Sunday, August 11, 2013

pagemakers မှ PDF ပြောင်းနည်း အဆင့်ဆင့်

pagemakers မှ PDF ပြောင်းနည်း အဆင့်ဆင့်

 
 
Updated about 4 months ago
pagemakers မှ PDF ပြောင်းနည်း အဆင့်ဆင့်------------------------------------------------ဒီတစ်ပတ်ဗုဒဟူးနေ့မှာတော့ ကိုမြင့်သူရမှ ကွန်ပျူတာပျက်နေတဲ့အတွက် သူတင်ပေးရမယ့် lesson တွေကိုစောင့်နေတဲ့ ညီအစ်ကိုတွေအတွက် ကိုမြင့်သူရအစား ကျွန်တော်က ကွန်ပျူတာဒီဇိုင်နာ(အထူးသဖြင့် Layout Designer)တွေအတွက် အထောက်အကူဖြစ်စေမဲ့ PDF Setting အကြောင်းလေး မိတ်ဆက်ပေးပါရစေ . . .။- ပထမဦးစွာ ကျွန်တော်တို့စက်ထဲကို Adobe Design Standard CS3 Software ကို အားလုံး သွင်းထားရပါမယ်။ Step-1 တွင်ကြည့်- နောက်တစ်ဆင့်အနေနဲ့ မိမိကွန်ပျူတာ Destop ပေါ်မှာ PDF ဆိုတဲ့ Folder တစ်ခုကိုဆောက်လိုက်ပါ။Step-2 တွင်ကြည့်- ထပ်မံပြီး Acrobat Distiller ကိုဖွင့်လိုက်ပါ။ Default Setting Box မှာ စစချင်း Standard ဆိုတာဖြစ်နေမှာပါ။ အဲ့ဒီနေရာမှာ နှိပ်ပြီး High Quality Print ကိုရွေးလိုက်ပါ။ ရွေးပြီးရင် Setting ထဲက Edit Adobe PDF Setting ထဲဝင်လိုက်ပါ။ Edit Adobe PDF Setting Box ကျလာပါလိမ့်မယ်။ အဲ့ဒီ Box ထဲက Save as ကိုနှိပ်ပြီး ပုံမှာမြင်ရတဲ့အတိုင်း မိမိနှစ်သက်ရာ နာမည်ပေးပြီး Save ဖြင့်သိမ်းလိုက်ပါ။ ပုံမှာ High Quality Print(1).joboptions ဆိုပြီးသိမ်းလိုက်ပါမယ်။ Step-3 တွင်ကြည့်- Adobe PDF Setting ထဲမှာ General, Image, Font, Colour, Advanced, Standards တွေကိုပုံမှာမြင်တွေ့ရမယ့်အတိုင်း အဆင့်ဆင့်နှိပ်ပြီး တစ်ခုချင်းဆီမှာပါတဲ့အတိုင်း ရွေးချယ်၊ အမှတ်များဖြုတ်လိုက်ပါ။ ပြီးရင် OK လိုက်ပါ။Step- 4-1, 4-2, 4-3, 4-4, 4-5, 4-6 တွင်ကြည့်ပါ- အထပ်ပါအတိုင်းလုပ်ဆောင်ပြီးပါက Adobe PDF Setting Box ထဲမှ Setting , Setting ထဲမှ Watched Folders ကိုရွေးလိုက်ပါ။ Watched Folders Box ကျလာပါက add Folder ကိုနှိပ်ပြီး ကျွန်တော်တို့ ပထမDestop မှ PDF Folder ကိုရွေးပြီး OK လိုက်ပါ ပြီး၇င် Watched Folders Box မှာ ထပ်မံ OK လိုက်ပါ။Step-5 တွင်ကြည့်- ပြီးပါက Acrobat Distiller ကိုထပ်မံဖွင့်ပါ။ 
ဓာပုံများကိုအသေးစိတ်ကြည့်လိုပါက ဒီဆိုဒ်ကိုသွားလိုက် 

ရှိတ်စပီးယားအကြောင်း



William Shakespeare Born ၁၅၅၀ ဗြိတိန်နိုင်ငံ Died ၁၆၀၄ Known for ပြဇာတ်ရေးဆရာ၊ စာရေးဆရာ၊ ကဗျာလင်္ကာဆရာ ၀ီလီယံ ရှိတ်စပီးယား(William Shakespeare)(၁၅၅၀-၁၆၀၄)သည် ကမ္ဘာ့စာပေလောက ကိုလှုပ်ခတ်နိုးနိုင်ခဲ့သည့် နာမည်ကျော် ပြဇာတ်ရေးဆရာ၊
စာရေးဆရာ၊ကဗျာလင်္ကာဆရာ ဖြစ်သည်။
ကလောင်နာမည်တစ်ခုသာဖြစ်သည့်အတွက် ရှိတ်စပီးယားကို မည်သူမှမသိကြပေ။ သို့ဖြင့် မည်သူဖြစ်မည် ဟုအငြင်းပွားလာသည်မှာ ၂၀ရာစုလယ် အထိဖြစ်သည်။ နောက်ဆုံး အနီးစပ်ဆုံး မှန်းဆ၍ရသူမှာ ၁၇ဆက်မြှောက် အောက်စဖို့မြို့စား အက်ဒ်ဝပ် ဒီ ဗေရာ(Edward de Vere)ဖြစ်သည်ဟု ဆိုကြပါသည်။ အက်ဒ်ဝပ် သည် မင်းညီမင်းသားတို့ ထုံးစံအတိုင်း မြင်းစီး၊အမဲလိုက်၊စစ်ရေး အစရှိသည့်ပညာရပ်များသင်ကြားတတ်မြှောက် သကဲ့သို့ ဂီတ၊အက၊စာပေ ဖက်တွင်လည်း အထူးဝါသနာကြီးသည်။လက်တင် နှင့် ပြင်သစ်စာပေများကို ဆရာခေါ်ပြီး အိမ်တွင် သင်ကြားခဲ့သည်။ကိန်းဘရစ်ခ်ျတက္ကသိုလ် မှ ၀ိဇ္ဇာဘွဲ့ ၊အောက်စဖို့တက္ကသိုလ် မှ မဟာဝိဇ္ဇာဘွဲ့များ ရပြီးနောက် လန်ဒန်ရှိ ဂရေးအင်းတွင် ဥပဒေပညာကို တစ်နှစ်ဆည်းပူးခဲ့သေးသည်။ အသက်၁၂တွင် ဖခင်သေသဖြင့် မိခင်နောက်အိမ်ထောင်ပြုသည်။သို့သော် မိခင်၊ပထွေးတို့နှင့် ကြာကြာမနေနိုင်သဖြင့် နန်းတွင်းသို့မင်းမှုထမ်းအနေဖြင့် အခစားဝင်နေခဲ့သည်။နန်းတွင်းတွင် အကြီးတော်တစ်ဦးပေးပြီး နေထိုင်စေသည်။ ထိုအကြီးတော်မှာ နောင်တွင် ဘဏ္ဏာရေးဝန်ကြီး ၀ီလီယမ်စီလ်စီ ဖြစ်သည်။ဘုရင်မ အဲလိဇဘတ်၏