Friday, April 15, 2011

လတန်ခူး

တန်ခူး
ဦးကြင်ဥ


အထောက်ကတဲ့ မတန်။
ရွှေကံ့ကော် ဇမ္ဗူကျုံးလို့
ကြူဆုံးတသိန် တင့်ပါဘိ
ပန်းမင့်လွတ်စံ။
မိဿဘုံ
ဂဠုန်ကူးတွင်မှ
ကြုံဘူးလေ့ဖြစ်ဟန်
ရစ်တံပိုင့်ဆင်တော်နဲ။
ချိန်ခါနွေ
ဣန္ဒာဆွေ ဘူပတိသော်မှ
ပူမိရင် ဘယ်ဖြေနိုင်လိမ့်
ခြယ်ရွှေစိုင် နေရုလေးနှင့်
ရာဇူမှာ-သာပြူသေးချည်ငဲ့
ဆွေးတော်ညံ့ပဲ။

ဦးကြင်ဥ