလည်း တွေ့ရှိထားသောဒေသ ဖြစ်သည်။ ရာဘာခြံ၊ ကွမ်းခြံ အမြောက်အများရှိသည်။ သဘာဝပုလဲ အကောင်းဆုံးထွက်ရှိသော ဒေသဖြစ်ပြီး ရေလုပ်ငန်းတွင်လည်း မွေးမြူရေးစီမံကိန်း အများအပြားရှိသော ဒေသလည်း ဖြစ်သည်။ ကျောက်နီမော် ပုစွန်မွေးမြူရေး လုပ်ငန်းသည်လည်း တနင်္သာရီတိုင်းတွင် အကြီးဆုံးမွေးမြူရေးစခန်းတခု ဖြစ်သည်။

၁၉၈၇ ခုနှစ်တွင် တနင်္သာရီကမ်းရိုးတန်း ရေလုပ်ငန်းအားလုံး၏ ဝင်ငွေ ၁၀ ရာခိုင်နှုန်း ရှာပေးမည့် ရေငန် ပုစွန်မွေးမြူရေး စီမံကိန်းကြီးတခုကို လောင်းလုံမြို့နယ်၊ ပြင်ကြီးကျွန်းတွင် စတင်အကောင်အထည် ဖော်ခဲ့ဖူးသည်။ တကန်လျှင် ၁၂၅ ဧကရှိသော ကန် ၆ ကန် တည်ဆောက်မည်ဖြစ်ပြီး ဒီရေအတက်အကျပေါ် မူတည်၍ သဘာဝဖြင့် အလိုအလျောက် ရေလဲလှယ်သောစနစ်ကို အသုံးပြုမည့် စီမံကိန်းဖြစ်သည်။ သို့သော်လည်း နိုင်ငံရေး မတည်ငြိမ်မှုကြောင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ ချေးငွေရပ်ဆိုင်းလိုက်သည့်အတွက် စီမံကိန်းပျက်သွားခဲ့ရသည်။

မြန်မာနိုင်ငံတွင် အကောင်းဆုံး ပင်လယ်ကမ်းခြေဖြစ်သည့် မောင်းမကန် ကမ်းခြေရှိသည့်ဒေသလည်း ဖြစ်သည်။ သဲသောင်ပြင် ကျယ်ပြောခြင်း၊ သဲဖြူခြင်း၊ ကြည်လင်သော ရေဖြစ်ခြင်း၊ ပြေပြစ်သော ကမ်းခြေဖြစ်ခြင်း၊ ရေချိုတွင်းများရှိခြင်း၊ ရေပူစမ်းရှိခြင်းတို့ကြောင့် အနားယူရန်အကောင်းဆုံး ကမ်းခြေအခု၏ သွင်ပြင်လက္ခဏာနှင့် ပြည့်စုံသည့်နေရာပင်ဖြစ်သည်။

သို့သော်လည်း နိုင်ငံခြားသားများ သွားလာခွင့် မပြုခြင်း၊ ခေတ်မီသော အပန်းဖြေစခန်းတခုအဖြစ် တည်ဆောက်မှု မပြုခြင်း၊ ပြုပြင်ထိန်းသိမ်းမှု မရှိခြင်း၊ အာဏာပိုင်များက ဘန်ဂလိုပိုင်ရှင်များအား ပြန်လည် မွမ်းမံခွင့် မပြုခဲ့ခြင်းတို့ကြောင့် မောင်းမကန်ကမ်းခြေမှာ ထင်ရှားခြင်း မရှိခဲ့ချေ။

ထားဝယ်ဒေသသည် မိမိဘာသာစကား သီးသန့်ဖြင့် ပြောဆိုသော ဒေသတခုဖြစ်သည်။ ထားဝယ်တိုင်းရင်းသားများတွင် ရိုးရာအ၀တ်အစား၊ အစားအသောက်၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ သီးခြားရှိပြီး အေးချမ်းစွာ နေထိုင်သော လူမျိုးဖြစ်သည်။ အများစုက ဗုဒ္ဓဘာသာ ကိုးကွယ်ပြီး တခြားဘာသာ ကိုးကွယ်သူလည်း အနည်းငယ်ရှိသည်။ ကရင်၊ မွန်၊ ဗမာလူမျိုးများလည်း ရှိပြီး တတူတကွ ပူးပေါင်းနေထိုင်ကြသည်။

စီးပွားရေးအရ ရေလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ရာဘာခြံ၊ ကွမ်းခြံ၊ ဒူးရင်းခြံများတွင် လုပ်ကိုင်ခြင်း၊ သတ္တုတွင်းများတွင် လုပ်ကိုင်ခြင်းအပြင် ထိုင်းနိုင်ငံနှင့် ကူသန်းရောင်းဝယ်ရေး လုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။

ထားဝယ်ဒေသသည် သဘာဝက ပေးထားသော အမွေအနှစ်များ ကြွယ်ဝသည့် ဒေသတခုဖြစ်သောကြောင့် ဉာဏ်အမျှော်အမြင်ကြီးစွာဖြင့် စီမံဆောင်ရွက်မည်ဆိုလျှင် ထားဝယ်ဒေသ တခုတည်းအတွက်သာမက မြန်မာတနိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေမည့်ဒေသတခု ဖြစ်ပေသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း
၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ကျွမ်းကျင်သည့် ပညာရှင်များက ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် ကနဦးလေ့လာမှု ပြုလုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံ Italian-Thai Development ကုမ္ပဏီနှင့် မြန်မာအစိုးရတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၀၈ ခုနှစ်မှ စ၍ ကနဦးလေ့လာမှုအဆင့် (Initial phase)၊ စမ်းသပ်ကွင်းဆင်းအဆင့် (Preparation Phase)နှင့် တည်ဆောက်မှု အဆင့် ၁ (Construction Phase 1)၊ အဆင့်၂ (Construction Phase 2)၊ အဆင့်၃ (Construction Phase 3) ဟူ၍ အဆင့် ၅ ဆင့်ခွဲ၍ စီမံကိန်းရေးဆွဲခဲ့သည်။

စမ်းသပ်ကွင်းဆင်းအဆင့်သည် ၂၀၀၈ ဇွန်လ မှ ၂၀၀၉ နှစ်ကုန်အထိ တနှစ်ခွဲ စီမံကိန်းဖြင့် ပြုလုပ်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တာဝန်ရှိသူများအကြား မူဘောင်သဘောတူညီမှုစာချုပ် (Concession signing) ကို ၂၀၀၉ နိုဝင်ဘာလ ၂ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

တည်ဆောက်ရေးလုပ်ငန်း အဆင့် ၁ ကို ၂၀၁၀ မှ ၂၀၁၄ အထိ ၅ နှစ်စီမံကိန်းဖြင့်လည်းကောင်း၊ အဆင့် ၂ ကို ၂၀၁၃ မှ ၂၀၁၇ အထိလည်းကောင်း၊ အဆင့် ၃ ကို ၂၀၁၅ မှ ၂၀၁၉ အထိလည်းကောင်း အသီးသီးစီမံကိန်းချ အကောင်အထည် ဖော်သွားမည်ဖြစ်သည်။ ထို့ကြောင့် စီမံကိန်းမှာ ၂၀၁၀ မှ ၂၀၁၉ အထိ ၁၀ နှစ်အတွင်း ပြီးစီးအောင် တည်ဆောက်မည့် စီမံကိန်းဖြစ်သည်။

Tavoy_1

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း အဆင့်ဆင့်ပြဇယား


လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ထားဝယ် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံ ကန်ချနပူရီသို့ သွယ်တန်းဖောက်လုပ်မည့် ၁၀၅ မိုင်အရှည်ရှိ ၈ လမ်းသွား စူပါဟိုင်းဝေးကားလမ်း၊ ရထားလမ်း၊ ဓာတ်အားလိုင်းများ၊ ရေနံ၊ သဘာဝပိုက်လိုင်းများ ပါဝင်ပြီး နယ်ခြားဝင်ထွက်ဇုန်တို့ ပါဝင်သည်။ ထို ဆက်သွယ် တည်ဆောက်ရေးဆိုင်ရာ စီမံကိန်းများကို နှစ် ၆၀ သက်တမ်းရှိ BOT (တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်း) စနစ်ဖြင့် အကောင်အထည်ဖော်မည် ဖြစ်သည်။

Tavoy_2

စက်မှုဇုန်နယ်မြေနှင့် ထိုင်းနိုင်ငံ ကန်ချနပူရီ သို့ ၈ လမ်းသွား စူပါဟိုင်းဝေးကားလမ်း၊ ရထားလမ်းနှင့် ဓာတ်အားလိုင်းပုံစံငယ်



Tavoy_3

နယ်ခြားဝင်ထွက်ဇုန်



အထူးစီးပွားရေးဇုန်စီမံကိန်း
တည်ဆောက်ရေးလုပ်ငန်းများ အနေဖြင့် ၂၀၀၈ ခုနှစ် ဇွန်လမှ ၂၀၀၉ မေလအထိ ၂၅၀ စတုရန်း ကီလိုမီတာကို လွှမ်းခြုံနိုင်သည့် ကွင်းဆင်းစမ်းသပ်မှု (land site survey) များ ပြုလုပ်ခဲ့သည်။

စက်မှုဇုန် ဇုန် အေ (Zone A) မှ ဇုန် အက်ဖ် (Zone F) အထိ ဇုန် ၆ ခု သတ်မှတ်ပြီး တည်ဆောက်သွားမည် ဖြစ်သည်။

ဇုန် အေ တွင် ရေနက်ဆိပ်ကမ်း ၂ ခု နှင့် အကြီးစား စက်မှုလုပ်ငန်းဇုန်တို့ ပါဝင်သည်။ ထို ရေနက်ဆိပ်ကမ်း ၂ ခုတွင် တန်ချိန် ၂ သောင်းမှ ၅ သောင်းအထိ တင်နိုင်မည့် သင်္ဘော ၂၅ စီး တပြိုင်နက်တည်း ကုန်တင်ကုန်ချလုပ်နိုင်မည့် ဆိပ်ခံတံတား ၂၂ ခု တည်ဆောက်မည်ဖြစ်သည်။ အကြီးစားစက်မှုလုပ်ငန်းတွင် သင်္ဘောကျင်း၊ ကုန်လှောင်ရုံ၊ သံမဏိစက်ရုံ၊ ဓာတ်မြေသြဇာစက်ရုံ၊ ကျောက်မီးသွေးစက်ရုံများ ပါရှိမည်ဖြစ်သည်။

ဇုန် ဘီ တွင် လောင်စာစွမ်းအင် ထုတ်လုပ်ရေး စက်ရုံများမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ သိုလှောင်ရုံ၊ ရေနံချက် စက်ရုံ၊ သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံ၊ ပြုပြင်ထိန်းသိမ်းရေးစက်ရုံ (combined cycle power plant) တို့ ပါဝင်သည်။

ဇုန် စီ တွင် ရေနံဓာတု ဆိုင်ရာ စက်မှုလုပ်ငန်းများ ပါဝင်သည်။ ဇုန် ဒီ တွင် အလတ်စား စက်မှုလုပ်ငန်းများဖြစ်သည့် အထည်အလိပ်စက်ရုံများ၊ ဆောက်လုပ်ရေး ပစ္စည်း စက်ရုံများ၊ ကားတာယာစက်ရုံများ စသည်ဖြင့် ပါဝင်မည်ဖြစ်သည်။

ဇုန် အီး တွင် အပေါ့စား စက်မှုလုပ်ငန်းများဖြစ်သည့် အဝတ်အစားစက်ရုံများ၊ အစားအသောက် ထုတ်လုပ်ရေး စက်ရုံ၊ လျှပ်စစ်ပစ္စည်းထုတ်စက်ရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ စသည်ဖြင့်ပါဝင်သည်။ ဇုန် အက်ဖ်တွင် ကုန်တိုက်များ၊ ကုန်သွယ်ရေး အဆောက်အဦများ၊ အုပ်ချုပ်ရေး အဆောက်အဦများ၊ ကျောင်းများ၊ ဆေးရုံများ၊ လူနေအိမ်ရာများ ပါဝင်သည်။


Tavoy_4

ထားဝယ်ရေ နက်ဆိပ်ကမ်း စီမံကိန်းနှင့် အထူးစီပွားရေးဇုန်ပုံစံငယ်




စီမံကိန်း၏ အကောင်း၊ အဆိုး သက်ရောက်မှုများ
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် ထိုဒေသအတွင်း ဖြစ်ပေါ်လာမည့် အကောင်းအဆိုး အကျိုးသက်ရောက်မှုများကို ကဏ္ဍများခွဲ၍ ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာဆန်းစစ်ကြည့်နိုင်သည်။

(က) ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ
ထားဝယ်ဒေသမှ ထိုင်းနိုင်ငံ ကန်ချနပူရီသို့ သွယ်တန်းဖောက်လုပ်မည့် စူပါဟိုင်းဝေးကားလမ်း၊ ရထားလမ်းများ ပေါ်ပေါက်လာသည့်အတွက် ဒေသထွက် ကုန်စည်များ စီဆင်းမှုတိုးတက်လာမည်ဖြစ်သည်။ ယခင်က ကုန်ကြမ်းပစ္စည်းများ ထွက်ရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဈေးကွက်သို့ မရောက်နိုင်ဘဲ ဖြစ်ခဲ့ရာမှ ယခုအခါ ကုန်ကြမ်းပစ္စည်းများ ဈေးကွက်သို့ လျှင်မြန်စွာ ရောက်ရှိနိုင်မည်ဖြစ်သည်။ ဥပမာ (ရာဘာ၊ ရေလုပ်ငန်းနှင့် မွေးမြူရေးထွက်ကုန်များ၊ စိုက်ပျိုးရေးထွက်ကုန်များ)

နောက် အကျိုးဆက်တခုအနေနှင့် စီးပွားရေးဇုန် အနီးတဝိုက်ရှိ မြေကွက်များ အဆမတန် ဈေးမြင့်တက်လာမည် ဖြစ်သည်။ လျှော်ကြေးငွေများ ရရှိနိုင်မည်။

သို့သော်လည်း မြေယာသိမ်းဆည်းမှုများ၊ ဒေသခံများ မောင်းထုတ်ခြင်းခံရခြင်းများ ဖြစ်လာဖွယ်ရှိသည်။ ထိုသို့သော သာဓကများလည်း မြန်မာနိုင်ငံတွင် များစွာရှိခဲ့သည်။ သဘာဝဓာတ်ငွေ့၊ ရေနံပိုက်လိုင်းသွားရာ လမ်းတလျှောက် ဒေသခံများပိုင်ဆိုင်သည့် မြေယာများ၊ ခြံမြေများ၊ လူနေအိမ်များကို လျှော်ကြေးမပေးဘဲ အတင်းအကျပ်ဖယ်ခိုင်းခြင်း၊ ရေကာတာ တည်ဆောက်ရာတွင်လည်း ဒေသခံများအား မောင်းထုတ်ခြင်း၊ စက်မှုဇုန်များ၊ ကမ်းခြေများ တည်ဆောက်ရာတွင်လည်း ထိုသို့ သိမ်းဆည်းမှု၊ မောင်းထုတ်မှုများ အမြောက်အများရှိခဲ့သည်ကို တွေ့ရှိရပြီးဖြစ်သည်။

ထို့အပြင် နအဖ ကျင့်သုံးနေသည့် နောက်တနည်းမှာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေသည့် တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်ပြီး ရွာသားများ ထွက်ပြေးစေသည့်နည်း ဖြစ်သည်။ ယခု စီမံကိန်းတွင်လည်း စီမံကိန်းဝင် ဒေသတလျှောက် ရွာအမြောက်အများကို ထိုးစစ်ဆင်ပြီး ရွာများကို ဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများ ပြုလုပ်နေသည်ကို တွေ့ရပေမည်။ ထို ထိုးစစ်ကြောင့် ကရင်လူမျိုးများနှင့် ဒေသခံများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးပြီး ဒုက္ခသည်စခန်းများနှင့် နယ်စပ်ဒေသတွင် ခိုလှုံ၊ ပုန်းအောင် နေထိုင်ရသည်မှာ သောင်းချီရှိခဲ့သည်။

ဤသည်မှာ စီမံကိန်း မဖြစ်မြောက်မီ ကနဦး ခံစားရသော ဆိုးကျိုးသက်ရောက်မှုပင်ဖြစ်သည်။ တနည်းအားဖြင့် ကနဦးပေးဆပ် စတေးလိုက်ရသော အရင်းအမြစ်များပင် ဖြစ်ပေတော့သည်။ ထိုဒေသတလျှောက်ရှိ ပြည်သူများအနေဖြင့် ဆိုးကျိုးများကိုသာ ခံစားလိုက်ကြရသည်။

စီးပွားရေးဇုန်များ သတ်မှတ်လိုက်သည့်အတွက် ရုပ်ဝတ္ထုအကောင်အထည်များ သိသာစွာမြင်တွေ့လာရမည် ဖြစ်သည်။ ဒေသခံများ မမြင်ဖူးသည့် သင်္ဘောကျင်းများ၊ အဆောက်အအုံများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ကုန်တိုက်များ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ အသက်မွေးဝမ်းကျောင်း သိပ္ပံများ၊ ခေတ်မီသော စက်မှုမြို့တော်ကြီးတခု ရုတ်တရက် လျှင်မြန်စွာ ပေါ်ပေါက်လာသည်ကို တွေ့မြင်လာကြရမည်ဖြစ်သည်။

ဒေသခံများအနေဖြင့် ထိုသို့ပေါ်ပေါက်လာသော စက်မှုမြို့တော်ကြီးသို့ မည်သို့ချည်းကပ်ရမည်ဆိုသည်မှာ ပထမဆုံး ကြုံတွေ့ရမည့် စိန်ခေါ်မှုတရပ်ပင် ဖြစ်သည်။

ဒေသဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူနေမှုစရိတ်လည်း မြင့်မားလာမည်ဖြစ်သည်။

ထိုဒေသအတွင်းနေထိုင်သူများ အလုပ်အကိုင်ရရှိဖို့ အခွင့်အလမ်းကောင်းများ ရရှိလာမည်ဖြစ်သော်လည်း ဒေသခံများအများစုသည် အသိပညာ၊ အတတ်ပညာရှင်များ မဟုတ်သောကြောင့် လစာနည်း အောက်ခြေသိမ်းအလုပ်၊ အခြေခံအလုပ်များကိုသာ ရရှိကြပေမည်။

မြန်မာနိုင်ငံသားတဦး၏ အခြေခံလုပ်အားခမှာ မြန်မာကျပ်ငွေ ၃၅၀၀ ရရှိနေကြသည်။ ယနေ့ကုန်ဈေးနှုန်း အရဆိုလျှင် လူတယောက်၏ နေထိုင်စားသောက်စရိတ် လောက်ငှရုံသာဖြစ်သည်။ လတ်တလောကာလတွင် အလုပ်လုပ်နေရသော မြန်မာပြည်များအား လုပ်ငန်းခွင်အတွင်း အနားယူရန် နေရာထိုင်ခင်းများစီစဉ်ပေးခြင်း၊ ညအိပ်ညနေအတွက် စီစဉ်ပေးရှိခြင်း၊ သက်သောင့်သက်သာ ဝယ်ယူစားသောက်နိုင်ရန် စီစဉ်ပေးခြင်း စသည့် အလုပ်သမားများအတွက် လူမှုဖူလုံရေး အစီအစဉ်များလည်း မရှိခဲ့ပေ။

စီမံကိန်း ပြီးစီးပါက လူနေမှုအဆင့်အတန်း (living standard) မြင့်တက်လာသည်နှင့်အမျှ လူနေမှု စရိတ်လည်း မြင့်မားလာမည်သာဖြစ်သည်။ သို့အတွက် အခြေခံ အလုပ်သမားများအနေဖြင့် ရရှိသော လုပ်အားခနှင့် ထိုမြင့်မားလာသော လူနေမှုစရိတ်များကို အမီလိုက်နိုင်ရန်အတွက်မှာ ကြီးစွာသော စိန်ခေါ်မှုတခုပင် ဖြစ်သည်။

ယခင်က ထိုမျှဝင်ငွေမရကြသော်လည်း မိရိုးဖလာလုပ်ငန်းများ၊ အသားကျနေပြီဖြစ်သော ပုံမှန်လုပ်ငန်းများဖြင့် မိသားစု စားဝတ်နေရေးကို ဖြေရှင်းခဲ့ကြသည်။ တချို့ တံငါလုပ်ငန်းများဖြင့် အသက်မွေးမြူကြရာ အစားအသောက်အတွက် ပူပင်ကြောင့်ကြရန် မလိုပေ။ စက်မှုမြို့တော်ကြီး ဖြစ်လာသောအခါ ရေလုပ်ငန်းနှင့် မွေးမြူရေုးလုပ်ငန်းများကို ငွေရှင်၊ ကြေးရှင်များက လက်ဝါးကြီး အုပ်လာမည်သာဖြစ်သည်။ ထိုအခါ ကိုယ့်လှေ၊ ကိုယ်ကျားဖြင့် ငါးဖမ်း၊ ကျားထောင်ရာမှ သူတပါး၏ အလုပ်သမားဖြစ်ကြရတော့မည်။ ထိုသို့ဆိုလျှင် ဖွံ့ဖြိုးလာသည့် အသီးအပွင့်တို့ကို ဒေသခံများ မည်မျှခံစားရမည်နည်းဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာတော့သည်။

(ခ) ပညာရေးကဏ္ဍ
ပညာရေးကဏ္ဍကို ကြည့်လျှင်လည်း ပေါ်ပေါက်လာမည့် မစ်ရှင်ကျောင်းများ၊ ခေတ်မီသော သက်မွေးပညာရပ် သင်တန်းကျောင်းများကို ဒေသခံများ၏ မည်မျှသောရာခိုင်နှုန်းက သင်ယူခွင့်ရရှိကြည်မည်နည်း။ ယခင်နှင့် မတူသည့် မြင့်မားလှသည့် ကျောင်းစရိတ်များ ကာမိအောင် မိဘများက စွမ်းဆောင်နိုင်ကြမည်လော။

ခေတ်နှင့်အမီ လိုက်နိုင်လောက်သည့် ဝင်ငွေရရှိမှသာ ထိုပညာရပ်များကို သင်ကြားနိုင်ခွင့် ရရှိကြမည် ဖြစ်သည်။

ထိုသို့မဟုတ်ပါက ယခင်ကဲ့သို့ ဘုန်းတော်ကြီး ပညာသင်ကျောင်းများ၊ အစိုးရကျောင်းများတွင်ပင် ဆက်လက် ပညာသင်ကြားရမည်သာဖြစ်သည်။ ထိုကျောင်းများ ဆက်ရှိလိမ့်မည် ဟုတ်မဟုတ်ကိုလည်း မည်သူမျှ မမှန်းဆ နိုင်သေးပေ။ ထိုအခါ ကွာဟလှသော ပညာရေးစနစ် ၂ ခုအကြားတွင် နိမ့်ကျသည့် ပညာရေးကိုပင် ဆက်လက် သင်ကြားရပေမည်။ အကျိုးဆက်အနေဖြင့် ဝင်ငွေကောင်းသော အလုပ်ရနိုင်ရန် အလှမ်းဝေးနေလိမ့်ဦးမည်။ လတ်တလော စားဝတ်နေရေးဖြေရှင်းရန်အတွက် အောက်ခြေအလုပ်များကိုပင် မဖြစ်မနေ လုပ်ကြရပေတော့မည်။

ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းက ထိုဒေသခံများ၏ ပညာရေးမြင့်မားလာအောင် နောင်နှစ်ပေါင်း အတော်ကြာအောင် စောင့်ခိုင်းပေတော့မည်။

(ဂ) သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးကဏ္ဍ
သဘာဝ ပတ်ဝန်းကျင်နှင့် ကျန်းမာရေးကဏ္ဍအနေဖြင့် စက်ရုံကြီးများမှ ထွက်ရှိလာမည့် မီးခိုးများ၊ စွန့်ပစ် ပစ္စည်းများကြောင့် ထိုဒေသတွင် သဘာဝပတ်ဝန်းကျင် အကြီးအကျယ် ထိခိုက်မည်မှာ အသေအချာဖြစ်သည်။

ဤအချက်မှာ အစိုးရအနေဖြင့် အလေးအနက်ထားရမည့် ကိစ္စတခုဖြစ်သော်လည်း သက်ဆိုင်ရာ အစိုးရနှင့် လုပ်ငန်းရှင်များအကြား မည်သို့သော စီမံကိန်းချ ဆောင်ရွက်ထားသည်၊ မည်သို့ သဘောတူညီချက်များ ရှိထားသည်ကိုမူ မည်သည့်နေရာတွင်မှ မတွေ့ရပေ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး စီမံကိန်းများချမှတ်ထားခြင်းလည်း အသေအချာ မရှိသေးပေ။

ဆိုးကျိုးများအနေဖြင့် ထိုဒေသရှိ သစ်တောများပြုန်းတီးခြင်းနှင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များ၊ မြစ်ချောင်းများ တိမ်ကောမှု၊ ရာသီဥတုမမျှတမှုစသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းများ ဖြစ်ပေါ်လာနိုင်ပေသည်။

ထိုမှတဆင့် ဒေသခံများ၏ ကျန်းမာရေးအတွက် အလွန်စိုးရိမ်စရာ ကောင်းသောအန္တရာယ်နှင့် ရင်ဆိုင်ရဖွယ်ရှိသည်။ အထက်တွင် ဖော်ပြခဲ့သကဲ့သို့ စက်မှုမြို့တော်ကြီး၏ အင်္ဂါရပ်နှင့်အညီ ကျန်းမာရေးစရိတ်စကလည်း အလွန်အမင်း တက်လာမည်ဖြစ်သောကြောင့် ဒေသခံများ ဆေးကုသခွင့် ရရှိရေးသည်လည်း ကြီးစွာသော စိန်ခေါ်မှု တရပ်ပင်ဖြစ်တော့မည်။

(ဃ) လူမှုရေးကဏ္ဍ
လူမှုရေးကဏ္ဍမှာ အဆိုးရွားဆုံး ရင်ဆိုင်ရမည့် စိန်ခေါ်မှုပင်ဖြစ်သည်။

ကိုယ့်ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာနှင့် နှစ်ပေါင်းများစွာ အသားကျ နေပြီဖြစ်သော ထိုဒေသခံများသည် လူမှုရေးစိန်ခေါ်မှုအသစ်နှင့် ရင်ဆိုင်ကြရပေမည်။ စီမံကိန်း စတင်အခြေချသည့် နဘုလယ်ထိန်ကြီးရွာသည် ထားဝယ်ဒေသ၏ ဘာသာစကား၊ ယဉ်ကျေးမှု အနက်ဆုံး နေရာဖြစ်သည်။ ယခုတော့ ထိုဒေသကို ဝါးမြိုခြင်းခံရပေတော့မည်။ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ လာရောက်မည့်၊ နိုင်ငံတကာမှ အမျိုးမျိုးသော မတူကွဲပြားသည့် လူမျိုးများ လာရောက်အခြေချမည့် ဒေသဖြစ်လာတော့မည်။

ထိုအခါ မည်သည့်ဘာသာစကားဖြင့် ပြောဆိုဆက်ဆံကြမည်နည်း။

ဖြစ်လာမည်မှာ အဓိကအားဖြင့် မြန်မာဘာသာစကားနှင့် အင်္ဂလိပ်ဘာသာစကားသည် လူမျိုးတမျိုးနှင့်တမျိုး ဆက်ဆံရာတွင် လွယ်ကူသော ဘာသာစကားများဖြစ်၍ အသုံးအများဆုံး ဘာသာစကားများဖြစ်လာပေမည်။ နောင်နှစ်ပေါင်း ကြာလာသည်နှင့်အမျှ ဒေသခံစကားဖြစ်သည့် ထားဝယ်စကား တစတစ မှိန်းမှိန် လာမည်ကိုတော့ စိုးကြောက်ရပေသည်။ ရှေးသာဓကများအနေနှင့် ထားဝယ်ဒေသသို့ ပြောင်းရွှေ့အခြေချလာသော အစိုးရ အမှုထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများသည် မြန်မာဘာသာဖြင့်သာ ပြောဆိုသည့်အတွက် ထားဝယ်သားများ အနေဖြင့် သူတို့အား မြန်မာဘာသာဖြင့်သာ ပြောဆိုဆက်ဆံခဲ့ရသည်။

သို့သော်လည်း ရုံးများ၊ မိုင်းတွင်းများတွင် အများစုမှာ ဒေသခံများဖြစ်သည့်အတွက် ပြောင်းရွှေ့လာသော ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဆက်ဆံမှုမှလွဲ၍ မိမိ ထားဝယ်ဘာသာစကားဖြင့်သာ ပြောဆိုဆက်ဆံကြသည်။ ယခုအခါ ထိုသို့ မဆိုစလောက်သော လူနည်းစု ပြောင်းရွှေ့လာမည်မဟုတ်ဘဲ၊ အစုလိုက် အပြုံလိုက် ပြောင်းရွှေ့ နေထိုင်အခြေချလာမည်ဖြစ်သည်။ ထိုအခါ မိမိဘာသာစကား သုံးစွဲမှုမှာ မသိမသာ တဖြည်းဖြည်းနှင့် တိမ်ကော ပျောက်ကွယ်မှာကို စိုးရိမ်စရာဖြစ်လာသည်။ ထိုနည်းတူစွာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများတွင်လည်း အခြားယဉ်ကျေးမှုများ အနည်းနှင့် အများဆိုသလို ထိုးဖောက် ဝင်ရောက်လာမည်သာဖြစ်သည်။

“မြေမြို၍ လူမျိုးမပြုတ်၊ လူမြိုမှ လူမျိုးပြုတ်မည်” ဟု ဆိုင်းဘုတ်များ ရေးထားသည့် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနကို သတိရမိသည်။ ထားဝယ်လူမျိုးများ အမြိုခံရတော့မည့် အရေးကိစ္စကို ထိုလူဝင်မှု ကြီးကြပ်ရေးဌာနက မည်သို့မျှ အရေးတယူ ဆောင်ရွက်လာတာ မတွေ့ရပေ။

တခြားလူမှုရေး ကဏ္ဍအနေဖြင့် မြန်မာနိုင်ငံတွင် ခေတ်အမီဆုံး မြို့ပြကြီး ဖြစ်ပေါ်လာသည်နှင့်အမျှ တပါတည်း ဖြစ်ပေါ်လာမည့် လူမှုဝန်းကျင်အသစ်လည်း ထပ်တူ ပေါ်ပေါက်လာမည်ဖြစ်သည်။ ဟိုတယ်များ၊ မိုတယ်များ၊ အပန်းဖြေစခန်များ၊ အနှိပ်ခန်းများ၊ ပျော်ပွဲစားရုံများ၊ ဗျစ်ရည်ဆိုင်များ၊ ပချုပ်ဆိုင်များ၊ ကာရာအိုကေဆိုင်များ၊ ညကလပ်များ စသဖြင့် ဇိမ်ခံလူတန်းစားများအတွက် အသုံးအဆောင်အင်္ဂါရပ်များ ပေါ်ပေါက်လာမည်ဖြစ်သည်။ ထိုစားသုံးသူများ၏ လိုအင်ကို ဖြည့်ဆည်းပေးရန်အလို့ငှာ ထိုနေရာများတွင် ထားဝယ်၊ မြန်မာ အမျိုးသမီးများစွာ ပျော်တော်ဆက်အဖြစ် ဝင်ရောက် အလုပ်လုပ်ကိုင်ကြရပေလိမ့်မည်။

မြန်မာနိုင်ငံတွင် ထိုအခြေအနေကို လိုက်လျောညီထွေစွာ လိုက်ပါနိုင်ရန် လူမှုရေးစောင့်ရှောက်မှုစနစ် (Social welfare system) အဆင်သင့်မဖြစ်သေးပေ။ ဇိမ်မယ်များကို တွေ့ရှိပါက ဖမ်းဆီးအရေးယူခြင်းများကို ပြုလုပ်နေသော်လည်း ကူညီစောင့်ရှောက်မှုပေးရမည်ကိုမူ လျစ်လျူရှုထားခဲ့သည်။ ညကလပ်များ၊ အနှိပ်ခန်းများ၊ ကာရာအိုကေဆိုင်များကိုလည်း တရားဝင်မှတ်ပုံတင်ခြင်းမဟုတ်ဘဲ နားလည်မှုများဖြင့်သာ ဖွင့်ခွင့်ပေးထားခဲ့သည်။

ထိုအခြင်းအရာများသည် အမျိုးသမီးများအား အလွယ်အကူ ပျက်စီးအောင်၊ ကူးစက်ရောဂါများ ပိုမိုပြန့်ပွားအောင် အထောက်အကူပေးသလို ဖြစ်နေပေသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ထိုအခြေအနေများကို လိုက်ပါနိုင်အောင် လူမှုရေးစောင့်ရှောက်မှုစနစ် မြှင့်တင်ပေးခဲ့သည်။ မြှင့်တင်ပေးရန်လည်း လိုအပ်သည့် ဓနအင်အားရှိကြသည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဟုဆိုသော်လည်း ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဆင့်မှ တက်ရောက်နိုင်ခဲ့ခြင်း မရှိသေးချေ။ သို့အတွက် မည်သို့သော ကာကွယ်စောင့်ရှောက်မှုစနစ်များ ထားရှိမည်ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာရသည်။ မြန်မာအမျိုးကောင်း သားသမီးများအတွက် ရင်လေးစရာ စီမံကိန်းပင်။

(င) အကျိုးအမြတ်များကို ခံစားရာတွင်
ထိုဒေသမှ ရရှိသော အကျိုးအမြတ်အများစုကို နိုင်ငံတော်မှ ရရှိမည်ဖြစ်သည်။ နိုင်ငံတော်ဆိုသည်မှာ နိုင်ငံတော်ဘဏ္ဍာထဲသို့ ရာခိုင်နှုန်းမည်မျှ ရောက်ရှိသွားမည်ကိုမူ မည်သူမျှ ခန့်မှန်းနိုင်မည်မဟုတ်ပေ။ အဘယ်ကြောင့် ဆိုသော် စစ်အစိုးရနှင့် စာချုပ်ချုပ်ဆိုထားသည်ဖြစ်ရာ ထိုစီမံကိန်းဆိုင်ရာ ကိစ္စအဝဝကို စစ်တပ်မှသာ ကိုင်တွယ် လိမ့်မည်ဟု သိရှိနေကြပေသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းမှနေ၍ စစ်ဗိုလ်ချုပ်ကြီးများ၏ အိပ်ကပ်ထဲရောက်သွားမည့် ငွေကြေး ပမာဏမှာ များစွာရှိပေလိမ့်မည်။

ဖြစ်ပေါ်လာသည့် အစိုးရသစ်ဆိုသည်မှာလည်း စစ်ဗိုလ်ချုပ်များ ဆက်လက်လွမ်းမိုးနေဦးမည်သာ ဖြစ်သောကြောင့် ထူးခြားသော ပြောင်းလဲကိုင်တွယ်မှုများ ဖြစ်ပေါ်လာမဟုတ်ပေ။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းများပြီးစီးသွားပါက ရရှိလာမည့် အကျိုးအမြတ်များသည် နိုင်ငံတော်နှင့် တိုင်းသူပြည်သားများအတွက် မည်သို့သော အကျိုးကျေးဇူးများ ခံစားရမည်နည်း။ နှစ်ပေါင်းမည်မျှခံစားရမည်နည်းဆိုသည့် မေးခွန်းများ၏အဖြေကို နိုင်ငံတော်အစိုးရမှ ပြန်ကြားရန် တာဝန်ရှိပေသည်။ သို့သော် ယနေ့အထိ ပျက်ကွက်နေသည်သာ။

လေ့လာသူများအနေဖြင့် နီးစပ်ရာ အချက်အလက်များ ရှာဖွေ၍ ဆောင်းပါးများ၊ စစ်တမ်းများ၊ အစီရင်ခံစာများ ရေးသားနေခဲ့ကြရသည်။ ဤသည်မှာ တာဝန်ရှိသူ အစိုးရအနေဖြင့် အလွန် ရှက်စရာကောင်းသော လုပ်ရပ်ဖြစ်သလို တာဝန်မဲ့ရာလည်း ကျနေပါသည်။ ပြန်ကြားရန် မဖြစ်နိုင်သည့် လာဘ်စားမှုများ၊ ကိုယ်ကျိုးစီးပွားများ ရှိနေ၍သာ ထိုသို့ ပြန်ကြားရန် ပျက်ကွက်ခြင်း ဖြစ်သည်ဟု ယူဆနိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းများ ပြီးစီးသွား၍ ပေါ်ပေါက်လာမည့် စက်မှုမြို့တော်ကြီးဆိုသည်မှာ စစ်ဗိုလ်ချုပ် မိသားစုဆွေမျိုးများသာ ပိုမို ခေတ်မီဖွံ့ဖြိုးတိုးတက် သွားပြီး၊ ဒေသခံများကမူ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပတ်ဝန်းကျင်ရေးရာ စသည့် ကဏ္ဍအသီးသီးတွင် ဘက်ပေါင်းစုံ ဆုတ်ယုတ်ကျဆင်းစေမည့် စိန်ခေါ်မှုများစွာနှင့်အတိ ဖြစ်နေပါပြီ။

ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို အကောင်အထည်ဖေါ်မည်ဆိုလျှင် ယေဘုယျအားဖြင့်ပြောရလျှင် နိုင်ငံတနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများဖြင့် အကောင်အထည် ဖော်သည်မှာ ကောင်းပါသည်။ သို့သော် မိမိတိုင်းပြည်အခြေအနေနှင့် ကိုက်ညီစွာ အဆင့်ဆင့် အကောင်အထည် ဖော်ရပေမည်။

ထိုသို့ အဆင့်ဆင့် အကောင်အထည် ဖော်နိုင်ရန်အတွက် တိုင်းပြည်တပြည်တွင် တနိုင်ငံလုံးအတိုင်းအတာနှင့် စီးပွားရေးအခြေခံ အဆောက်အအုံ (Infrastructure) များ ဦးစွာတည်ဆောက်ထားရမည်ဖြစ်သည်။

ထိုစီးပွားရေးအခြေခံ အဆောက်အအုံများတွင် ခိုင်မာသည့် ငွေကြေးစနစ်နှင့် ဘဏ်စနစ်၊ နိုင်ငံရေးတည်ငြိမ်မှု၊ ဥပဒေပြုစနစ်၊ တရားစီရင်ရေးစနစ်၊ အစိုးရယန္တရား စသည်တို့ ပါဝင်သည့် အဖွဲ့အစည်းဆိုင်ရာအခြေခံ အဆောက်အအုံ (Institutional Infrastructure) များ၊ ဆေးရုံနှင့် ကျန်းမာရေးဝန်ဆောင်မှု၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ် ကောလိပ်များ၊ လူမှုဖူလုံရေးစနစ်များ စသည့် လူမှုရေးအခြေခံ အဆောက်အအုံ (Social Infrastructure) များ၊ ပြတိုက်များ၊ စာကြည့်တိုက်များ ပါဝင်သည့် ယဉ်ကျေးမှုအခြေခံ အဆောက်အအုံ (Cultural Infrastructure) များ ပါဝင်ပေသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေရုံသာမက စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကနဦးလိုအပ်ချက်ဖြစ်သည့် နိုင်ငံရေးတည်ငြိမ်မှုရှိသည့် နိုင်ငံလည်း မဟုတ်သည့်အပြင် ဖော်ပြခဲ့သည့် အခြေခံအဆောက်အအုံများလည်း မရှိသေးပေ။

ထိုသို့ဆိုလျှင် “အလှမ်းကျယ် အလယ်လတ်”၊ “ဝမရှိဘဲ ဝိ လုပ်”၊ “(ဟိုဟာ) မနိုင်ဘဲ ပဲကြီးဟင်းစား” ဆိုသည့် ဆိုရိုးစကားများအတိုင်း တိုင်းပြည်ဖွံ့ဖြိုးရေးတိုးတက်ရေး မဖြစ်ဘဲ ဒေသတခုတွင် စီးပွားရေးဇုန်စီမံကိန်း ပြုလုပ်ခြင်းသည် ဒေသခံ ပြည်သူများရော၊ နိုင်ငံတနိုင်ငံလုံးပါ ဆိုးကျိုးဆုတ်ယုတ်မှုများကို ရိုက်ခတ် ခံစားကြရပေတော့မည်။

ဆောင်းပါးရှင် နိုင်ကျော် ဧရာဝတီ ဘလော့မှာရေးထားတာကိုကောင်းလွန်းလိုမှတ်ထားလိုက်သည်။
ရေးထားတာတော်တော်ကောင်းတယ် ကိုယ်တောင်ထားဝယ်သားဖြစ်ပေမဲ့အဲလောက်ပြည့်စုံအောင်
မရေးတတ်ဘူး။

Monday, February 28, 2011

စာအုပ်တွေအများကြီးရှိတဲ့ဆိုဒ်




စာအုပ်တွေအများကြီးတင်ထားသော
ဆိုဒ်တစ်ခုပါလိုအပ်ရင်အလွယ်တကူရှာလို့ရ
အောင်မှတ်ထားလိုက်တယ်
ဒီကိုသွားလိုက်

ဒရိုက်ဘာအစုံစစ်မယ်

omments
Widow Xp လား Window Vista လား Window 7

လား လား လာထားစမ်းပါ။ ပျင်းတောင်ပျင်းသေး။ တခြားတော့ မဟုတ်ပါဘူျးော။ Driver တွေကို စစ်ဆေးတဲ့ Software လေးပါဗျာ။ သူက သူ့အလိုလိုစစ်ဆေးပေးပါလိမ်မယ်။ ပြိးတော့

လိုအပ်တဲ့ဟာလေးကို ဒေါင်းရုံပါပဲ။ အဆင်ပြေသလားမမေးပါနဲ့အဆင်ပြေပါတယ်။ ကဲ သုံးကြည့်ချင်တယ် သပဆိုရင် အောက်မှာသာသွားဒေါင်းကြပေတော့ဗျာ။


ဒီမှာ download

ပရင်တာ ၀ယ်တော့မယ်ဆိုရင်

များပြားလှတဲ့ ပရင်တာ တွေထဲမှာ မိမိလုပ်ငန်းနဲ့ ကိုက်ညီတဲ့ Printer ကိုရွှေးချယ်ဖို့ခက်သွားပါလိမ့်မယ်... Laser, Inkjet, Dot Matrix စသည်ဖြင့်ပေါ့။ ဒါကြောင့် ဒီနေရာကနေ ပရင်တာဝယ်မယ်ဆိုရင် အောက်ပါ နည်းလမ်းအတိုင်းလုပ် ဆောင်သင့်ကြောင်း လမ်းညွန်လိုက်ပါတယ်။

၁။ ပတ်ဝန်းကျင်ကိုလေ့လာခြင်း။
ဒါဟာအမတန်မှ အရေးပါတဲ့ နံပါတ် ၁ အချက်ပါ။ Printer မှာ Laser ဆိုတာ Toner ကိုသုံးတယ်။ ၄င်းအားသုံးမယ်ဆိုရင် သူတို့ရဲ့ speed ကိုအတိအကျမသိတောင်မှ Laser ပရင်တာတိုင်းဟာ သာမာန် Injet နှင့် Dotmatrix တို့ထက်ပိုပြီး မြန်ဆန်ကြောင်း၊ တာရှည်ခံကြောင်းတော့သိထားသင့်သည်။ Injek ဆိုတာကတော့ မင်ရည်ဘူးလေးတွေနဲ့ refill သုံးဖို့အဆင်ပြေပါတယ်။ ဒါပေမဲ့ တစ်ဂျစ်ဂျစ်နဲ့ ဒုန်းဒေါက် ဆိုပြီး ဆူဆူညံ့ညံ့အသံတွေနဲ့ မနိုင်ဝန်ထမ်းနေသလိုပဲ... သနားစရာပါ။ နှေးပါတယ်.. Dotmatrix ကတော့ သာမာန်အပြင်ပိုင်းမှာတွေ့ဖို့ခက်ပါတယ်။ အသုံးပြုသူနည်းပါတယ်။

၂။ ဘာကို ပရင့်ထုတ်မှာလဲ?
ဒါကပထမဦးဆုံးမေးရဲ့မည့်မေးခွန်းပါ။ မိမိဟာ သာမှန် အိမ်သုံး အနည်းငယ်လောက်ပဲ စာတွေ ပုံတွေထုတ်မယ်ဆိုရင်တော့ Inject ပရင်တာက အသင့်တော်ဆုံးပါ။ အကယ်၍ Office မှာ စာရွက်များများနဲ့ မြန်မြန်ထုနေရတယ်ဆိုရင်တော့ Laser ကိုသာကြည့်ပေတော့။


၃။ ဘယ်ပမာနလောက်နဲ့ ဘယ်လောက်မြန်မြန်ထုတ်မှာလဲ?
ပရင်တာမှာ Speed ရဲ့ကောင်းမွန်ခြင်းဟာလည်း အရေးကြီးတဲ့ အပိုင်းကဏ္ဍမှာပါဝင်နေပါတယ်။ တစ်ခါတရံအိမ်သုံးအတွက် တစ်မိနစ်ကို ၂၅ ရွက်ထွက်တဲ့ printer တွေဝယ်မယ်ဆိုရင် ငွေကုန်တာပေါ့။ ဒါပေမဲ့ ရုံးလုပ်ငန်းတွေမှာ Injek ပရင်တာနဲ့ လုပ်စားနေလို့လဲ ရုံးဆင်းတာတောင် ပရင်တာထုတ်တာပြီးမှာမဟုတ်ဘူ။ ဒီတော့ တစ်လကို စာမျက်နှာ 80000 လောက်ထုတ်မယ်ဆိုရင်တော့ Laser သာရွေးပါ။

၎။ ဘယ်နှစ်ယောက်အသုံးပြပြီး ပရင့်ထုတ်မှာလဲ?
ပရင်တာတစ်လုံးတည်းကို လူဘယ်နှစ်ယောက်လောက်က ၀ိုင်းသုံးမှာလဲ။ သာမာန် ပရင်တာတွေမှာ ရိုးရိုး usb cable နဲ့ တိုက်ရိုက်ချိတ်ဆက်သုံးကြပါတယ်။ ကွန်ပျူတာ ၄, ၅ လုံးလောက်ကိုတော့ sharing လုပ်ပြီးသုံးလို့ရပါတယ်။ သို့သော် ၁၀ ယောက်အဆက်ဆိုရင်တော့ Network Port ပါတဲ့ ပရင်တာကိုဝယ်ပါ။ Network Interface မပါတဲ့ USB ပရင်တာကြီး ၀ယ်ပြီးမှ ကွန်ပျူတာ ၁၀ လုံး အလုံး၂၀ ဆိုလို့ကတော့... မိအေးနှစ်ခါနာမယ်သာမှတ်။

၅။ မိမိမှာအရင်ရှိနေသော ပစ္စည်းများ?
ဒီနေ့ခေတ် ပရင်တာတိုင်းလိုလိုဟာ All-in-ones (AIOs) တွေဖြစ်နေပါတယ်။ ဒီတော့ မိမိရုံးအတွက် စစ်မယ်ဆိုရင် တစ်ခြား Printer အဟောင်းတွေ၊ Scanner အဟောင်းတွေ နဲ့ Copier အဟောင်းတွေကို စစ်သင့်ပါတယ်။ သုံး လေးနှစ်လောက်ဆိုရင်တော့ အမှိုက်ပုံးထဲသာထည့်လိုက် .. All-in-ones တွေသာဝယ်။ ဒီတော့ Print/Copy/Scan/Fax လို All-in-ones တစ်လုံးသာဝယ်ထား ဘာမှ နေရာမပိုဘူး၊ အချိန်ကုန်လူပင်ပန်းခြင်းမှ သက်သာပါတယ်။

၆။ မိမိဝယ်လိုတာက ပရင်တာကို ဦးစားပေးလား?
ဒါဆိုရင်တော့ မိမိဟာ ပရင်တာမှာပါတဲ့ Function အားလုံးကိုစစ်သင့်ပါတယ်။ Laser ပရင်တာတွေမှာ ပါတဲ့ Tray က စာရွက် 500 လောက်ထည့်လို့ရရဲ့လား ၊ လိုအပ်မယ်ဆိုရင် Tray ဘယ်နှစ်ခုပါလဲဆိုတာပါ ထည့်တွက်ပါ။ တစ်ခါတစ်လေမှာ Printing / Copying တွေက တစ်ကြိမ်ကို အရွက် 1500 လောက်ထုတ်ရမယ်ဆိုရင် စာရွက် 500 ပါတဲ့ Tray သုံးခုလောက်ပေါ့။ Tray A ကုန်သွားရင် Tray B, Tray B ကုန်သွားရင် Tray C ကို Auto ပြောင်းသွားနိုင်တဲ့ Printer တွေကိုဝယ်တာကောင်းပါတယ်။

နောက်ဆုံးမှာချင်တာကတော့ ငွေများများထည့်သွားပါ။ ဒီဆိုဒ်ကဆွဲလာတာ