Saturday, February 26, 2011

မဲဝဲ(malware)ပြဿနာ

ဘလော့ဂါအများစုမှာ ယနေ့ ဖြစ်ပွားနေတဲ့ မဲဝဲ ပြဿနာဟာ
ဖြေရှင်းရုံသက်သက်ဖြင့် အလွယ်တကူ ပျောက်သွားမယ့် ပြဿနာ
တစ်ခု မဟုတ်တော့ပါ။ ဆိုဒ်ဘား sidebar မှာ google reader က
တဆင့် ချိတ်ဆွဲထားတဲ့ လင့်ခ်တွေကို ဖြုတ်ချလိုက်၊ စစ်ဆေးပြီး
ပြန်ချိတ်လိုက်ဖြင့် မဲဝဲအပေါ် အနိုင်ယူလို့ မရပါ။

မဲဝဲဆိုတဲ့ ဗိုင်းရပ်စ် ဘယ်နေရာက လာလဲလို့ အိုင်တီ ကျွမ်းကျင်သူ
တွေ၊ အိုင်တီနဲ့ အကျွမ်းတ၀င် ရှိတဲ့လူတွေလည်း ရှာဖွေနေဆဲပါ။
ကျနော်လည်း ဟိုစမ်း ဒီစမ်းဖြင့် လိုက်ရှာကြည့်ပါတယ်။ ကျနော်တို့
ဘလော့ဂါတွေက စာရေးရင် လင့်တချို့ကို ထည့်သွင်းပြီး ညွှန်းလေ့
ရှိပါတယ်။ အဲဒီအညွှန်းခံရတဲ့ မိတ်ဆွေဘလော့ဂါက အကြောင်း
အမျိုးမျိုးကြောင့် ဘလော့ ဆက်မရေးဖြစ်တော့ပဲ သူ့ဘလော့ကို
ဖျက်လိုက်ရင် အဲဒီ “မဲဝဲ” ဖြစ်နိုင်စေတဲ့ သဘော စတင် မွေးဖွား
ပါတယ်။ ပြီးတော့ sidebar မှာ google reader ကတဆင့် ချိတ်ဆွဲ
ထားတဲ့ မိတ်ဆွေဘလော့ဂါတွေရဲ့ နောက်ဆုံးပို့စ်ဆိုတဲ့ ပြဿနာပါ။
ကိုယ့်ဘလော့မှာ ချိတ်ထားတဲ့ လင့်ခ်တွေထဲမှာ ဘလော့ ဆက်
မရေးဖြစ်တော့တဲ့ ဘလော့ဂါအဟောင်းတွေ ဆက်ရှိနေရင်
အဲဒီနေရာမှာလည်း “မဲဝဲ” ဖြစ်လာနိုင်ပါတယ်။ အခုလက်ရှိ မဲဝဲ
အပေါ် သုံးသပ်ပြောဆိုမှုတွေက “လင့်ခ်အသေ” ပြဿနာပါ။

ကျနော် အမြင်အရတော့ blog admin မှာ ဘလော့ပိုင်ရှင် တစ်ဦးပဲ
ရှိတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။ blog admin မှာ နှစ်ဦး
သို့မဟုတ် သုံး … လေးဦး ရှိတယ် ဆိုပါစို့၊ ကိုယ့်ဘလော့ admin
မှာ ပါဝင်နေတဲ့သူဟာ တခြားနေရာမှာလည်း ဘလော့တွေ၊ အခြား
ဘလော့တွေရဲ့ admin မှာ ပူးတွဲ ထားရင် အဲဒီ “မဲဝဲ” ဟာ အလို
အလျောက် လိုက်ပါကူးစက်ဖို့ လွယ်နိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်
ရင်တော့ Blog admin မှာ တစ်ဦးပဲ ထားနိုင်ရင် ထားကြပါ။

နောက်တစ်ချက်က “Followers” ဆိုတဲ့ အရာကို ဘလော့တွေ
ရဲ့ ဆိုဒ်ဘားမှာ ချိတ်ဆွဲထားမှုပါ။ ဘလော့မှာ follow လိုက်လုပ်တဲ့
ဘလော့ဂါတွေရော ကိုယ့်ဘလော့အပေါ် သဘောကျလို့ ထောက်ခံ
သူတွေပါ အလွယ်တကူ follow လုပ်လို့ ရပါတယ်။ ဂျီမေးလ်အကောင့်
တစ်ခု ရှိရုံနဲ့ ဘယ်ဘလော့ကို မဆို follow လိုက်လုပ်လို့ ရပါတယ်။
အဲဒီ mail account နဲ့လည်း facebook တို့ အခြားနေရာတွေမှာ
လည်း သုံးကြပါတယ်။ တချို့ mail account တွေဟာ spam ပို့တယ်
ဆိုပြီး အတိုင်ခံထားရတာတွေ ရှိပါတယ်။ အဲလို အတိုင်ခံထားရတာ
ကို မဖြေရှင်းတတ်လို့ မဖြေရှင်းပဲ ဆက်သုံးနေတဲ့ mail account
ပိုင်ရှင်တွေ အများအပြား ရှိပါတယ်။ အဲဒီ mail account ပိုင်ရှင်ဟာ
ကိုယ့်ဘလော့မှာ follow လာလုပ်ရင်ရော အဲဒီဘလော့ဟာ ရေရှည်မှာ
ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် မိမိဘလော့ရဲ့
စာမျက်နှာပေါ်ကနေ “followers” ဆိုတဲ့ဟာကို ဖျောက်ထားသင့်
ပါတယ်။

အခု ဆက်လက်ဖြစ်ပွားနေတဲ့ “မဲဝဲ” ပြဿနာက ကော်မန့် comments
ကနေ “မဲဝဲ” ပြန်ဖြစ်တဲ့ ပြဿနာပါ၊ ဥပမာ … ဒီနေ့ ဘလော့ဂါက ပို့စ်
အသစ်တစ်ခု တင်တယ် ဆိုပါတော့၊ သူ့ဆီမှာ မိတ်ဆွေတွေရော အပြင်
လူတွေပါ ကော်မန့် comments တွေ ၀င်ရေးကြပါတယ်။ ကော်မန့်
လာရေးသွားတဲ့လူက ဒီနေ့အဖို့ သူ့ဆီမှာ .. သူ့ဘလော့မှာ “မဲဝဲ”
မရှိလို့ သူ့ရဲ့ URL လင့်ခ်ပါ ခြေရာ ချန်သွားပါတယ်၊ ကိုယ်ကလည်း
ကိုယ့်ဘလော့ကို မဲဝဲ ရှင်းထားပြီး လာရေးတဲ့ ကော်မန့်ကို လက်ခံလိုက်
တယ် ဆိုပါစို့၊ နောက်နေ့ကြတော့ သူ့ဘလော့မှာ “မဲဝဲ” ထိသွားတာနဲ့
သူ လာရေးခဲ့တဲ့ ကိုယ်ရဲ့ ပို့စ် “Post” မှာပါ ရောပြီး “မဲဝဲ” ထိပါတော့တယ်။
အဲဒီလိုဖြစ်ပြီး “မဲဝဲ” ကင်းတယ်လို့ ပြောတဲ့ ဘလော့ဂါတွေ “မဲဝဲ” ပြန်ထိ
နေတာ မနည်းတော့ပါဘူး။ ဒါကြောင့် ကော်မန့် ရေးတဲ့နေရာမှာ အောက်
မှာ ပြထားတဲ့ ဇယားကွက်ထဲကလို Name နေရမှာ- ကိုယ့်အမည်ကိုဖြည့်၊
URL နေရာမှာ လုံးဝ မဖြည့်ပဲ ကော်မန့် ရေးတာ အကောင်းဆုံးပါ။



ဘလော့ဂါတွေလည်း မော့ဒရိတ် လုပ်ထားသင့်ပါတယ်၊ ကော်မန့်တွေ
ကို အလွယ်တကူ Publish -ခွင့်ပြုတာမျိုး မလုပ်ကြပါနဲ့၊ မော့ဒရိတ်လုပ်
ထားရင်တောင် လာရေးတဲ့ ဘလော့ဂါကို စစ်ကြည့်ပြီးတာနဲ့ အလျင်အမြန်
Publish မလုပ်သင့်ပါ၊ နောက်တစ်နေ့ လာရေးတဲ့သူ “မဲဝဲ” ထိသွားရင်
ကိုယ်ပါရောပြီး ပို့စ်တစ်ခုလုံး “မဲဝဲ” လာထိနိုင်ပါတယ်။



မော့ဒရိတ်- Moderate လုပ်ပုံလုပ်နည်းက …
Blog ထဲကို ၀င်ပါ၊ Setting ကို သွားပါ၊ Comments ကို နှိပ်ပါ …
ပြီးရင် Who Can Comment? နံဘေးက Anyone ကို ကလစ်ပါ ...
Full page ပါ ကလစ်ထားပါ ...



ပြီးရင် Comment Moderation မှာ Always ကို ကလစ်ပါ
အီမေးလ် လိပ်စာနေရာမှာ ကိုယ့်အီမေးလ်လိပ်စာကို ထည့်ရိုက်
ထားပါ …






အကောင်းဆုံးကတော့ ကိုယ့်ဘလော့မှာ လာရေးကြတဲ့ ကော်မန့်
တွေကို ကော်ပီကူးပြီး ကိုယ်ကိုယ်တိုင် ပြန်ဖြည့်တဲ့နည်းဟာ ကော်မန့်က
တဆင့် ကူးစက်လာမယ့် “မဲဝဲ”အပေါ် အတားဆီးနိုင်ဆုံး နည်းပါ …
မူရင်းဆိုဒ်ကဒီမှာ

No comments:

Post a Comment