Saturday, January 28, 2012

နေ့စဉ်ကွန်ပြူတာသုံးစွဲသူများ သတိပြုရန်....



နေ့စဉ်ကွန်ပြူတာအသုံးပြုသူတွေအနေနဲ့ ကီးဘုတ်နဲ့ မောက်(စ်)ကိုင်တွယ်တဲ့ လက်အနေအထားမမှန်ရင် လက်ကောက်ဝတ် (လက်မျက်ရိုး) မှာ Carpal Tunnel Syndrome (CTS) လို့ ခေါ်တဲ့ ရောဂါတစ်မျိုး ဖြစ်တတ်တယ်လို့ ဆိုပါတယ်...အဲဒီလိုရောဂါမျိုး ဖြစ်လာရင် ခွဲစိတ်ကုသမှုတွေ လုပ်ရပါတယ်...အောက်ပုံတွေကတော့ ကွန်ပြူတာအသုံးပြုရာမှာ လက်အနေအထားမမှန်လို့ CTS ရောဂါရပြီး ခွဲစိတ်ကုသမှုတွေ လုပ်နေရတဲ့ ပုံတွေပါ...

Sunday, January 22, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးခရီးစဉ်အဖြစ် ထားဝယ်၊ မန္တလေး၊ ပုသိမ်မြို့များသို့သွားမည်

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အား ဂျွန်မက်ကိန်းနှင့် အမေရိကန်အထက်လွှတ်တော်အမတ်များကိုတက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် ယနေ့ညနေ ၄ နာရီမှ ၅ နာရီအထိ တစ်နာရီကြာတွေ့ဆုံဆွေးနွေးခဲ့ကြပြီတွေ့ ရစဉ်
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
ရန်ကုန်- ဇန်န၀ါရီ ၂၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ် နိုင်ငံရေးခရီးစဉ်အဖြစ် လာမည့်ဇန်န၀ါရီ ၂၉ရက်တွင် ထားဝယ်မြို့သို့ သွားရောက်မည်ဖြစ်သည်။
နှစ်ပတ်အတွင်း နိုင်ငံရေးခရီးစဉ်၃ကြိမ်ထွက်ရှိရန်ရှိပြီး ထားဝယ်ခရီးစဉ်ပြီးလျှင် ဖေဖ၀ါရီ ၄၊၅ ရက်တွင် မန္တလေးမြို့သို့သွားရောက်မည်ဖြစ်သည်။ ဖေဖ၀ါရီ ၇ရက်တွင် ပုသိမ်မြို့သို့နေ့ချင်းပြန်ခရီးသွားရောက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှသတင်းရရှိသည်။ အဆိုပါခရီးစဉ်အတွင် သတင်းဌာနများကိုလည်း မိမိတို့အစီအစဉ်ဖြင့် သတင်းလိုက်ပါယူနိုင်ရန် ဖိတ်ကြားထားသည်။