Sunday, August 11, 2013

pagemakers မှ PDF ပြောင်းနည်း အဆင့်ဆင့်

pagemakers မှ PDF ပြောင်းနည်း အဆင့်ဆင့်

 
 
Updated about 4 months ago
pagemakers မှ PDF ပြောင်းနည်း အဆင့်ဆင့်------------------------------------------------ဒီတစ်ပတ်ဗုဒဟူးနေ့မှာတော့ ကိုမြင့်သူရမှ ကွန်ပျူတာပျက်နေတဲ့အတွက် သူတင်ပေးရမယ့် lesson တွေကိုစောင့်နေတဲ့ ညီအစ်ကိုတွေအတွက် ကိုမြင့်သူရအစား ကျွန်တော်က ကွန်ပျူတာဒီဇိုင်နာ(အထူးသဖြင့် Layout Designer)တွေအတွက် အထောက်အကူဖြစ်စေမဲ့ PDF Setting အကြောင်းလေး မိတ်ဆက်ပေးပါရစေ . . .။- ပထမဦးစွာ ကျွန်တော်တို့စက်ထဲကို Adobe Design Standard CS3 Software ကို အားလုံး သွင်းထားရပါမယ်။ Step-1 တွင်ကြည့်- နောက်တစ်ဆင့်အနေနဲ့ မိမိကွန်ပျူတာ Destop ပေါ်မှာ PDF ဆိုတဲ့ Folder တစ်ခုကိုဆောက်လိုက်ပါ။Step-2 တွင်ကြည့်- ထပ်မံပြီး Acrobat Distiller ကိုဖွင့်လိုက်ပါ။ Default Setting Box မှာ စစချင်း Standard ဆိုတာဖြစ်နေမှာပါ။ အဲ့ဒီနေရာမှာ နှိပ်ပြီး High Quality Print ကိုရွေးလိုက်ပါ။ ရွေးပြီးရင် Setting ထဲက Edit Adobe PDF Setting ထဲဝင်လိုက်ပါ။ Edit Adobe PDF Setting Box ကျလာပါလိမ့်မယ်။ အဲ့ဒီ Box ထဲက Save as ကိုနှိပ်ပြီး ပုံမှာမြင်ရတဲ့အတိုင်း မိမိနှစ်သက်ရာ နာမည်ပေးပြီး Save ဖြင့်သိမ်းလိုက်ပါ။ ပုံမှာ High Quality Print(1).joboptions ဆိုပြီးသိမ်းလိုက်ပါမယ်။ Step-3 တွင်ကြည့်- Adobe PDF Setting ထဲမှာ General, Image, Font, Colour, Advanced, Standards တွေကိုပုံမှာမြင်တွေ့ရမယ့်အတိုင်း အဆင့်ဆင့်နှိပ်ပြီး တစ်ခုချင်းဆီမှာပါတဲ့အတိုင်း ရွေးချယ်၊ အမှတ်များဖြုတ်လိုက်ပါ။ ပြီးရင် OK လိုက်ပါ။Step- 4-1, 4-2, 4-3, 4-4, 4-5, 4-6 တွင်ကြည့်ပါ- အထပ်ပါအတိုင်းလုပ်ဆောင်ပြီးပါက Adobe PDF Setting Box ထဲမှ Setting , Setting ထဲမှ Watched Folders ကိုရွေးလိုက်ပါ။ Watched Folders Box ကျလာပါက add Folder ကိုနှိပ်ပြီး ကျွန်တော်တို့ ပထမDestop မှ PDF Folder ကိုရွေးပြီး OK လိုက်ပါ ပြီး၇င် Watched Folders Box မှာ ထပ်မံ OK လိုက်ပါ။Step-5 တွင်ကြည့်- ပြီးပါက Acrobat Distiller ကိုထပ်မံဖွင့်ပါ။ 
ဓာပုံများကိုအသေးစိတ်ကြည့်လိုပါက ဒီဆိုဒ်ကိုသွားလိုက် 

ပြီးနောက် File ထဲမှ Perferences ကိုဖွင့်လိုက်ပါ။ box တစ်ခုကျလာပါက ပုံမှာမြင်တွေ့ရတဲ့အတိုင်း အမှတ်အသားများရွေးပြီး OK လိုက်ပါ။Step-6 တွင်ကြည့်- အဆင့်ဆင့်ပြီးပါက Start bar မှ Drivers and Printers ကိုဝင်လိုက်ပါ။ Drivers and Printers Box မှ Adobe PDF ကို Right Click နှိပ်ပြီး Printering Preferences နှိပ်ပါ Adobe PDF Printering Preferences Box ကျလာပါက Adobe PDF Setting ထဲဝင်လိုက်ပါ။ Adobe PDF Setting တွင်ပြထားသောပုံအတိုင်း Default Setting မှာ အစဦးပိုင်းက မိမိ save ထားတဲ့ PDF setting ကိုေ၇ွးပါ ပြီးရင် ပုံမှာပြထားတဲ့ အမှတ်အသားတွေကိုသေချာဖြုတ်ခြင်းတပ်ခြင်းလုပ်ပါ။ Step-7 တွင်ကြည့်- ထိုနောက် Adobe PDF Printering Preferences Box ထဲမှ Paper/Quality ရွေး Advanced ထဲဝင်လိုက်ပြီး Print Quality နေရာမှ ဂဏန်းများကို 3600 dpi ရွေးပြီး OK လိုက်ပါ။Step-8 တွင်ကြည့် အားလုံးလုပ်ပြီးသွားရင် Pagemaker မှ PDF ပို့လို့ရသွားပါပြီ။ Pagemaker မှ PDF ကို ဆက်လက်ပြောပါမယ်။ ပထမဦးစွာ Layout လုပ်ပြီးသားကို Print (Ctrl+P) လုပ်ပါ။ Printer မှာ Adobe PDF on Document ကိုရွေးလိုက်ပါ။ ပြီး၇င် Paper မှာ မိမိ size ကိုမှန်အောင်ရွေး Scale မှာ 100 လုပ်ပြီး Options ထပ်ဝင်ပါ။ send image data မှာ Normalေ၇ွးပြီး Browse ကို နှိပ်လိုက်ပါ။ မိမိဖိုင်ကို ဘယ်နေ၇ာမှာ PDF ဆိုတာရွေးရပါမယ်။ အဲ့ဒီမှာအစပိုင်းတုန်းက PDF ဆိုပြီး Destop မှာ လုပ်ထားတာ Folder ကိုထဲကိုဝင်လိုက်ပါ။ PDF ထဲမှာ In Folder နဲ့ OUT Folder နှစ်ခုတွေပါလိမ့်မယ်။ အဲ့ဒီFolder နှစ်ခုထဲမှ In Folder ကိုဝင်ပြီး Save လိုက်ပါ။ Save ပြီးသွား၇င် ပြီးရင် Colol ထဲထပ်ဝင်ပါ။ color မှာ မိမိဖိုင်ဟာ 1C လား 4C လားေ၇ွးလိုက်ပါ။ ပြီးရင် Features ထထြပ်ဝင်ပါဦး။ Printers Default နေရာနှိပ်ပြီး 36000 dpiေ၇ွးပေးလိုက်ပါ။ အားလု့းပြီးသွားရင်တော့ Save ကိုနှိပ်လိုက်ပါ။ Save ပြီးသွားရင် Acrobat Distiller ကိုဖွင့်လိုက်ပါ။ အဲ့ဒီအခါ မိမိ Save ထားတဲ့ Destop ပေါ်က PDF Folder ထဲက In Folder ထဲမှ File ကို အလိုလို PDF ပြောင်းပေးပါလိမ့်မယ်။ PDF ပြီးရင် မိမိ File ဟာ Out Folder ထဲရောက်နေပါလိမ့်မယ်။ အဲ့ဒါတွေလုပ်ပြီးသွား၇င် Photoshop ပေါ်ကိုပြောင်းပြီးဖွင့်လိုက်လို့ရပါပြီ။


1 comment:

  1. i386 ဆိုပီး ERROR တက်နေလို့ INSTALL လုပ်တာမရဖြစ်နေတယ် ရှင်းပြပေးပ်အုံးခင်ဗျ

    ReplyDelete