Saturday, February 26, 2011

လူသားစားခြင်္သေ့

ပူလွန်းလို့ရေဆင်းချိုးတာ



ဆက်ကြည့်ချင်သေးရင်သွားလိုက်ပါ ဒီကို

အဆင်းမတော်



အသက်နဲ့ယင်းခဲ့ရသောစူးစမ်းမူများ

အသက်တွေနဲ့ရင်းခဲ့ရသောအာကာသခရီးစဉ်တစ်ခုပါ

ဒါတွေဟာကံကြောင့်လား
လူကြောင့်လား ဆိုတာကို
ခွဲခြားတတ်ဖို့လိုတယ်
လူးသားတွေအတွက်အသက်တွေပေးဆပ်ခဲ့ရတဲ့
အာကာသသူရဲကောင်းတွေကိုလေးစားလျှက်ပါ။

ထူးဆန်းတာလေးတွေ

လူသားတွေလုပ်ထားတာပါ
စာဖတ်ဝါသနာပါသူများအတွက်
အမှတ်တဖြစ်တာပေါ့။













ဒါကတော့ပင်လယ်ရေအောက်စားသောက်ဆိုင်ပါ














ဂျာမဏီကကားပါကင်ပါ။
















အမြင့်ဆုံးတံတား စပိန်မှာရှိတယ်

















လူသွားပါတဲ့ငါး













ရေဆင်းကူးတဲ့လေယဉ်













တခါတလေစောင်းကြည့်တာ










ဂျပန်ကထွင်ထားပါ
ဇာစ် စပိဘုတ်လေးပါ။










ဒါကတော့ရှားပါရေတွင်း
သွားခပ်လိုက်ကြပါ။











လှိုင်ဂူအတွင်းပိုင်း








ကြည့်ရတာအားမရလို့ဆက်ကြည့်သေးချင်တယ်ဆိုရင်တော့ မူရင်းဆိုက်ကိုသွားကြည့်လိုက်ပါ

မဲဝဲ(malware)ပြဿနာ

ဘလော့ဂါအများစုမှာ ယနေ့ ဖြစ်ပွားနေတဲ့ မဲဝဲ ပြဿနာဟာ
ဖြေရှင်းရုံသက်သက်ဖြင့် အလွယ်တကူ ပျောက်သွားမယ့် ပြဿနာ
တစ်ခု မဟုတ်တော့ပါ။ ဆိုဒ်ဘား sidebar မှာ google reader က
တဆင့် ချိတ်ဆွဲထားတဲ့ လင့်ခ်တွေကို ဖြုတ်ချလိုက်၊ စစ်ဆေးပြီး
ပြန်ချိတ်လိုက်ဖြင့် မဲဝဲအပေါ် အနိုင်ယူလို့ မရပါ။

မဲဝဲဆိုတဲ့ ဗိုင်းရပ်စ် ဘယ်နေရာက လာလဲလို့ အိုင်တီ ကျွမ်းကျင်သူ
တွေ၊ အိုင်တီနဲ့ အကျွမ်းတ၀င် ရှိတဲ့လူတွေလည်း ရှာဖွေနေဆဲပါ။
ကျနော်လည်း ဟိုစမ်း ဒီစမ်းဖြင့် လိုက်ရှာကြည့်ပါတယ်။ ကျနော်တို့
ဘလော့ဂါတွေက စာရေးရင် လင့်တချို့ကို ထည့်သွင်းပြီး ညွှန်းလေ့
ရှိပါတယ်။ အဲဒီအညွှန်းခံရတဲ့ မိတ်ဆွေဘလော့ဂါက အကြောင်း
အမျိုးမျိုးကြောင့် ဘလော့ ဆက်မရေးဖြစ်တော့ပဲ သူ့ဘလော့ကို
ဖျက်လိုက်ရင် အဲဒီ “မဲဝဲ” ဖြစ်နိုင်စေတဲ့ သဘော စတင် မွေးဖွား
ပါတယ်။ ပြီးတော့ sidebar မှာ google reader ကတဆင့် ချိတ်ဆွဲ
ထားတဲ့ မိတ်ဆွေဘလော့ဂါတွေရဲ့ နောက်ဆုံးပို့စ်ဆိုတဲ့ ပြဿနာပါ။
ကိုယ့်ဘလော့မှာ ချိတ်ထားတဲ့ လင့်ခ်တွေထဲမှာ ဘလော့ ဆက်
မရေးဖြစ်တော့တဲ့ ဘလော့ဂါအဟောင်းတွေ ဆက်ရှိနေရင်
အဲဒီနေရာမှာလည်း “မဲဝဲ” ဖြစ်လာနိုင်ပါတယ်။ အခုလက်ရှိ မဲဝဲ
အပေါ် သုံးသပ်ပြောဆိုမှုတွေက “လင့်ခ်အသေ” ပြဿနာပါ။

ကျနော် အမြင်အရတော့ blog admin မှာ ဘလော့ပိုင်ရှင် တစ်ဦးပဲ
ရှိတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။ blog admin မှာ နှစ်ဦး
သို့မဟုတ် သုံး … လေးဦး ရှိတယ် ဆိုပါစို့၊ ကိုယ့်ဘလော့ admin
မှာ ပါဝင်နေတဲ့သူဟာ တခြားနေရာမှာလည်း ဘလော့တွေ၊ အခြား
ဘလော့တွေရဲ့ admin မှာ ပူးတွဲ ထားရင် အဲဒီ “မဲဝဲ” ဟာ အလို
အလျောက် လိုက်ပါကူးစက်ဖို့ လွယ်နိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်
ရင်တော့ Blog admin မှာ တစ်ဦးပဲ ထားနိုင်ရင် ထားကြပါ။

နောက်တစ်ချက်က “Followers” ဆိုတဲ့ အရာကို ဘလော့တွေ
ရဲ့ ဆိုဒ်ဘားမှာ ချိတ်ဆွဲထားမှုပါ။ ဘလော့မှာ follow လိုက်လုပ်တဲ့
ဘလော့ဂါတွေရော ကိုယ့်ဘလော့အပေါ် သဘောကျလို့ ထောက်ခံ
သူတွေပါ အလွယ်တကူ follow လုပ်လို့ ရပါတယ်။ ဂျီမေးလ်အကောင့်
တစ်ခု ရှိရုံနဲ့ ဘယ်ဘလော့ကို မဆို follow လိုက်လုပ်လို့ ရပါတယ်။
အဲဒီ mail account နဲ့လည်း facebook တို့ အခြားနေရာတွေမှာ
လည်း သုံးကြပါတယ်။ တချို့ mail account တွေဟာ spam ပို့တယ်
ဆိုပြီး အတိုင်ခံထားရတာတွေ ရှိပါတယ်။ အဲလို အတိုင်ခံထားရတာ
ကို မဖြေရှင်းတတ်လို့ မဖြေရှင်းပဲ ဆက်သုံးနေတဲ့ mail account
ပိုင်ရှင်တွေ အများအပြား ရှိပါတယ်။ အဲဒီ mail account ပိုင်ရှင်ဟာ
ကိုယ့်ဘလော့မှာ follow လာလုပ်ရင်ရော အဲဒီဘလော့ဟာ ရေရှည်မှာ
ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် မိမိဘလော့ရဲ့
စာမျက်နှာပေါ်ကနေ “followers” ဆိုတဲ့ဟာကို ဖျောက်ထားသင့်
ပါတယ်။

အခု ဆက်လက်ဖြစ်ပွားနေတဲ့ “မဲဝဲ” ပြဿနာက ကော်မန့် comments
ကနေ “မဲဝဲ” ပြန်ဖြစ်တဲ့ ပြဿနာပါ၊ ဥပမာ … ဒီနေ့ ဘလော့ဂါက ပို့စ်
အသစ်တစ်ခု တင်တယ် ဆိုပါတော့၊ သူ့ဆီမှာ မိတ်ဆွေတွေရော အပြင်
လူတွေပါ ကော်မန့် comments တွေ ၀င်ရေးကြပါတယ်။ ကော်မန့်
လာရေးသွားတဲ့လူက ဒီနေ့အဖို့ သူ့ဆီမှာ .. သူ့ဘလော့မှာ “မဲဝဲ”
မရှိလို့ သူ့ရဲ့ URL လင့်ခ်ပါ ခြေရာ ချန်သွားပါတယ်၊ ကိုယ်ကလည်း
ကိုယ့်ဘလော့ကို မဲဝဲ ရှင်းထားပြီး လာရေးတဲ့ ကော်မန့်ကို လက်ခံလိုက်
တယ် ဆိုပါစို့၊ နောက်နေ့ကြတော့ သူ့ဘလော့မှာ “မဲဝဲ” ထိသွားတာနဲ့
သူ လာရေးခဲ့တဲ့ ကိုယ်ရဲ့ ပို့စ် “Post” မှာပါ ရောပြီး “မဲဝဲ” ထိပါတော့တယ်။
အဲဒီလိုဖြစ်ပြီး “မဲဝဲ” ကင်းတယ်လို့ ပြောတဲ့ ဘလော့ဂါတွေ “မဲဝဲ” ပြန်ထိ
နေတာ မနည်းတော့ပါဘူး။ ဒါကြောင့် ကော်မန့် ရေးတဲ့နေရာမှာ အောက်
မှာ ပြထားတဲ့ ဇယားကွက်ထဲကလို Name နေရမှာ- ကိုယ့်အမည်ကိုဖြည့်၊
URL နေရာမှာ လုံးဝ မဖြည့်ပဲ ကော်မန့် ရေးတာ အကောင်းဆုံးပါ။



ဘလော့ဂါတွေလည်း မော့ဒရိတ် လုပ်ထားသင့်ပါတယ်၊ ကော်မန့်တွေ
ကို အလွယ်တကူ Publish -ခွင့်ပြုတာမျိုး မလုပ်ကြပါနဲ့၊ မော့ဒရိတ်လုပ်
ထားရင်တောင် လာရေးတဲ့ ဘလော့ဂါကို စစ်ကြည့်ပြီးတာနဲ့ အလျင်အမြန်
Publish မလုပ်သင့်ပါ၊ နောက်တစ်နေ့ လာရေးတဲ့သူ “မဲဝဲ” ထိသွားရင်
ကိုယ်ပါရောပြီး ပို့စ်တစ်ခုလုံး “မဲဝဲ” လာထိနိုင်ပါတယ်။



မော့ဒရိတ်- Moderate လုပ်ပုံလုပ်နည်းက …
Blog ထဲကို ၀င်ပါ၊ Setting ကို သွားပါ၊ Comments ကို နှိပ်ပါ …
ပြီးရင် Who Can Comment? နံဘေးက Anyone ကို ကလစ်ပါ ...
Full page ပါ ကလစ်ထားပါ ...



ပြီးရင် Comment Moderation မှာ Always ကို ကလစ်ပါ
အီမေးလ် လိပ်စာနေရာမှာ ကိုယ့်အီမေးလ်လိပ်စာကို ထည့်ရိုက်
ထားပါ …






အကောင်းဆုံးကတော့ ကိုယ့်ဘလော့မှာ လာရေးကြတဲ့ ကော်မန့်
တွေကို ကော်ပီကူးပြီး ကိုယ်ကိုယ်တိုင် ပြန်ဖြည့်တဲ့နည်းဟာ ကော်မန့်က
တဆင့် ကူးစက်လာမယ့် “မဲဝဲ”အပေါ် အတားဆီးနိုင်ဆုံး နည်းပါ …
မူရင်းဆိုဒ်ကဒီမှာ

စိမ်းလမ်းသောမြို့တော်တွေဆီသို့

တိုးတက်မှုတစ်ခုနှင့်အတူ မြို့ကြီးများ ချဲ့ကားလာကြသည်။ လမ်း၊ တံတားများ ခုံးမောက်တက်လာသည်။ ရထားလမ်းတစ်ချို့ မြေကြီးအောက်အတွင်း တိုးဝင်သွားသည်။ Double Layer မြို့တော်ကြီးများသည် ၂၀ ရာစုနှစ်တွင် အများအပြား ပေါ်ထွန်းလာခဲ့သည်။ တိုးတက်မှုများနှင့်အတူ လိုက်ပါ မလာသည်ကတော့ စိမ်းလန်းသော ကမ္ဘာပင်ဖြစ်မည်။ နည်းပညာနှင့် လူသားတို့ကြောင့် သဘာဝ ၀န်းကျင်သည် ပျက်စီး ပျောက်ကွယ်သွားနိုင်သကဲ့သို့ အသစ်ပြန်လည် မွေးဖွားနိုင်စွမ်းလည်း ရှိပါသည်။ ၂၁ ရာစုနှစ်တွင် ဖန်တီးလာသော လူမှုဝန်းကျင်တွင် စိမ်းလန်းသော ကမ္ဘာသည် အသွင်ပြောင်း ရောက်ရှိလာမည်လား။
"မုလေးရုံ တောအစ၊ ဒေါနလမ်း မြေညီ၊ လျှောကျစမ်း ရေသင်းကြည်တယ်၊ ရွှေနှင်းဆီ ကန်ချောင်း။ " အတိတ်တစ်နေရာမှ စိမ်းလန်းသော ကမ္ဘာကို လေးမောင့်စံကျောင်း ကဗျာတွင် ပြန်လိုက်ရှာမိသည်။ ၀ပ်ဝပ်ပြားပြား ပန်းရုံလေးများနှင့်အတူ အုပ်အုပ်ဆိုင်းဆိုင်း သစ်ပင်ကြီးများနှင့်အတူ ပတ်ဝန်းကျင်သည် အတွေးထဲ သာသာယာယာ ရှိနေတော့သည်။ တောင်တောရယ် သာယာပါသည်။ ပန်းမာလာများ ပွင့်ဖူးပါသည်။ သို့သော် ယနေ့ မြို့ပြစရိုက် အတွင်းသို့ ထိုသဘာဝကို ခေါ်သွင်း၍တော့ မရနိုင်။ တောရိပ် တောင်ရိပ်နှင့် နေလိုလျှင်တော့ တောတောင် ၀န်းကျင်သို့ သွားနိုင်ပါမှ၊ နေနိုင်ပါမှ။ ထိုအလှကို မူဝါဒပြောင်း၍ ခံစား၍တော့ ရနိုင်ပါသည်။ ပန်းစံပယ် နန်းလယ် မပေါ်ထွက်လာလျှင် ခံပွင့်တို့သည်လည်း ရနံ့ပေးနိုင်ပါသည်လေ။ သို့ဆိုလျှင် ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် တွေ့မြင်လာရသော Green Roof များ၊ Rooftop Garden များ နှင့် Green Wall များသည် သဘာဝတရားကို ခံပွင့် ခံပန်းလေးများအသွင် ပြောင်းလဲ ဖန်တီးထားခြင်းသည်လား။ လူနေအိမ်များအတွင်းသို့ စိမ်းလန်းသောအပင်များ ပေါင်းစပ် ဖန်တီးလာခြင်းသည် ကျွန်တော်တို့ နှလုံးအိမ်ကို မည်၍မည်မျှ ရိုက်ခတ်နိုင်ပါသနည်း။ Green Wall ၊ Rooftop Garden များ နှင့် Green Roof များ၏ စိမ်းလန်းမှုသည် ကျွန်တော်တို့နှင့် တစ်သားတည်း နရီစည်းချက် ညီလာပြီလား။

_._._._._._._._._._._._._._._._._




Green Roof Buildings အချို့

စင်စစ် Green Roof များသည် 1960 ခုနှစ် နောက်ပိုင်းတွင် အနောက်ဥရောပ၊ အထူးသဖြင့် Germany နှင့် Swizerland မှ အစပြု၍ ထွန်းကားလာသော နည်းပညာဖြင့် တည်ဆောက်ထားသော အမိုးပြင် မြက်ခင်းများ ဖြစ်သည်။ မကြာသေးသော 2000 ခုနှစ် ပတ်ဝန်းကျင်တွင် North America, Toronto, Portland, Chicago နှင့် Janpan များမှတဆင့် လူသိများ ထင်ရှားလာခဲ့သည်။ Green Roof များသည် အိမ်များ၏ အမိုးပြင်မျက်နှာကို ကာကွယ်ပေးသော အလွှာတစ်ခုအဖြစ် ပေါင်းစပ်ဖွဲ့တည်၍ ဆန်းသစ်သော နည်းပညာတို့ဖြင့် ကျွန်တော်တို့၏ လူမှု ပတ်ဝန်းကျင်ကို ရောက်ရှိလာခဲ့ပါသည်။ မြေပြင် မြက်ခင်းပြင်များကဲ့သို့ ထုနှင့်ထည်နှင့် ရပ်တည်ထားနိုင်ခြင်း မရှိသည့်အတွက် Green Roofs များအတွက် အပင် ရွေးချယ်ရာတွင် သော်လည်းကောင်း၊ စိုက်ပျိုး ပျိုးထောင်ရာတွင် သော်လည်းကောင်း ပေါ့ပါးပြီး ပါးလွှာသော ထုထည်များဖြစ်အောင် ဖန်တီးပေးရသည်။ ပြန်လည် ပြုပြင်ရာတွင်လည်း အကုန်အကျ နည်းပါးစေရန်နှင့် လုပ်ဆောင်ရ ၀န်ကျယ်မှု မရှိစေရန် ကြိုတင် တွက်ချက်ပြီးမှ ဖန်တီးပေးရသည်။



Typical Cross Section of Green Roof System

ယေဘူယျအားဖြင့် Green Roof ဟု ခေါ်ဆိုလိုက်သောလည်း ထို Green Roof တွင် မတူညီသော အစိတ်အပိုင်းနှင့် မတူညီသော ဒီဇိုင်းဖန်တီးမှုများစွာသည် ကွဲပြား ဖြစ်တည်လျက် ရှိပါသည်။ ဥပမာအားဖြင့် Eco-roof ဟုခေါ်သော Vegetated Roof System သည် သမရိုးကျ အဆောက်အဦးများ၏ အမိုးပြင်တွင် တွေ့ရတတ်သည်။ အမိုးပြင်တွင် ရေတားလွှာတစ်ခုနှင့် မြောင်းများဖွဲ့စည်း၍ မြေဆီ မြေသြဇာများ ပံ့ပိုးကာ Landscape လေးတစ်ခု ဖန်တီးထားခြင်းပင် ဖြစ်သည်။ တည်ရှိရာနေရာ၏ ပတ်ဝန်းကျင် ရာသီဥတု၊ မြေဆီလွှာအရည်အသွေး၊ အပင်အမျိုးအစားနှင့် ပြုပြင်ထိန်းသိမ်းမှုအပေါ် မူတည်၍ Eco-roof လေးများသည် အမျိုးမျိုး ကွဲပြားသွားတတ်သည်။ Eco-roof လေးများ ဖန်တီးထားခြင်းကြောင့် အိမ်အမိုးထည်၏ သက်တမ်းကို ပိုမို ကြာမြင့်စေရုံမကပဲ မိုးရေမှလာသော ရေဆိုးများကို ပြန်လည် အသုံးပြုနိုင်ခြင်း၊ ပတ်ဝန်းကျင်ကို အေးမြစေခြင်းတို့ ဖြစ်ပေါ်စေပြီး လေထုအားလည်း သန့်ရှင်း လတ်ဆတ်စေပါသည်။ United Kingdom (UK) တွင်တော့ Green Roof များအား သက်ဝင် လှုပ်ရှားနေသော အမိုးပြင် (Living Roof) ဟု သုံးစွဲလေ့ရှိသည်။ Germany တွင်တော့ “Extensive Green Roof or Intensive Green Roof” ဟု သုံးနှုန်းလေ့ရှိသည်။



Rooftop Garden လေး တစ်ခု

မတူညီသော Green Roof တစ်မျိုးမှာ Rooftop Garden များဖြစ်သည်။ အမိုးထည် မြက်ခင်းပြင်အဖြစ် မဟုတ်တော့ပဲ မြေပြင်ပေါ်ရှိ ပန်းခြံငယ်လေးများကို အမိုးပြင်ပေါ်သို့ ခေါ်ဆောင်လာခြင်း ဖြစ်သည်။ ပန်းခြံငယ်လေး ဖြစ်လာသည့် အားလျှော်စွာ စိုက်ပျိုးထားသော အပင်များသည်လည်း ကွဲပြားလာသည်။ ထို Rooftop Garden များသည် အဆောက်အဦးတစ်ခု အပေါ်သို့ ကျရောက်လာသော အပူကို စုပ်ယူပေးထားခြင်းကြောင့် မြို့ပြအိမ်ရာ စီမံကိန်းများတွင် Rooftop Garden များကို အပူဒဏ် ကာကွယ်လိုခြင်းနှင့် မြို့ပြတွင် ဖြစ်ပေါ်တတ်သော လေထုညစ်ညမ်းစေသည့် မြူမီးခိုးများအား လျော့ချစေလိုခြင်း အကျိုးငှာ ထည့်သွင်းစဉ်းစားလာကြသည်။ Rooftop Garden များတွင် အပင်များကို Container များနှင့် စိုက်ပျိုးထားသောကြောင့် အမိုးထည်အတွက် Waterproof ဖြစ်စေရန် ဂရုပြုရသည်။ ထို့အပြင် အနားယူ အပန်းဖြေရန်နေရာများ၊ လေ့ကျင့်ခန်းလုပ်ရန် နေရာများ၊ ကလေးကစားသော နေရာငယ်များနှင့်အတူ ရေကူးကန်များ၊ အစားအသောက် ရောင်းချသော နေရာများ၊ သုံးဆောင်သော နေရာများလည်း ပါဝင်လာသည်။ ထို Rooftop Garden များ၏ ဖွဲ့စည်းပုံသည်လည်း ပိုမို၍ အသေးစိတ်ကျလာသည်။ Rooftop Garden များ ပါဝင်လာသော အဆောက်အဦးများတွင် နေထိုင်သူများသည် သဘာဝအလှအပနှင့် ပိုမို ထိတွေ့ခွင့် ရလာသောကြောင့် ကျန်းမာရေးအတွက် အထောက်အပံ့ ပိုမို ရရှိလာကြသည်။



Green Wall Building များ

အမိုးထည် မြက်ခင်းနှင့် ဥယျာဉ်ပန်းခြံများအပြင် စိမ်းလန်းသော ကမ္ဘာအဖြစ် ကျွန်တော်တို့ပတ်ဝန်းကျင်အတွင်းသို့ ရောက်ရှိလာခဲ့သော အသွင်ပုံစံတစ်ခုမှာ Green Wall များဖြစ်သည်။ Green Wall များသည် အဆောက်အဦး နံရံများ၏ တစ်စိတ်တစ်ပိုင်းအဖြစ်သော်လည်းကောင်း၊ သီးခြား free-standing wall များအဖြစ်သော်လည်းကောင်း တွေ့ရှိနိုင်ပါသည်။ အများအားဖြင့် ပန်းပင်၊ နွယ်ပင်များဖြင့် နံရံအား တွယ်ကပ်၍ ဖုံးအုပ်ထားခြင်း ဖြစ်သည်။ အပင်အောက်ခြေတွင် မြေဆီသြဇာတို့ဖြင့် သော်လည်းကောင်း၊ အခြား နည်းပညာ တို့ဖြင့်သော်လည်းကောင်း ပန်းပင်နွယ်ရုံများအား ရှင်သန်စေသည်။ ထို့ကြောင့်လည်း Green Wall များအား Living Wall, Bio Wall or Vertical Garden ဟူ၍ ဖွင့်ဆိုတတ်ကြသည်။
သမိုင်းသည် တစ်ပတ်ပြန်လည်တတ်သော သဘောရှိသည်ဟု ဆိုကြသည်။ အတိတ်တစ်နေရာမှ စိမ်းလန်းသော ကမ္ဘာကို Green Roof များ၊ Rooftop Garden များ၊ Green Wall များနှင့် အစားထိုးလာကြသည်။ ထို့အတွက် သမိုင်းတွင်ခဲ့သော ဘေဘီလုံ ဥယျာဉ်ကြီးများ ပြန်လည်ပေါ်ထွက်လာဦးမည်လား။ မွေးရပ်မြေ ပါရှားကိုလွမ်းသော မိဖုရားအတွက် ဘုရင် Nebuchadnezzar II တည်ဆောက်ပေးခဲ့သော ဘေဘီလုံ ဥယျာဉ်သည် ကမ္ဘာ့အံ့ဖွယ်များအတွင်းတွင် တစ်ခုအပါအ၀င်ပင် ဖြစ်ခဲ့ရသည် မဟုတ်ပါလား။ တကယ်တော့ Green Roof များ၊ Rooftop Garden များ၊ Green Wall သည် ဘုရင် Nebuchadnezzar II တည်ဆောက်ခဲ့သော ဘေဘီလုံ ဥယျာဉ်ကဲ့သို့ ခမ်းနားထည်ဝါစရာမလို။ ကျွန်တော်တို့အတွေး၊ ကျွန်တော်တို့ ခံစားမှုနှင့် ပတ်ဝန်းကျင် အနေအထားသည် တစ်သားတည်း ကျနေဖို့သာလိုမည်ထင်ပါသည်။

_._._._._._._._._._._._._._._._._



ကျွန်တော်တို့ နှင့် စိမ်းလန်းသော ကမ္ဘာ

Green Roof များ၊ Green Wall များနှင့် Rooftop Garden များသည် ကနဦး တည်ဆောက်ခါစတွင် ကုန်ကျစရိတ် များကောင်း များပါမည်။ ထို့အပြင် အဆောက်အဦး ခိုင်ခံ့မှုအပေါ် တွက်ချက်ရာတွင်လည်း ထည့်သွင်း စဉ်းစားပေးရသော အချက်များ ပိုမို များပြားလာပါလိမ့်မည်။ အထူးသဖြင့် ငလျင်ဒဏ် ခံရလေ့ရှိသော နေရာများအတွက် အမြင့်ဆုံးနေရာတွင် များပြားနေမည့် Own Weight အတွက် ပိုမို၍ သတိထား တွက်ချက်ရပေမည်။ တစ်ဆက်တည်းမှာပင် Waterproofing System များနှင့် အခြား Environmental Effect များကိုလည်း ဂရုပြုရပေဦးမည်။ ရုက္ခဗေဒ ပညာရှင်များ၊ ဗိသုကာပညာရှင်များ၊ အင်ဂျင်နီယာများကတော့ ပိုမိုပြည့်စုံကောင်းမွန်သော လူမှုဝန်းကျင်တစ်ခုကို ဆက်လက်ဖန်တီးနေဦးမည်သာ ဖြစ်သည်။
"ပန်းသော်က တံတိုင်းကာသည် ၊ ဇီဇ၀ါ မုခ်ခြားလို့၊ တံခါးက ချရားကြိုင်၊ သင်းတဲ့ဂနိုင်။" ၀န်းကျင်သည် ပန်းတံတိုင်းလည်း မရှိထားပါ။ တောမြိုင်ဂနိုင်လည်း မရှိထားပါ။ သို့ပေမယ့် နည်းပညာလမ်းတစ်ချို့မှာ ဖန်တီးသူတို့က ပန်းတစ်ချို့ ကောက်လာပါသည်။ ရွှေနှင့် ယိုးမှားလောက်သော ပန်းစကားပွင့်များတော့ မဟုတ်။ တော်ဝင်နန်းထိုက်သည့် ရွှေသဇင်တို့တော့ မဟုတ်။ “ပန်းစံပယ် နန်းလယ် မပေါ်ခိုက်တာမို့ အလိုက်တော် တန်သင့်ရုံပ ခံပွင့်ကို ကုံး”။ သို့ဆိုလျှင် အမိုးထည် မြက်ခင်းများနှင့် အစိမ်းရောင် နံရံများသည် ခံပွင့်များ ဖြစ်လာသည်လား။ တစ်ချိန် ထို ခံပွင့်လေးများသည်လည်း ပန်းစံပယ်လို နန်းထိုက်လာမည်လား။ သို့တည်းမဟုတ် နန်းရဝေ မန်းမြေမှာ စံပယ်လှိုင်တော့ ခံပန်းခိုင်တို့ ရွှေ့ပြောင်းခံရမည်လား။ သင် ခံစားလိုက်သည့် ရနံ့နှင့် ကျွန်တော် ခံစားမိသည့် ရနံ့တော့ ကွာခြားသွားပါမည်။ စိမ်းလန်းသော ကမ္ဘာကို ချစ်တတ်လျှင်တော့ အတွေးမတူလည်း လမ်းတူပါလိမ့်မည်။ ။မူရင်းဆိုဒ်ကဒီမှာ

Wednesday, February 23, 2011

နည်းပညာဆိုင်ရာလိပ်စာများ

http://2015kyawoo.weebly.com
http://www.manawthar.com/
http://mmbloggershelpdesk.blogspot.com/
http://mmwordpress.com/
http://www.htunlinmyanmar.net/
http://www.mmitknowledge.org/index.php
http://sainatkha.blogspot.com/
http://www.appleak.net/
http://moezattko.wordpress.com/
http://www.moemyintshein.com/
http://www.myanmaritmen.com/
http://manawphyulay.wordpress.com/
http://www.saturngod.net/
http://phoelapyae.com/

အီးမေလ်းအား ကြားဝင်ဖောက်ဖတ်နိုင်သော နေရာများ


ယနေ့ခေတ်အတွက် အင်တာနက်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်မှု့အပိုင်းမှာ အဓိကကျသော အပိုင်း၊အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒါပေမဲ့ တိုးတက်လာတဲ့ နည်းပညာအလျှောက် အင်တာနက် နဲ့ အီးမေးလ်အသုံးပြုသူတိုင်း မိမိတို့အသုံးပြုသော နည်းပညာ အားသာချက် အားနည်းချက်တွေကို သိထားသင့်ပေသည်။ အီးမေလ်း လိပ်စာလေးတစ်ခုရိုက်ထည့်ပြီးပို့လိုက်တယ်.. ဒါပေမဲ့ အဲ့လိုပို့လိုက်တဲ့ မေးလ်ဟာ လူသန်းပေါင်းများစွာ သုံးနေသော အင်တာနက်ပေါ်မှာဖြတ်သန်းသွားလာနေကြတယ်။ ဒီလိုနေရာမှာ ကြားခံ Gateway, Server, Backbone, Segment တွေကိုဖြတ်သွားရတယ်။ ဒီအတွက် မိမိတို့သုံးနေတဲ့ မေးလ်တွေကို ကြားခံနေရာကနေ ၀င်ရောက် ဖောက်ကြည့်လို့ရတယ်ဆိုတာကို သိထားသင့်တယ်။Internet Service Provider (ISP)
ISP ဆိုတာ မိမိတို့သုံးနေတဲ့ Network Traffic တွေအားလုံးကို အလွယ်တကွယ်စောင့် ဖမ်းနိုင်တဲ့နေရာပါ။ ကျွန်တော်တို့သုံးနေ network packet တွေဟာ ISP မှာတော့ Feed တစ်ခုထားခဲ့ရတာပဲ။ ဒီအတွက် မိမိတို့ရဲ့ မေးလ်အားလုံးကို ISP ဟာ လိုအပ်ရင်လိုအပ်သလို ၀င်ရောက် ကြည့်လို့ရတယ်။

Email Provider
မိမိအသုံးပြုနေသော မေးတွေအားလုံးကို အသုံးပြုနေသော မေးလ် provider တွေကနေ ၀င်ကြည့်လို့ရတယ်။ ဥပမာ – Gmail သုံးတယ်ဆိုရင်.. Gmail ရဲ့ Authorized person တွေက ကြည့်လို့ရတယ်။

Corporate Environment
တစ်ချို့လုပ်ငန်းကုမ္ပဏီ တွေက မိမိတို့ရဲ့ လုပ်ငန်းအတွင်း Data Document တွေ အမှားအယွင်းနဲ့ ၀န်းထမ်းတွေကိုစောင့်ကြည့်ရန် packet sniffer တွေကို Internal Network တစ်ခုလုံအတွက် ထားထားကြတယ်။

Hotel/Conference Center/Internet Café
Hotel/Conference Center တွေကနေ user တွေရဲ့ မေးလ်တွေကို intercept လုပ်လို့ရတယ်။ ဟော်တယ် တွေနဲ့ Conference Center တွေမှာ ၄င်းတို့ရဲ့ User တွေကို သတ်မှတ်ချက်အတိုင်း အသုံးပြုရအောင် Net ကိုထိန်းချူပ်ထားတယ်၊ ထို့အတူ Cyber Cafe တွေလည်းအဲ့အတိုင်းပဲ… ဒီနေရာမှာ တစ်ခုရှိတာက မြန်မာပြည်က Cyber Cafe တွေ တော်တော်များများက ၄င်းတို့ရဲ့ Server / Gateway Router တွေကို တိတိကျကျ လုံခြုံမှု့မပေးထားရင် အပြင်လူက ၄င်း server / Router ကိုဝင်ဖောက်ပြီး Network တစ်ခုလုံးရဲ့ Packet တွေကို Sniffing လုပ်ကာ အီးလ်မေးဖောက်နိုင်တယ်။

Housing Provided Connectivity
condominium and apartment complexes အချို့တွေမှာ ၄င်းတို့၏ အိမ်ရှင်၊ အိမ်ငှားတွေအတွက် Built-in High Speed Internet တွေကို ပေးသုံးကြတယ်။ ဒါက Hotel/Conference Center/Internet Café တွေတူပါတယ်။ အကယ်၍ ၄င်း Network မှာ Admin တစ်ယောက်က ညံ့ဖျင်းတာပဲဖြစ်စေ၊ Admin က ကြားဝင်ဖောက်တာပဲဖြစ်စေ ၀င်ရောက်နိုင်တယ်။

College Environment
College တွေမှာသုံးတာကို cable modems and other broadband technologies ‘shared local loop’ network model လို့ခေါ်ပြီးတော့ ၄င်းနေရာတွေမှာလည်း ကြားဝင်ဖောက်လို့ရတယ်။ ဒါကလည်း corporate networks interception နဲ့တူတယ်/

Local Loop Interceptionအကယ်၍ မိမိရဲ့ အိမ်နားဝန်းကျင်မှာ သုံးနေတဲ့ လူတစ်ယောက်ရဲ့ Network နဲ့ Mail ကို interception လုပ်မယ်ဆိုရင် ပုံမှန်အားဖြင့်မလွယ်နိုင်ပေမဲ့ ၄င်း system ကိုဝင်ရောက်ဖို့ special hardware အနည်းငယ်တော့လိုတယ်။ ဒီလိုနေရာတွေမှာလည်း ၀င်ရောက်နိုင်တယ်။

MAN environmentယခုအချိန်မှာတော့ MAN တွေကို ပြည်တွင်းအစိုးရအဖွဲ့အစည်းနဲ့ တွေလောက်ပဲ ကျယ်ကျယ်ပြန့်ပြန့်သုံးတာများတယ်။ ဒီလိုနေရာမှာလည်း မိတ်ဆွေတို့သုံးနေတဲ့ network ကို sniffing လုပ်လို့ရတယ်။

Wireless Network Access Point
Wireless Network ဆိုရင် များသောအား Wi-Fi ကိုပဲပြေးမြင်လိမ့်မယ်.. ဟုတ်ပါတယ်. ဒီလို Wi-Fi Wireless AP တွေကလည်း Interception လုပ်လို့ရတယ်။ ၄င်း Wireless တွင်၊ Wi-Fi, WiMAX, Bluetooth, GPRS, HSDPA စည်တို့လည်းပါဝယ်တယ်။

တကယ်တမ်းပြောရမယ်ဆိုရင် ဒါတွေတင်မကဘူး အများကြီးရှိသေးတယ်။ ဒါတွေက အဓိက နေရာတွေပဲ။

ဒီတော့ မိမိတို့ရဲ့ မေးလ်တွေကို ဘယ်သူမှ မ၀င်ဖတ်နိုင်အောင် လုပ်ဆောင်တဲ့ နည်းမရှိဘူး။ ဒါပေမဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ မိမိပို့လိုက်သော messages တွေကို Encrypt လုပ်ပြီးပို့ကာ ကြာဝင်ဖောက်ကြည့်လို့မရအောင် လုပ်ဆောင်ခြင်းသာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်။

SOURCE: :MYSING.NING.COM<