Friday, September 30, 2011

သေဘေးမှလွတ်ပြီ ...ဧရာဝတီ

ရန်ကုန်၊ဧရာဝတီမြစ်ဆုံရေအားလျှပ် စစ်စီမံကိန်းကို နိုင်ငံတော်သမ္မတရပ် ဆိုင်းလိုက်ပြီဖြစ်ကြောင်းသိရသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းကိုရပ်ဆိုင်းလိုက်သည့်အကြာင်း ပါဝင်သည့်စာလွှာကို စက်တင်ဘာ ၃၀ရက်တွင်ကျင်းပသော ပထမအ ကြိမ်လွှတ်တော်ဒုတိယပုံမှန်အစည်း အဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖတ်ကြားခဲ့သည်.......

မိမိတို့အစိုးရသည် ပြည်သူများ ကရွေးကောက်တင်မြှောက်ထားသော.......... ပြည်သူ့အစိုးရဖြစ်သည့်အတွက် ပြည်သူများမလုပ်စေချင်သော ဧရာ ၀တီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ကို မိမိတို့အစိုးရသက်တမ်းတွင် လုပ် ကိုင်တော့မည်မဟုတ်ကြောင်းသူရ ဦးရွှေမန်းက ပြည်သူ့လွှတ်တော်တွင် ဖတ်ကြားခဲ့သည်။
"ဧရာဝတီမြစ်ဆုံရေအားလျှပ် စစ်စီမံကိန်းကို အချက်ငါးချက်ကြောင့် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး ယင်းတို့မှာ မြောက်ဖျားပိုင်းရှိ ရေခဲတောင်များ ပျက်စီးသွားနိုင်ခြင်း၊ ကချင်ပြည်နယ် မြစ်ဆုံဒေသကို သဘာဝကပေးသောူညေိ မြေု အလှတရားများပျက် စီးသွားနိုင်ခြင်း၊ ဒေသခံများပြောင်း ရွှေ့ရနိုင်ခြင်း၊ ဒေသခံကျေးရွာများ ရေမြုပ်သွားနိုင်ခြင်းနှင့် စီးပွားဖြစ် စိုက်ပျိုးထားသည့် ပုဂ္ဂလိကပိုင်ကျွန်း စိုက်ခင်းများနှင့် ရာဘာစိုက်ခင်းများ ပျက်စီးသွားနိုင်ခြင်း တို့ကြောင့်သည်  စီမံကိန်းကို မိမိတို့အစိုးရလက်ထက် တွင် ဆက်လက်မဆောင်ရွက်တော့ ရန်ဆုံးဖြတ်လိုက်သည်"ဟု သူရဦး ရွှေမန်းက ဖတ်ကြားသွားသည်။
]]အခုမြစ်ဆုံကိစ္စက သဘာဝပတ် ၀န်းကျင်ကို အများကြီးထိခိုက်တယ် ဆိုတာ ထင်ရှားနေတယ်ဆိုတော့ ဒါ့ ကြောင့်ရပ်လိုက်တယ်လို့ထင်ပါတယ်။  အခုမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းက ပမာဏကောအရွယ်အစားကောကြီး မားပြီး သဘာဝပတ်ဝန်းကျင်နဲ့ပတ် သက်ပြီးလေ့လာမှုကမပြည့်စုံဘူးလို့ ထင်တယ်။လက်ရှိလေ့လာမှုအတိုင်း အတာနဲ့ကတော့ မလုံလောက်ဖူးလို့ ထင်တယ်။အခုမြစ်ဆုံကိုရပ်လိုက်ပြီ ဆိုတော့ ဘာတွေဆက်ပြီးဖြစ်မယ် ဆိုတာကတော့ လက်ရှိအခြေအနေ မှာ ဘယ်လိုသဘောတူညီချက်တွေ နဲ့ ဆက်သွားမယ်ဆိုတာကို မသိနိုင် ဘူး။ မြစ်ဆုံကိစ္စကိုမရပ်ပဲတက်သွား မယ်ဆိုရင်တော့ သဘာဝပတ်ဝန်း ကျင်နဲ့ ပတ်သက်ပြီး ပြသနာတွေလား အများကြီးဖြစ်လာနိုင်တယ်အခု နှစ် နှစ်လောက်လေ့လာတိုင်းတာပြီးလုပ် တာနဲ့မပြည့်စုံနိုင်ဘူး}}ဟု သဘာ ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးဝင်းကျော်ကပြောသည်။
"သဘာဝပတ်ဝန်းကျင်အတွက် မင်္ဂလာအရှိဆုံးစကားပါ။မြစ်ဆုံနေ ရာက ကမ္ဘာမှာအင်မတန်တန်ဘိုးရှိ တဲ့နေရာပါ။ရေအားလျှပ်စစ်စီမံကိန်း လုပ်တာကဒေသခံယဉ်ကျေးမှုတွေ ရယ်၊တိရစ္ဆာန်တွေရယ်၊ဧရာဝတီမြစ် ရိုးတွေပျက်စီးတယ်။အဲဒါကြောင့် သမ္မတကြီးသက်တော်ရာကျော်ရှည် ပါစေလို့ သုံးခါလောက်အော်ချင်ပါ တယ်"ဟု င်္ွFREDA ဒုဥက္ကဋ္ဌဦးအုန်း ကပြောသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာများရေးသားထုတ်ဝေနေသူ အောင်ပင်လယ်မဂ္ဂဇင်းအယ်ဒီတာ ချုပ် ဒေါ်ဒေ၀ီသန့်ဇင်က "သမ္မတကြီး ကသူ့သက်တမ်း(၅)နှစ်မှာ မြစ်ဆုံစီ မံကိန်းကို ဆက်မဆောက်ဖို့မေတ္တာ ရပ်ခံစာပို့တယ်လို့ကြားရတော့ ပြည် သူ့အသံကို နားထောင်တဲ့အတွက် ကြိုဆိုပါတယ်။ ပြည်သူ့တွေကို အလေး ထားတဲ့အတွက် ကောင်းပါတယ်"ဟု ပြောသည်။
ကချင်ပြည်နယ်မြစ်ဆုံဒေသမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒိုးဘူက "စီမံကိန်းကို ဆက်မ လုပ်တဲ့အတွက် အမျိုးသားစည်းလုံး ညီညွတ်ရေးကို အရမ်းနီးစပ်သွားပြီ။ ကချင်လူမျိုးတွေက ငြိမ်းချမ်းရေးကို လိုချင်တယ်တဲ့ ဒါပေမယ့်မြစ်ဆုံကြောင့် သာတင်းခံထားကြတာ။ အခုတော့ အားလုံးကငြိမ်းချမ်းရေးတောင်းဆို  တောမှာဖြစ်ပါတယ်"ဟုပြောသည်။

No comments:

Post a Comment