Wednesday, September 26, 2012

ဂျာမနီတွင် Internet Explorer အသုံးပြုခြင်းအား ယာယီတားမြစ်


 


ဂျာမနီနိုင်ငံတွင် စက်တင်ဘာလ ၁၈ ရက်နေ့မှ စပြီး ကြေညာချက် တစ်ခု ထုတ်ပြန်ခဲ့သည်။ ယင်းမှာ Internet Explorer အသုံးပြုခြင်းအား ရပ်တန့်ထားရန် ဖြစ်ကြောင်း သိရသည်။

ဂျာမနီ ပြန်ကြားရေး ဝန်းကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက် ဖြစ်သည်။ ဂျာမနီတွင် Microsoft မှ ထုတ်သမျှ Internet Explorer ဗားရှင်းတိုင်း တွင် ပြဿနာတက်နေပြီး အသုံးပြုမိပါက မိမိအကောင့်၊ ဝဘ်ဆိုဒ်၊ အချက်အလက်၊ လျှို့ ဝှက်နံပါတ်များအား ဟက်ကာတို့တွက် အလွယ်တကူ ရယူစေသလို ဖြစ်နေကြောင်း သိရသည်။

Browser ၏ Security layer ပေါက်ကြားခြင်းဖြစ်ပြီး ယင်းအတွက် Internet Explorer မှ ပြန်လည်ဖာထေးနိုင်သော နည်းလမ်း ရှာဖွေလျက် ရှိကြောင်း သိရသည်။...


Internet Explorer ဖြင့် Web page တစ်ခုဝင်မိပါက မိမိအကောင့်ကို Crack လုပ်ရန် လွယ်ကူသွားပြီး ဟက်ကာတို့ တိုက်ခိုက်ရန် လွယ်ကူနေကြောင်း သိရသည်။ ထို့ကြောင့် ဂျာမနီတွင် ယခုရက်ပိုင်းအတွင်း ဝဘ်ဆိုဒ်များ၊ အကောင့်များ ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ၊ အစိုးရဝဘ်ဆိုဒ်၊ Server များလည်း အတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် Microsoft မှ မဖြေရှင်းပေးနိုင်သေးသရွေ့ အခြား Browser များသာ အသုံးပြုရန် တိုက်တွန်းထားသည်။

Mozilla Firefox, Google Chrome, Safari အစရှိသဖြင့် အင်တာနက် Browser များက အသုံးအများဆုံး နေရာယူထားသော်လည်း ဂျာမနီအပါ အဝင် ကမ္ဘာတစ်လွှားတွင် Internet Explorer အသုံးပြုသူများ အခိုင်အမာ ရှိနေသေးကြောင်း သိရသည်။
----

No comments:

Post a Comment