Friday, September 28, 2012

ထားဝယ် သရက်သီးစိမ်းသုပ် စပ်စပ်လေးလုပ်နည်း








ထားဝယ် သရက်သီးစိမ်းသုပ် စပ်စပ်လေး
           ထားဝယ် သရက်သီးစိမ်းသုပ် စပ်စပ်လေး အတွက် လိုအပ်တာလေးတွေ...
  1. ဓါးနှင့်ပေါက်ကာ ပါးပါးလှီးထားသော သရက်သီးစိမ်း - ၃ လုံး
  2. ငရုတ်သီးစိမ်းထောင်း - ထမင်းစားဇွန်း ၁ ဇွန်းခွဲ
  3. microwave ထဲ စက္ကန်. ၃၀ ခန်.ထည့်ထားသော စိမ်းစားငပိ - ထမင်းစားဇွန်း ၁ ဇွန်း
  4. ပါးပါးလှီးကာရေဆေးထားသော ကြက်သွန်နီ  အသေး - ၁ လုံး
  5. သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  6. ပုဇွန်ခြောက်မှုန်. - ထမင်းစားဇွန်း ၈ ဇွန်း
  7. ဟင်းချိုမှုန်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  9. သံပုရာရည် - ထမင်းစားဇွန်း ၃ ဇွန်း (သရက်သီး မချဉ်လျှင်ထည့်ရန်)...........
  • အားလုံးကို ဇလုံတစ်လုံးထဲထည့်ကာ ဖွဖွလေးရောနယ်သုပ်လိုက်လျှင် ထားဝယ် သရက်သီးစိမ်းသုပ် စပ်စပ်လေး စားရန်အသင့်ဖြစ်ပါပြီ။

No comments:

Post a Comment