Friday, September 28, 2012

အရမ်းစပ်တဲ့ ထားဝယ်ငါးပိထောင်းလုပ်နည်း









အရမ်းစပ်တဲ့ ထားဝယ်ငါးပိထောင်း

အရမ်းစပ်တဲ့ ထားဝယ်ငါးပိထောင်း အတွက် လိုအပ်တာလေးတွေ...
  1. ဖုတ်ထားသော (သို.) microwave ထဲ စက္ကန်. ၂၀ ခန်.ထည့်ထားသော စိမ်းစားငါးပိ - ထမင်းစားဇွန်း ၄ ဇွန်း
  2. ပုဇွန်ခြောက်မှုန်. - ထမင်းစားဇွန်း ၆ ဇွန်း
  3. ငရုတ်သီးစိမ်း - ၁၁ တောင့်
  4. ကြက်သွန်ဖြူ - ၅ တက်
  • ကြက်သွန်ဖြူကို ဦးစွာထောင်းပါ။
  • ပြီးလျှင် ငရုတ်သီးစိမ်းကို ဓါးနှင့် ၃၊၄ ပိုင်းဖြတ်ပြီး ထည့်ထောင်းပါ။
  • ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်း အတော်လေးညက်လျှင် ငါးပိ နှင့် ပုဇွန်ခြောက်မှုန်.ကို ထည့်ကာ ၂ မိနစ်ခန်.သေသေချာချာဖိထောင်းပြီးလျှင် အရမ်းစပ်တဲ့ ထားဝယ်ငါးပိထောင်း စားရန် အသင့်ဖြစ်ပါပြီ။

No comments:

Post a Comment