Saturday, September 6, 2014

Nokia X model number RM 980 ကို Root လုပ်ပြီး မြန်မာစာထည့်ကြည့်ရအောင်




 Nokia ရဲ့ ပထမဆုံး android version နဲ့ ထွက်လာတဲ့ Nokia X model number RM 980 ကို root လုပ်မယ် မြန်မာစာထည့်ကြည့်မယ်ဗျာ လုပ်ပုံလုပ်နည်းကလွယ်ပါတယ်။ 2010 လောက်ကတည်းက Android တွေနဲ့ရင်နီးပြီးသားဆိုတော့ 2014 ကျမှ android လောကထဲဝင်လာတဲ့ nokia လောက်ကတော့  သိပ်တော့အခက်ကြီးမဟုတ်ပါဘူးနော် nokia x အကြောင်းကို ပြည့်ပြည့်စုံစုံ သိချင်တယ်ဆိုရင် ဒီနေရာ လေးမှာသွားပြီးလေ့လာနိုင်ပါတယ်။


Nokia ကိုချစ်တဲ့ user တွေအတွက်နောက်ထက်လဲ Nokia X plus နဲ့ Nokia XL ဆိုပြီး ဒီ 2014 ခုနှစ် ထဲမှာပဲ Android version 4.1.2 နဲ့ထွက်လာဖို့ရှိပါတယ်။ Nokia X plus အကြောင်းကိုဒီနေရာ လေးမှာလေ့လာနိုင်ပြီး Nokia XL ကိုတော့ ဒီနေရာလေးမှာသွာရောက်လေ့လာနိုင်ပါတယ်။

 ကဲ ကျွန်တော်တို့အခု Nokia X လေးကို root မယ် မြန်မာစာထည့်မယ်။
ပထမဆုံး ဖုန်းကို PC မှာ USB ကြိုးနဲ့အရင်ဆုံး ချိတ်လိုက်ပါ။ PC မှာ driver install လုပ်နေတာမြင်ရပါလိမ့်မယ် ပြီးတဲ့ထိစောင့်ပါ။ ပြီးသွားပြီဆိုရင် ဖုန်းရဲ့ setting / developer option / usb debugging ကို အမှန်ခြစ်ပေးထားပါ။ဒါဆိုရင် PC မှာ USB driver install လုပ်ပြီးသွားပါပြီ။
 root လုပ်ဖို့အတွက် root tool ကို ဒီနေရာ လေးမှာသွားယူလိုက်ပါ။တစ်ခြားတော့ မဟုတ်ပါဘူး Vroot v 1.7.6 ပါ။
မြန်မာစာထည့်ဖို့အတွက် myanmarmobilesoftwaredeveloper မှ ကိုဖြိုးချမ်းရဲ့ Smart Zawgyi installer ကို ဒီနေရာ မှာယူလိုက်ပါ။


ဖုန်းရဲ့ setting / security /unknown soueces မှားအမှန်ခြစ်ပေးပြီး Smart Zawgyi installer ကို ဖုန်းထဲမှာ install လုပ်ပါ။ Smart Zawgyi installer ကိုဖွင့်ပါ။superuser permission တောင်းရင် Allow လုပ်ပေးလိုက်ပါ။အောက်ကပုံလေးတိုင်းပေါ်လာပြီဆိုရင်( sony ဖုန်းများအတွက်) ဆိုတဲ့နေရာကိုနှိပ်ပါ။ ဖုန်း reboot ကျပြီးပြန်တက်လာရင် မြန်မာစာမြင်ရပါပြီ



မြန်မာစာရိုက်ဖို့အတွက် Bagan Keyboard pro v 1.6.0 ကို ဒီနေရာ  လေးမှာယူလိုက်ပါ။ ကဲဒါဆိုရင်တော့ သူငယ်ချင်းရဲ့ Nokia X လေးမှာ  မြန်မာစာမြင်ရပြီး စာပါရိုက်လို့ရသွားပါပြီ

အားလုံးပဲအဆင်ပြေကြပါစေ
http://htwenaingwin.blogspot.com 
ပို့စ်လေးတွေကိုသဘောကျလို့ အားပေးချင်တယ်ဆိုရင် ကြော်ငြာလေးများကို ၁ခုကို ကလစ် ၁ချက်လောက်နှိပ်ပြီး ကူညီပေးပါအုံးခင်များ

အမှားပါရင် ဝေဖန်အကြံပေးတဲ့အနေနဲ့ comment ရေးပေးသွားပြီးအကြံပြုပေးသွားစေချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင်ကလည်းကျွမ်းကျင်တဲ့ပညာရှင် တစ်ယောက်မဟုတ်လေတော့ကာခွင့်လွှတ်ပေးကြပါလို့... စေတနာအပြည့်နဲ့ အလကား ပေးချင်ရုံ သက်သက်ပါလို့ ကျေးဇူးတင်ပါတယ်။ အဆင်ပြေကြပါစေ...ဆက်လက်ကြိုးစားပါအုံးမည်...

No comments:

Post a Comment