Monday, June 4, 2012

iphon ipad ipod 5.11 jailbreakလုပ်နည်း



jailbreakလုပ်ရတာလွယ်မလိုလိုနဲ့တော်တော်ခက်တာတွေ့ရတယ်။စာရေးသူကိုယ်တိုင်
ပျက်ခြင်ပျက်ကွာဆိုတဲ့စိတ်ဓာတ်နဲ့လုပ်လိုက်တာ (၁၅)ရက်လောက်တောင်ကြာသွားတယ်။
စိတ်ပျက်သွားလိုက် ရပ်လိုက်နဲ့လုပ်နေလိုက်တာ အချိန်တန်တော့အောင်မြင်သွားတယ်။
အခုနောက်ဆုံးပေါ် 5.11က jailbreakလုပ်ရတာပိုလွယ်တယ်။အရင်ကဟာတွေကတော်
တော်ခက်သဗျ။ စာရေးသူကိုယ်တိုင်လုပ်ခဲ့တဲ့ဂျိမ်းဘရိတ်လုပ်နည်းနဲ့ ဇော်ဂျီဖောင့်သွင်းနည်း
လေးတွေကို မလုပ်တတ်သေးသူများ လုပ်တတ်အောင်သော်၎င်း ၊ ကိုယ်တိုင်မေ့သွားရင်ပြန်
ကြည့်ရအောင်သော်၎င်း၊တင်ထားလိုက်ပါတယ်။......

 ကွန်ပျူတာမှာ iTunes ထည့်ဖို့လိုတယ် မရှိသေးရင် ဒီမှာဆွဲလိုက်ပါ
၁......အရင်ဆုံး စက်ကို jailbreakမလုပ်ခင်   ဒီဗွီဒီယိုတွေ  ကိုအလွတ်မှတ်မိအောင်ကြည့်ပေးပါ။

၂.......အဲဒါကြည့်ပြီးသွားရင်တော့  ဒီဆိုဒ်ကို   လေ့လာပြီး ဆိုဒ်ထဲမှာဒေါင်းလော့ဆွဲလိုက်ပါ။
အထက်ကဗွီဒီယိုတွေကိုကြည့်ထားပြီးဖြစ်တဲ့အတွက်လုပ်ပုံလုပ်နည်းတွေသိလောက်ပါပြီ။

၃.......မတော်တဆ ဂျိမ်းဘရိတ်က ပျက်သွားရင် 5.11ကိုပြန်မောင်းပေးရပါတယ်
အဲဒီလိုပြန်မောင်းဖို့အတွက်  ဒီဆိုဒ်မှာ  ကိုယ်လိုရာကိုဆွဲနိုင်ပါတယ်

၎.......ဆွဲပြီးသွားရင်ပြန်မောင်းနည်းကတော့ဒီမှာပါ
ကီးဘုတ်ပေါ်က shift ခလုပ်ကိုနှိပ်ပြီ




ဓာတ်ပုံထဲ က itunes ထဲမှာပေါ်နေတဲ့  မျှားပြထားတဲ့နေရာလေးကိုနှိပ်လိုက်ပါ
ဘောက်တစ်ခုကျလာပါလိမ့်မယ် အဲဒီထဲမှာ ကိုဒေါင်လော့ဆွဲထားတဲ့ 5.11ရွေးပေးရပါတယ်။
ဘက်ကတ် လုပ်ထားချင်ရင် ဘက်ကပ်ကိုနှိပ်ထားရင်လဲရပါတယ်။
ခဏစောင့်လိုက်ရင် 5.11ကအသစ်ပြန်ဖြစ်သွားပါလိမ့်မယ်။

အဲလိုပြန်ဖြစ်သွားရင် အပေါ်ကနည်းအတိုင်းပြန်လုပ်ပေးပါ။(မအောင်မချင်းပြန်လုပ်ပါ)

အောင်မြင်သွားပြီဆိုရင်တော့  ဇော်ဂျီထည့်ဆက်လေ့လာလိုက်ပါ

 iOS 5.1.1 အတွက် ဇော်ဂျီ Keyboard ရနေပါပြီ

     အသေးစိတ်ကိုတော့ Saturngod ၏ blog မှ ကူးယူဖော်ပြပါသည်


အရင်ဆုံး Cydia > Changes > Refresh လုပ်ပြီး Upgrade လုပ်လို့ရတဲ့ Package အားလုံးကို upgrade အရင်လုပ်ထားပါ။

ပြီးရင်Cydia > Source > Edit > Add > http://cydia.macforus.com ကိုထည့်လိုက်ပါ။

ပြီးရင် ခဏစောင့်ပါ။

loading မြန်သွားအောင် မသုံးတော့တဲ့ Package တွေ အားလုံးကို ရှင်းထားလိုက်ပါတယ်။

ပြီးရင် Done နှိပ် ပါ။ပြီးရင် Mac For Us Repo ကို နှိပ်ပါ။ List တွေ ပေါ်လာပါမယ်။

ပြီးရင်
၁။ Zawgyi Font iOS 4.3 ကို အရင်သွင်းပါ။
    Deb ကို download ချချင်သူတွေကတော့ http://cydia.macforus.com/deb/zawgyi-iOS43-font.deb ကို download ချနိုင်ပါတယ်။

၂။ MMKeyboard for iOS5+ ကို သွင်းပါ။ သွင်းပြီးရင် Restart Springboard ပေါ်လာပါမယ်။ နှိပ်လိုက်ပါ။
    http://cydia.macforus.com/deb/wootylab-mmkeyboard_1.1-1_iphoneos-arm.deb က deb link ပါ။

lock screen ကို ပြန်ရောက်သွားပါမယ်။

Setting > General > Keyboard > International Keyboards > Add New Keyboard > Czech ကို နှိပ်ပါ။

စတင်ပြီး အသုံးပြုနိုင်ပါပြီ။

keyboard ရဲ့ ဘယ်ဘက် အောက်မှာ ကမ္ဘာလုံး ပုံလေးရှိပါတယ်။ အဲဒါလေးကို နှိပ်ပြီး ဇော်ဂျီ မြန်မာစာ ပြောင်းပြီး ရီုက်နိုင်ပါတယ်။
iPad 1 , new iPad တွင် စမ်းသပ်ပြီး။

FAQ

၁။ Czech keyboard က English စာ keyboard ပဲ ပေါ်နေတယ်။ မြန်မာလို ရိုက်လို့ မရဘူး။
    Czech keyboard ပျက်သွားတာကြောင့် ဖြစ်နိုင်ပါတယ်။
    ဒါမှမဟုတ် အခြား Czech keyboard ကို သုံးထားတဲ့ keyboard တစ်ခု သွင်းထားတာကြောင့် မရတာလည်း ဖြစ်နိုင်ပါတယ်။
    iOS 5.1.1 (9B206) ကို ပြန် restore လုပ်ပြီး jailbreak ပြန်လုပ်။ ပြန်သွင်းရင် အဆင်ပြေပါလိမ့်မယ်။

၂။ Repo Not Found ပြနေတယ်။
    Browser ကနေ http://cydia.macforus.com ကို ခေါ်လို့ရတယ်ဆိုရင်တော့ Connection ကြောင့် ဖြစ်ပါလိမ့်မယ်။
    connection ကောင်းရင် ပြန်စမ်းကြည့်ပါ။

၃။ Size Mismatch Error ဖြစ်နေတယ်။
    လက်ရှိ source ထဲမှာရှိတဲ့ cydia.macforus.com ကို ပြန်ဖျက်ပြီး ပြန်ထည့်လိုက်ပါ။

၎။ font သွင်းတဲ့ အခါမှာ System In Use Error တက်နေတယ်။
    လက်ရှိ ဖွင့်ထားတဲ့ App တွေ ( Home Button ကို double နှိပ်လိုက်ရင် မြင်ရတဲ့ App ) ကို အကုန် ပိတ်လိုက်ပြီး ပြန်သွင်းကြည့်ပါ။  ဆက်လေ့လာလိုသေးရင် ဒီကိုသွားလိုက်

စာရေးသူရဲ့ အောင်မြင်ထားတဲ့မြန်မာဖေါင့်နဲ့ ipod လေးပါ ဈေးနဲတာလေးနဲ့နည်းပညာကိုလေ့လာ
လိုက်တော့ ပျက်လဲ ကိစ္စမရှိဘူးလေ(အမှန်တော့ အိုင်ဖုန်းမ၀ယ်နိုင်းသေးလို့ပါ) ခပ်တည်တည်နဲ့ အိုင်ဖုန်းကိုင်ထားတဲ့လူတွေကိုဆရာလုပ်လို့ရပြီလေ။

iPad 2 လည်းအောင်မြင်တယ်ဗျ သူမျာဟာလုပ်ပေးလိုက်တာ
ခပ်တည်တည်နဲ့ဘုရားတပြီးလုပ်ပေးလိုက်တာ  ရသွားလို့တော်သေးတယ် ဟူး

                                  မလုပ်ကြည့်ရသေးတာ iPhon ပဲ့ကျန်တော့တယ်  ဟဲဟဲ
                                       ကမ်းရိုးတန်းသစ္စာ(နည်းပညာ) 6.4.2012


1 comment:

  1. ၀မ်းသာလွန်းလို့ ခု iPad ကနေ မြန်မာလို့ ရိုက်ပြီး
    ဆရာ့ကို ဂုဏ်ပြုလိုက်ပါတယ်ဗျာ

    ReplyDelete