Friday, January 30, 2015

အွန်လိုင်းပေါ်မှာ ဖိုင်တွေ သိမ်းဆည်းမျှဝေနိုင်တဲ့ အကောင်းဆုံး ဆိုဒ်၃ခု





ဒီဂျစ်တယ်ခေတ်ကြီးထဲမှာ နေထိုင်နေကြတဲ့ ကျွန်တော်တို့ဟာ အင်တာနက်၊ ကွန်ပြူတာ၊ မိုဘိုင်းဖုန်းတွေနဲ့ မကင်းကွာနိုင်သလို ရုပ်ရှင်၊ သီချင်း၊ စာအုပ် စတာတွေကိုဟာလဲ ဒီဂျစ်တယ်ဗားရှင်းတွေကို အသုံးပြုကြပါတယ်။
ကျွန်တော်ဆိုရင် e-bookတွေ၊ ဇာတ်ကားတွေ စုရတာ ၀ါသနာပါ ပါတယ်။
စာအုပ်တွေချည်းပဲ ကျွန်တော် စုထားတာ 50Gbကျော်ပါတယ်။ ကိုယ်တိုင်လဲ စာအုပ်လုပ်သလို သူများလုပ်ထားတာတွေလဲ နေရာအနှံ့အပြားလိုက်စုတာပါ။ (ကိုယ်တိုင်လုပ်တာတော့ နည်းတာပေါ့)
ရုပ်ရှင်တွေစုထားတာဆိုရင် hard driveတစ်ခုတောင် ပြည့်တော့မယ်။ 500Gb :P
ဒီနေ့ခေတ်မှာ cloud storage လို့ ခေါ်တဲ့ နည်းပညာတွေပေါ်လာပြီး အွန်လိုင်းပေါ်မှာ free space စုဆောင်းခွင့်ပေးတဲ့ ၀က်ဘ်ဆိုဒ်တွေ ပေါ်လာတဲ့အတွက် ကျွန်တော်တို့ဟာ စုဆောင်းချင်တဲ့ အရာတွေကို ကွန်ပြူတာထဲ hard driveတွေထဲမှာတင်မဟုတ်ဘဲ အွန်လိုင်းပေါ်မှာပါ စုဆောင်းလို့ ရလာနိုင်တယ်။
စုဆောင်းရုံတင်မဟုတ်ဘဲ မျှဝေလို့ပါ ရလာခဲ့ပါတယ်။

အကောင့်ဖောက်စရာမလိုဘဲ ချက်ချင်းတင် ချက်ချင်းရှဲနိုင်မယ့် အကောင်းဆုံး အခမဲ့ ၀က်ဘ်ဆိုဒ်လေးခု





ဒီတစ်ခေါက် ကျွန်တော်ပြောပြချင်တာကတော့ အကောင့်ဖောက်စရာမလိုဘဲ ဖိုင်များကို တန်းတင်ပြီး ဒေါင်းလုဒ်ချဖို့ လင့်ခ်တွေကို တန်းရှဲနိုင်မယ့် အကောင်းဆုံး ၀က်ဘ်ဆိုဒ်လေးခုဖြစ်ပါတယ်။

၁။ Zippyshare
အကောင့်ဖောက်စရာမလို။
ကိုယ်တင်ချင်တာကို တင်ပြီး ဒေါင်းလုဒ်လင့်ခ်ကို ရှဲနိုင်ပါတယ်။
အကောင့်ဖောက်စရာမလိုတဲ့အတွက် ဖိုင်အရေအတွက်ဘယ်လောက်ပဲ တင်ရမယ်ဆိုတာ သတ်မှတ်ချက်မရှိ။
ဖိုင်တစ်ဖိုင်ကို ၂၀၀Mb အများဆုံးပမာဏအထိ လက်ခံပေးပါတယ်။
သွားရောက်ရန်လင့်ခ် - http://www.zippyshare.com/