Friday, February 27, 2015

Boot Camp နဲ့ Win တင်နည်း

Screen Shot 2014-02-22 at 8.40.01 PM
မနေ့က Boot Camp နဲ့ Win တင်တာ ဘာမဟုတ်တာလေး တစ်ခုကြောင့် တိုက်ပတ်ချက်က ၅ နာရီ ကြာသွားတယ်…
မနေ့က အတွေ့အကြုံလေးကနေ Boot Camp နဲ့ Win တင်နည်းလေး မျှလိုက်ပါတယ်။
လိုအပ်တာတွေကတော့
Boot Camp Support Software (Drivers for Mac) + Memory Stick
Win 7 or 8 or 8.1 (64 bits ONLY) DVD
DVD Drive or USB Stick up to 8G at least for installing window
၁။ အရင်ဆုံး ကိုယ့်စက်နဲ့ကိုက်ညီမဲ့ Boot Camp Suppot Software ကို အောက်က link တွေကဒေါင်းပါ။
For
MacBook Air (11-inch & 13-inch, Mid 2011)
MacBook Air (11-inch & 13-inch, Mid 2012)
MacBook Pro (15-inch & 17-inch, Mid 2010)
MacBook Pro (13-inch, & 15-inch, Early 2011)
MacBook Pro (17-inch, Early 2011)
MacBook Pro (13-inch,15-inch & 17-inch Late 2011)
MacBook Pro (13-inch & 15-inch, Mid 2012)
MacBook Pro (Retina, Mid 2012)
MacBook Pro (Retina, 13-inch, Late 2012)
MacBook Pro (Retina, Early 2013)
MacBook Pro (Retina, 13-inch, Early 2013)
Mac Pro (Early 2009)
Mac Pro (Mid 2010)
Mac Pro (Mid 2012)
Mac Pro (Late 2013)
Mac mini (Mid 2011)
Mac mini (Late 2012)
iMac (27-inch, Quad Core, Late 2009)
iMac (21.5-inch & 27-inch, Mid 2010)
iMac (21.5-inch & 27-inch, Mid 2011)
iMac (21.5-inch, Late 2011)
iMac (21.5-inch & 27-inch, Late 2012)
Download Here>>> http://support.apple.com/kb/DL1720
For
MacBook Air (11-inch & 13-inch, Mid 2013)
MacBook Pro (Retina, 13-inch & 15-inch, Late 2013)
iMac (21.5-inch & 27-inch, Late 2013)
Download Here>>> http://support.apple.com/kb/DL1721
၂။ အဆင့် ၁ မှာဒေါင်းထားတဲ့ zip ဖိုင်ကို ဖြည်ပီး အထဲက ဖိုဒါတွေကို memory stick ထည့်ပါ။
( ထည့်တဲ့ အခါကြရင်လဲ zip ဖြည်၊ ပီးလို့ ဖိုဒါတစ်ခုတွေ့ရင် အဲဒီ ဖိုဒါထဲဝင်ပီးမှ Boot camp folder နဲ့ $WinPEDriver$ ဖိုဒါတွေပါတဲ့ file တွေကိုပဲ memory stick ထဲထည့်ပါ။ zip ဖြည်ပီးသား main folder လိုက်ကြီး ထည့်လိုက်ရင် boot camp assitent က recorgnize မလုပ်ပါဘူး။ အဲဒါကြောင့်ပဲ နည်းမျိုးစုံ လျှောက်လုပ်လိုက်လို့ ၅နာရီလောက်ကြာသွားတာ။)
၃။ App Store > Update မှာ update လုပ်ဖို့ရှိလားဆိုတာစစ်ပီး update တွေလုပ်ထားပါ။
၎။ App > Utilities ကနေ Boot Camp Assistant ကိုဖွင့်ပါ။ (တခြား app တွေ run ထားရင် အကုန် Force Close လုပ်ထားလိုက်ပါ)
၅။ Continue ကိုနှပ်ပေးလိုက်ရင် Option သုံးခု နဲ့ တွေရပါမယ်။
၆။ အပေါ်ဆုံးက option ကို အမှန်ခြစ်ဖြုတ်၊ ဒုတိယ option ကိုလဲ အမှန်ခြစ် ဖြုတ်ပီး အောက်ဆုံးက Install Window option ကိုပဲ အမှန်ခြစ် ထားပီး continue ကိုနှိပ်ပါ။
၇။ Partition ပိုင်းတဲ့ ဆီကိုရောက်ရင် Win အတွက် Partition ရွေးပေးလိုက်ပါ။
၈။ အဆင့် ၂ မှာ memory stick ထဲ ထည့်ခဲ့တဲ့ boot camp support software ပါတဲ့ stick ကို Mac မှာ တပ်ပါ။
၉။ Win (64 bit only) DVD ကို External DVD Drive ထဲ ထည့်ပါ။ ဒီနေရာမှာ memory stick နဲ့ တင်တဲ့ အကြောင်းမရေးတော့ပါဘူး။
၁၀။ DVD Drive ကော Boot Camp Software ပါတဲ့ stick ကောတပ်ပီးသွားပီးဆိုရင်တော့ Continue ကိုနှိပ်ပီး စောင့်ကြည့်ရုံပါပဲ။
၁၁။ Black screen ခဏခဏဖြစ်သွားနိုင်ပါတယ်…. နောက်ဆုံးကျရင်တော့ Win Boot တက်တဲ့ အဆင့်ကို ရောက်ပီး Win တင်ဖို့ ဇာတ်လမ်းစရတော့မှာပါ။
၁၁။ Win တင်တဲ့ အဆင့်မှာလဲ Harddisk partition ရွေးတဲ့ အချိန်ကျရင် Boot Camp လို့ ပါတဲ့  Partition ကလွဲပီး တခြား partition ပေါ် လုံးဝ မတင်မိပါစေနဲ့။
၁၂။ Boot Camp Partition ကိုရွေးပီး Install နှိပ်တဲ့အချိန် error တက်ခဲ့ရင် အဲဒီ Boot Camp Partition ကို Drive Option ကနေ Format ချပေးလိုက်ပါ။
၁၃။ ကျန်တာကတော့ ပုံမှန် Win တင်သလို ဆက်လုပ်သွားရုံပါပဲ။
၁၄။ Win တက်လာတဲ့ အချိန်မှာ Boot Camp Support Software တွေကို သွင်းပေးသွားမှာပါ။ ပေါ်လာတဲ့ window တွေကနေ install ကို နှိပ်ပေးရုံပါပဲ။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် install လုပ်နေတဲ့ အချိန် Cancel မလုပ်မိပါစေနဲ့။
၁၅။ Boot Camp Software တွေသွင်းပီးသွားရင်တော့ ပီးဆုံးသွားပါပီ။
ပထမဆုံး အတွေ့အကြုံလေးကို ချရေးထားတာမို့ အမှားများ ပါခဲ့ရင် ပြင်ဆင်ပေးပါခဗျာ
Credit >> Ko Kyaw Swar Aung

4 comments:

  1. memory stick နဲ့တင်နည်းလေးပြောပြစေချင်ပါတယ်

    ReplyDelete
  2. 32bit တင် လိုရဘူး လား

    ReplyDelete
  3. 32bit တင် လိုရဘူး လား

    ReplyDelete
  4. အကိုရေ ကျွန်တော့ macbook pro က update လုပ်ရင်း power ပိတ်မိလို့ဘာမှမလာတော့ဘူး
    ဘာလိုလုပ်ရမလဲ အကြံလေးပေးပါအူး plz

    ReplyDelete