Friday, September 30, 2011

Gtalk နှင့်ပက်သက်သမျှ

ယနေ့ ကျွန်တော်တို့ အသုံးပြုနေကြတဲ့ Gtalk
& Gmail ဆိုတာဟာ အင်တာနက်အသုံးပြုတဲ့လူတိုင်းမှာ တစ်ခုစီ သို့ တစ်ခုထက်မနည်း ရှိနေကြပြီး အွန်လိုင်းဆက်သွယ်ရေးကို လျင်မြန်ထိရောက်စွာ လုပ်ဆောင်ပေးနေတဲ့ အရာတစ်ခုပါ .. ။ ဒီ Gtalk & Gmail ပတ်သက်ပြီး ကျွန်တော် ကလိထားတာလေးတွေ ပြောပြမယ်နော်…။ များသောအားဖြင့်တော့ သိပြီးသား ဖြစ်မှာပါ ….။ ( သိပြီးသားဆိုရင်တော့ Sorry ဗျာ ) တိတ်တိတ်လေး နေပေးနော် ….


Gmail ကနေ offline ( Invisable ) ဖြင့် Chat နည်း

Gmail ကနေ Invisible နဲ့ Chat တာလေးပါ … ( တစ်ဖက်ကမြင်ရတော့ Offline ဖြစ်နေတာပေါ့ .. )ကောင်းတော့ မကောင်းဘူးဗျ….ဒါပေမယ့် တစ်ခါတစ်လေ အသုံးဝင်လာတတ်လို့ပါ ….( တစ်ချို့သောသူများအတွက် …)လုပ်ကြည့်ချင်တယ်ဆိုရင်တော့ …အရင်ဆုံး Goto >> gmail box အဲဒီမှာ အီးမေးလ်ဘောက်ပေါ်လာပြီဆိုရင် ဘယ်ဘက်မှာ ရှိပါတယ် …Contacts ရဲ့အောက်လေးမှာ…Custom message တွေရိုက်တဲ့နေရာလေးရှိပါတယ် ..အဲဒီ Custom message ရိုက်တဲ့နေရာလေးမှာ Invisible ဆိုတာလေးရှိပါတယ် ..အဲဒါလေးကို ကလစ်ထားပြီး Chat ရင် တစ်ဖက်လူက ကိုယ့်ကို Offline နဲ့မြင်ရမှာဖြစ်ပါတယ် ခင်ဗျာ ..ကိုယ့် Gmail ထဲက Online မှာ ရှိတဲ့လူတွေကတော့ Online အတိုင်းပဲ မြင်ရမှာပါ …တစ်ခုသတိထားရမှာက .. Invisible နဲ့ Chat မယ်ဆိုရင် အဲဒီ အီးမေးလ်ရဲ့ Gtalk ကိုတော့ ပိတ်ထားရပါလိမ့်မယ်



ဒီတစ်ခါ ကိုယ့်ကို မကျေနပ်လို့ block ပေးထားတာကို သိအောင်လုပ်တဲ့ နည်းလေးပါ …..
ဘာကြောင့်ပဲ Block Block ပေါ့ ..ဘယ်ရမလဲ ….ဒါနည်းနဲ့ ဖမ်းပစ်မယ် …။

ကဲ ..စမယ် …

ကိုယ့် ID ကို တခြားလူတစ်ယောက်က Block ပေးထားတာကို …သိအောင် ဘယ်လိုလုပ်မလဲ ဆိုရင် …

အဲဒါကို သိချင်တယ်ဆိုရင်တော့ .. ဒီလိုလုပ်ရင် သိနိုင်ပါတယ် ခင်ဗျာ …ကိုယ်သိလိုတဲ့ ID ကို Chat box ထုတ်လိုက်ပါ …ပြီးရင် Voice ခေါ်လိုက်ပါ …Offline ဖြစ်နေတာဆိုတော့ … Send Voicemail လို့ပဲ ပေါ်မယ် ….အဲဒီမှာ ခေါ်လိုက်ရင် ဘယ်လိုဖြစ်တယ်ဆိုတာကိုကြည့်ပြီး Block ထားတယ် … မ Block ထားဘူး …အဲဒါလေးတွေကို သိနိုင်ပါတယ် ခင်ဗျာ …။

အိုကေ … တကယ်လို့ ခေါ်လိုက်လို့ ….ခေါ်လို့ရတယ် …အဲဒီမှာ မိန်းကလေး အသံနဲ့ .. The best … ဆိုလား ..ဘာလားပဲ ..မသိဘူးဗျာ ….အဲဒီလိုလေး ပြန်ပြောတယ် ….ခေါ်လို့ရတယ်ပေါ့ …..။
ဒီလို အခြေအနေမျိုးမှာဆိုရင်တော့ ဒါ ကိုယ့် ID ကို သူများက Block ထားခြင်း မရှိပါဘူး …တကယ်ကို Offline ဖြစ်နေတာပါ ….သေချာတယ် …..။

တကယ်လို့ ခေါ်လို့မရဘူး …Send Voicemail ကို နှိပ်လိုက်ရင် …ခေါ်လိုက်ရင် ကျကျသွားတယ် …ခေါ်တာနဲ့ ကျတာပဲ ..အဲဒါဆိုရင်တော့ သေချာတယ် ….ကိုယ့် ID ကို Block ထားပါပြီ …သွားချဲလိုက်တော့ … ( တကယ် သွားမလုပ်နဲ့နော် ) …..

No comments:

Post a Comment