Friday, September 28, 2012

ပဲပင်ပေါက်၊ ပိန္နဲသီး သနပ်သုပ် (ထားဝယ်)









မစားရတာကြာပြီ ဗိုက်တောင်ဆာလာပြီ ဒါကစားစရားနည်းပညာလေ အလွမ်းပြေကြည့်လိုက်ကြ
ပဲပင်ပေါက်၊ ပိန္နဲသီး သနပ်သုပ် (ထားဝယ်)

အသီး၊ အရွက်လေးတွေ ပြုတ်ရအောင်...
  1. ပဲပင်ပေါက် -တရုတ်ပန်းကန်လုံး ၆ လုံးခန်.
  2. ပိန္နဲသီး -၁ ဗူး (အရည်များသွန်ကာ ခပ်သေးသေးဖဲ့ရွှဲ.ထားပါ။)
  3. ၁ လက်မအရှည်ခန်. ဖြတ်ထားသော ပဲသီး - တရုတ်ပန်းကန်လုံး ၃ ပုံ ၂ ပုံခန်.
  4. ကြက်သွန်နီ - တရုတ်ပန်းကန်လုံး ၃ ပုံ ၂ ပုံခန်.
  5. မန်ကျဉ်းသီး အနှစ် - ထမင်းစားဇွန်း ၂ ဇွန်း
  6. ငပိ - ထမင်းစားဇွန်း ၁  ဇွန်း
  7. ဆား - ထမင်းစားဇွန်း ၁ ဇွန်း
  8. ရေ - 1000 ml
  • ရေ (1000 ml) ထဲသို. ငပိ ( ထမင်းစားဇွန်း ၁ ဇွန်း)၊ ဆား ( ထမင်းစားဇွန်း ၁ ဇွန်း) နှင့် မန်ကျဉ်းသီးအနှစ် ( ထမင်းစားဇွန်း ၂ ဇွန်း) ကို ထည့်ပါ။.....
  • ပြီလျှင် ပဲသီး၊ ပိန္နဲသီး၊ ကြက်သွန်နီ နှင့် ပဲပင်ပေါက်ကို ထည့်ကာ အဖုံး ဖုံးပြီး medium heat နှင့် တည်ထားပါ။
  •  ရေနွေး ပွက်ပွက်ဆူလာသည်နှင့် ၃၊၄ချက်ခန်. အထက်၊အောက်လှန်ပြီး မွှေပေးပါ။
  • အရည် (ဟင်းခတ်ဇွန်းကြီး ၃ ဇွန်းခန်.) ခပ်ထုတ်ပြီး အိုးအသေးတစ်အိုးထဲ ထည့်ထားပါ။
  • အသီးများအရမ်းမနွမ်းသွားစေရန် ကျန်အရည်များအားလုံးကို ချက်ချင်းသွန်ပစ်ပါ။
မန်ကျဉ်းနှစ် ငပိ အချဉ်ရည် လုပ်ရအောင်...
  • ခပ်ထုထ်ထားသည့် အရည်ထဲသို. ငပိ(ထမင်းစားဇွန်း ၁ ဇွန်း) နှင့် မန်ကျဉ်းနှစ် (ထမင်းစားဇွန်း ၂ ဇွန်း)ထပ်ထည့်ပြီး ဆူလာအောင်တည်ပါ။
  • ဆူလာလျှင် မန်ကျဉ်းနှစ် ငပိ အချဉ်ရည် ရပြီမို. မီးဖိုမီးကိုပိတ်ပါ။
ပဲပင်ပေါက်၊ ပိန္နဲသီး သနပ် သုပ်ကြရအောင်...
  1. ငရုတ်သီးအကြမ်းမှုန်.ကြော် - ထမင်းစားဇွန်း ၁ ဇွန်း
  2. မညက်တညက် ထောင်းထားသည့် နှမ်းမဲလှော်ထောင်း - ထမင်းစားဇွန်း ၁ ဇွန်း
  3. chicken powder - လက်ဖက်ရည်ဇွန်း ၁ ဇွန်း 
  4. မန်ကျဉ်းနှစ် ငပိ အချည်ရည် -  ထမင်းစားဇွန်း ၃ ဇွန်း
  5. ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း ၁ ဇွန်းခွဲ
  • ပြုတ်ထားသည့် အသီး၊ အရွက်များကို တစ်ဝက်ခွဲကာ အထက်ပါ အဆာပလာများနှင့် ရောသုပ်လိုက်လျှင် ပဲပင်ပေါက်၊ ပိန္နဲသီး သနပ်သုပ် စားရန်အသင့်ဖြစ်ပါပြီ။

No comments:

Post a Comment