iOS 7 မှ iOS 7.0.4 အထိ Jailbreak လုပ်နိုင်သော Jailbreak Tool ကို Evasi0n အဖွဲ့မှ iOS 7 မှ iOS 7.0.4 အထိတင်ထားသော iPhone/Pad/Pod touch များအားလုံးကို Jailbreak လုပ်နိုင် သော evasi0n7-V-1.0.2 ထပ်ထုတ်ပေးလိုက်ပြန်ပါပြီ၊။ iOS 7 Jailbreak လုပ်နည်းကိုအောက်မှာဆက်လက်ဖတ်ရှုကြရအောင်။
အရင်ဆုံး iOS 7 ကို Jailbreak လုပ်ရန်လိုအပ်တဲ့ Evasi0n 7 Jailbreak Tool ကိုအောက်က link ကနေရယူပါ။
1 | evasi0n7-win-1.0.2-Jailbreak For IOS 7- | Download Here | ||
---|---|---|---|---|
2 | evasi0n7-win-1.0.2-Jailbreak For IOS 7- | Download Here | ||
Jailbreak ခလုတ်ကိုနှိပ်လိုက်ပါ။
ခဏအကြာမှာအောက်ပါပုံထဲကအတိုင်း မိမိရဲ့ iPhone/Pad/Pod touch ထဲက evasi0n icon ကိုနှိပ်ဖို့ပြောပါလိမ့်မယ်။
iPhone/Pad/Pod touch က reboot ကျသွားပြီး ပြန်တက်လာပြီဆိုရင်တော့ iDevice ရဲ့ home screen ပေါ်မှာ Cydia icon လေးကိုတွေ့ရပါမယ်။
ဒါဆိုရင်တော့ iOS 7 တင်ထားတဲ့ iPhone/Pad/Pod touch ကိုအောင်မြင်စွာ Jailbreak လုပ်နိင်ပြီဖြစ်ပါတယ်။
မြန်မာစာ အတွက် Install Source (1)
- Cydia -> Sources -> Edit -> Add တွင် " http://cydia.macforus.com " ကို သွင်းယူပါ။
- Sources ထဲက "Mac For US repo" ရှိ "Zawgyi iOS 7 Font" ကို Install လုပ်ပါ။
မြန်မာလက်ကွက် အတွက် Install Source (2)
- Cydia -> Sources -> Edit -> Add တွင် " http://ttkz.me/apt/ " ကို သွင်းယူပါ။
- Sources ထဲက "ttkz.me" ရှိ "ttKeyboard for iOS7 (Beta)" ကို Install လုပ်ပါ။
- Restart Springboard
Myanmar Keyboard ကို သွင်းပြီးသွားသောအခါ Settings -> General -> Keyboard -> Keyboards မှာ "Burmese" လို့ အလိုလို ရောက်လာပါမည်။ (ကီးဘုတ်ရပါပြီ)
မှတ်ချက်။ ။ အခြားသော Keyboard နှင့် Font များကို မသွင်းမိအောင် သတိပြုပါ၊ အထူးသဖြင့် "Zawgyi iOS 4.3 Font" သည် 100% Crash ဖြစ်စေပါသည်။
ဖော်ပြပါ မြန်မာစာနှင့် လက်ကွက် Install လုပ်နည်းသည် ကိုယ်တိုင် စမ်းသပ်စဉ် Crash ဖြစ်၍ Restore အကြိမ်ကြိမ် ပြန်လုပ်ပြီးမှ သိရှိထားသောကြောင့် အဆင်ပြေ အချောမွေ့ဆုံး နည်းလမ်း ဖြစ်သည်ဟု သတင်းကောင်းပါးအပ်ပါသည်။
**Apple log မှာ တစ်နေခြင်း (Boot Loop) ဖြစ်နေခဲ့သော်**
- Device ကို PC နှင့် မချိပ်ဆက်ပဲ DFU mode ဝင်ပါ။
- DFU mode ရောက်သွားပါက iTunes နှင့် ချိပ်ဆက်ပါ၊ Restore လုပ်ရန် ညွှန်ကြားလာပါလိမ့်မည်။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like & Share" လုပ်နိုင်ပါတယ်
No comments:
Post a Comment