iOS 7.1.1 Jailbreak လုပ်လိုက်တဲ့အခါပါလာတဲ့ PP ဆော့ဝဲအားဖျက်ခြင်း
0
အရင်ဆုံး Cydia ထဲကိုဝင်ပါ။
Cydia ထဲကိုရောက်ပြီဆိုရင် Search ကဏ္ဍကိုသွားပါ။
Searchbox ထဲမှာ pp လို့ရိုက်လိုက်ပါ။ အောက်ဆုံးနားမှာ အစိမ်းရောင်အမှန်ခြစ်လေးနဲ့ PP…2.0 ဆိုတာလေးကိုတွေ့ရပါမယ်။ အဲဒီထဲကိုဝင်လိုက်ပါ။
ညာဘက်ထိပ်ဆုံးနားမှာ Remove ဆိုတာကိုတွေ့ရပါမယ်။ Remove ကိုနှိပ်ပါ။
Confirm ကိုနှိပ်ပါ။
Pp ဆော့ဝဲကိုဖျက်လိုက်ပြီဖြစ်ပြီး Return to Cydia ကိုနှိပ်၍ ပြန်ထွက်လို့ရပါပြီ။
PP ဆော့ဝဲလည်းပျက်သွားပြီဖြစ်ပါတယ်။
ဒုတိယနည်းလမ်းအနေနဲ့ကတော့ Cydia ကိုသွားပြီး Manage→Sources→Edit→Add ကနေ အောက်က Repo ကိုသွင်းလိုက်ပါ။
http://cydia.angelxwind.net/
http://cydia.angelxwind.net/
သွင်းထားပြီးပါက complete PPsync remover ကို install လုပ်လိုက်ပါ။
Cydia မှ PPstore ကို ဖျက်လိုက်ပါ။
ပြီးရင် Settings→General→Profiles သွားပြီး 25pp ကိုဖယ်လိုက်ပါ။
Cydia မှ PPstore ကို ဖျက်လိုက်ပါ။
ပြီးရင် Settings→General→Profiles သွားပြီး 25pp ကိုဖယ်လိုက်ပါ။
အခုပြောခဲ့တာကတော့ Jailbreak လုပ်ပြီးမှ Cydia နဲ့အတူ PP ဆော့ဝဲပါ တွဲပါနေသူတွေအတွက်နည်းလမ်းဖြစ်ပါတယ်။ Jailbreak မလုပ်ခင်ကတည်းက PP ဆော့ဝဲကိုဖြုတ်ခဲ့ချင်ရင်တော့ Pangu Jailbreak Tool နဲ့ Jailbreak မလုပ်ခင်မှာ အောက်ပုံမှာပြထားတဲ့အတိုင်း အမှန်ခြစ်ထားတာကိုဖြုတ်ခဲ့ရင် ရပါပြီ။
အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။
သက်နိင်စိုး (Myanmar Mobile App Store)
No comments:
Post a Comment