Thursday, October 6, 2011
Labels:
ထားဝယ်ဆိုင်ရာများ
ထားဝယ် ရေနက်ဆိပ်ကမ်း ကွပ်ကဲရေးရုံး နေရာအတွက် ခြိမ်းခြောက်ခဲ့ဟုဆို
ချင်းမိုင် (မဇ္ဈိမ) ။ ။ ထားဝယ်ရေနက်ဆိပ်ကမ်း ကွပ်ကဲရေးရုံး တည်ဆောက်ရန် မြေနေရာအတွက် ဒေသခံ
များ၏ စိုက်ပျိုးခြံ ဧက ၁၂ဝ ကျော်ကို ဆိပ်ကမ်း အာဏာပိုင်များက သိမ်းယူရာတွင် ခြိမ်းခြောက်မှုများ ရှိခဲ့သည်ဟု ခြံရှင်များက ပြောသည်။........................
Labels:
ထားဝယ်ဆိုင်ရာများ
ခိုနားရာရှာမရတော့လဲ
မိန်းမထမိန်နားခိုစားတဲ့အကောင်လို့ အပြောခံရမယ်ဆိုရင် ၀မ်းသာမဲ့မြန်မာကောင်လေးတွေရှိမယ်မထင်ပါဘူး။
ဓာတ်ပုံထဲကမြင်ကွင်လေးကတော့ ခိုစားတာမဟုတ်ပါဘူး ထီးမပါလို့ခိုနားတာပါ။ အရင်ကဒီဓာတ်ပုံတွေကို
တွေ့တော့ လုပ်တဲ့လူတွေကိုသာမာန်ပဲ့မြင်မိတယ်။ အခုလိုမိုးရွာတဲ့ပုံလေးကိုတွေ့ရတော့မှ ရုပ်တုဖန်တီးတဲ့သူ
တွေရဲ့အမြင်တွေကိုချီးကြူမိတယ်။ မွန်ရိုး အမှတ်တရအနေနဲ့ကော ရာသီဥတု ဒဏ်ကကာကွယ်ဖို့အတွက်ကော
လန်ထွက်နေတဲ့စကပ်လေးကအကျိုးပြုနေတယ်။ ချောင်းကြည့်တာဝါသနာပါတဲ့လူများလဲ မိုးခိုရင်းအတွေးနယ်
ချဲ့နိုင်တယ်။ ကြည့်တတ်ရင် ဘာဝနာ မကြည့်တတ်ရင်တဏှာတဲ့ ကိုကြိုက်တာရွေးချယ်နိုင်တဲ့ခေတ်ကြီးထဲမှာ
အကုသိုလ်တွေအတိုးနှုံးမတိုးဖို့တော့အရေးကြီးတယ်။
Labels:
ခိုနားရာရှာမရတော့လဲ
Wednesday, October 5, 2011
ဒေါ်စုစေတနာကို ကြည့်တတ် မြင်တတ်ရင် ကျေးဇူးတင်ကြမှာပါ
ဘိုဘိုကျော်ငြိမ်း ရေးထားတဲ့ဆောင်းပါးလေးတစ်ပုဒ်ကောင်းလွန်းလို့တင်ထားလိုက်တယ်။
သူငယ်ချင်းတွေလဲဖတ်သင့်တယ်ထင်ပါတယ်။
ရာဇဝင်ဘီး တပတ်ပြန်လည်သည်လား
မြန်မာပြည်ခေတ်သစ်
ရာဇဝင်မှာ ဗိုလ်ချုပ်အောင်ဆန်း ကို မှီသည့်လူ တဦးတယောက်မှ မရှိပါ။
ငယ်ရွယ်စဉ် နိုင်ငံရေး သမားပေါက်စဘဝမှာ အင်္ဂလိပ်ကို လက်နက်ကိုင်
တိုက်မှရမည်ဟု သန္နိဋ္ဌာန်ချခဲ့စဉ်က ဂျပန်တွေဆီမှ စစ်ရေး ပညာသင်ကာ
ရဲဘော်သုံးကျိပ်ကို ဦးဆောင်ခဲ့သည်။ ဂျပန်ကို လက်နက်ကိုင်တော်လှန်ရမည့်
အချိန်မှာ မကြောက်မရွံ့ .............
Labels:
ဆောင်းပါး
Tuesday, October 4, 2011
လမ်းလျှောက်သွားလို့မရတဲ့ရွာကလေး
ဒီရွာလေးဟာ
ဟော်လန်နိုင်ငံမှာ တည်ရှိပြီး ကုန်းကြောင်းအတိုင်းလမ်းလျှောက်
ဝင်လို့မရပါဘူး ။ ရွာထဲမှာရှိတဲ့အိမ်တွေကို သွားလည်မယ်ဆိုရင်
လှေကလေးကိုလှော်ပြီး သွားရောက်ရတာ ဖြစ်ပါတယ် ။ ကဗျာဆန်ဆန်နေချင်သူများအတွက်
အရမ်းသင့်တော်ပြီး မြင်ကွင်းကလည်း စိမ်းစိမ်းစိုစိုနဲ့ လန်းဆန်းလှပါတယ် ။
ကဲ ဟော်လန်မှာရှိတဲ့ ရေပေါ်ရွာကလေးကို အရောက်သွားကြည့်ကြပါစို့ ။ဓာတ်ပုံတွေဆက်ကြည့်လိုက်ပါ။.........
Sunday, October 2, 2011
ဘောလုံးပွဲတိုက်ရိုက်ကြည့်မယ်
ဘောလုံးပွဲတိုက်ရိုက်ကြည့်လို့ရတဲ့ဆိုဒ်တစ်ခုရှိတယ်။ဘောလုံးကန်တဲ့အချိန်နဲ့
ကိုက်ပြီးကော်နယ်ရှင်လည်းကောင်းနေရင်ကြည့်လို့ရတယ်။ကန်မဲ့ပွဲစဉ်ကိုအရင်ရွေးပြီး
channel 1 ကိုရွေးပါ။ခဏလောက်စောင့်နေလိုက် ကြော်ငြာတွေထွက်လာမယ်။
သွားမပိတ်လိုက်နဲ့ သူ့နောက်မှာဘောလုံးပွဲကလာနေတာ။ မြင်ကွင်းချဲ့တဲ့မှန်ပြားပုံလေးကို
ထောက်လိုက်မြင်ကွင်းအကျယ်နဲ့အတူကြော်ငြာတွေပျောက်သွားပြီးဘောလုံးပွဲလာနေတာကို
သဘာဝဘေး အေးအေးဆေးဆေး
ဒီနေ့သတင်းတွေထဲမှာရေကြီးနေပေမဲ့ ဘာမှမဖြစ်သလိုမျိုးနေနိုင်တဲ့မြင်းကွင်းလေးတွေကို
မြင်ရတော့စိတ်ဝင်စားမိတယ်။စာရေးသူတို့နေတဲ့ထိုင်းမှာကရေကြီးတာအဆန်းမဟုတ်တော့
ပါဘူး။မိုးရွာလိုက်တာနဲ့ရေကရောက်နေပြီးသားပါ။ဒါကြောင့်မို့ထင်ပါရဲ့ရေကြီးတာလောက်
ကတော့တီဗွီကြည့်တောင်မပျက်ဘူး။ဓာတ်လိုက်မှာပဲ့စိုးရတယ်။နှစ်ပေါင်း၁၀၀အတွင်း
ဘန်ကောက်မြို့ရေအောက်ရောက်မယ်ဆိုတဲ့ပညာရှင်တွေရဲ့ခန့်မှန်းချက်တွေကိုအခုတော့
ယုံလာမိတယ်။ ထိုင်းနိုင်ငံတချို့နေရာတွေဆို ပင်လယ်ရေတက်တာနဲ့ရွာထဲရေရောက်တော့တာ
ပဲ့။ပင်လယ်နဲ့ရွာတသားတည်းဖြစ်လာတဲ့သဘောပါ။တိုးတက်တဲ့ဘန်ကောက်ကိုကြည့်ပြီး
ပျက်စီးမဲ့သဘာဝတရားကြီးကလဲစောင့်ကြိုနေသလိုမျိုးခံစားရတယ်။ဒါကြောင့် အစိုးရသာ
ကောင်းသွားပြီဆိုရင်တော့ သဘာဝဘေးအန္တရယ်နည်းတဲ့ ဒို့မြန်မာပြည်သာနေလို့ထိုင်လို့
အကောင်းဆုံးပါ။
Labels:
သဘာဝဘေး အေးအေးဆေးဆေး
Subscribe to:
Posts (Atom)