Sunday, October 2, 2011

သဘာဝဘေး အေးအေးဆေးဆေး

ဒီနေ့သတင်းတွေထဲမှာရေကြီးနေပေမဲ့ ဘာမှမဖြစ်သလိုမျိုးနေနိုင်တဲ့မြင်းကွင်းလေးတွေကို
မြင်ရတော့စိတ်ဝင်စားမိတယ်။စာရေးသူတို့နေတဲ့ထိုင်းမှာကရေကြီးတာအဆန်းမဟုတ်တော့
ပါဘူး။မိုးရွာလိုက်တာနဲ့ရေကရောက်နေပြီးသားပါ။ဒါကြောင့်မို့ထင်ပါရဲ့ရေကြီးတာလောက်
ကတော့တီဗွီကြည့်တောင်မပျက်ဘူး။ဓာတ်လိုက်မှာပဲ့စိုးရတယ်။နှစ်ပေါင်း၁၀၀အတွင်း
ဘန်ကောက်မြို့ရေအောက်ရောက်မယ်ဆိုတဲ့ပညာရှင်တွေရဲ့ခန့်မှန်းချက်တွေကိုအခုတော့
ယုံလာမိတယ်။ ထိုင်းနိုင်ငံတချို့နေရာတွေဆို ပင်လယ်ရေတက်တာနဲ့ရွာထဲရေရောက်တော့တာ
ပဲ့။ပင်လယ်နဲ့ရွာတသားတည်းဖြစ်လာတဲ့သဘောပါ။တိုးတက်တဲ့ဘန်ကောက်ကိုကြည့်ပြီး
ပျက်စီးမဲ့သဘာဝတရားကြီးကလဲစောင့်ကြိုနေသလိုမျိုးခံစားရတယ်။ဒါကြောင့် အစိုးရသာ
ကောင်းသွားပြီဆိုရင်တော့ သဘာဝဘေးအန္တရယ်နည်းတဲ့ ဒို့မြန်မာပြည်သာနေလို့ထိုင်လို့
အကောင်းဆုံးပါ။




No comments:

Post a Comment